Thursday, June 27, 2019

ရှေးခေတ် ရခိုင် ပြည် (သို့) ရတနာရွှေမြေ


" ရှေးခေတ် ရခိုင် ပြည် (သို့) ရတနာရွှေမြေ "

""""""""""""""""""""""""""""""""""""""""""'"'''

         ၁၆၂၈ခုနှစ်တွင် ပေါ်တူဂီလူမျိုးသြဂတ်စတင်

ဂိုဏ်းဝင် ဘရင်ဂျီ ဘုန်းကြီး ဆီဘတ်စလျှို မန်ရစ်

(Sebastoao Manrique)သည် အသက်လေးဆယ်

အတွင်း သြဂတ်စတင်ဂိုဏ်းခွဲရှိရာ ဘင်္ဂလားပြည်နယ်

(ယခုကလကတ္တားမြို့အနီးရှိ) ဟူးဂလိမြို့သို့ သာသ

နာပြုစေလွှတ်ခံရသည်။ယင်းမြို့မှ ၁၆၂၉ခုနှစ်စက်တင်

ဘာလတွင် ထိုစဉ်က ရခိုင်ပြည်နယ်နိမိတ်အတွင်းရှိ

ဒီယင်းဂါးမြို့ (လက်ရှိဘင်္ဂလားဒေ့ရှ်နယ်မြေ)သို့ပြောင်း

ရွှေ့တာဝန်ထမ်းဆောင်ရသည်။ဒီယင်းဂါးမြို့သည် ထို

အချိန်က ရခိုင်ဘုရင်၏ လက်အောက်ခံဘုရင်ခံချုပ်က

စီရင်အုပ်ချုပ်ရသော အနောက်မြောက်ဘက်နယ်စပ်

မြို့ဖြစ်သည်။ စစ််တကောင်းမြို့(လက်ရှိဘင်္ဂလားဒေ့ရှ်

နယ်)သည်လည်း ရခိုင်ဘုရင်၏ ကိုယ်စားဘုရင်ခံချုပ်

တစ်ပါးရုံးစိုက်ရာမြို့ဖြစ်သည်။

      ထိုစဉ်က ရခိုင်ပြည်ကို သီရိသုဓမ္မရာဇာမင်း အုပ်

ချုပ်၍မြောက်ဦးမြို့တော်တွင်ထီးနန်းစိုက်ထူသည်။မြန်

မာပြည်အင်းဝမြို့တော်၌ အနောက်ဘက်လွန်မင်းထီး

နန်းစိုးစံနေချိန်ဖြစ်သည်။ဘုန်တော်ကြီးမန်ရစ် ရောက်

ရှိလာသော ဒီယင်းဂါးမြို့ကို ရခိုင်ဘုရင်ကပေါ်တူဂီတို့

အား ဆိပ်ကမ်းမြို့အဖြစ် အသုံးချနိုင်ရန် ခေတ္တငှားရမ်း

ထားသောမြို့ဖြစ်သော်လည်း ပေါ်တူဂီတို့မှာအရောင်း

အဝယ်မကောင်းသဖြင့် ပင်လယ်ဓါးပြများဖြစ်ကုန်ကြ

လေသည်။သို့သော် ရခိုင်ဘုရင်ကသူတို့အားမသိကျွံ

ပြုလျှက် အနောက်ဘက်မှ မဂိုအင်ပါယာ(အန္ဒိယရှိ

မွတ်ဆလင်မင်းဆက်)ရန်ကို အကာအကွယ်ရစေဖို့

နှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် လက်သပ်မွေး

ကာ အမှု့တော်ထမ်းရွက်စေသည်။

       ပေါ်တူဂီတို့သည် အန္ဒိယနယ်အနှံ့(မဂိုအင်ပါ

ယာအတွင်း)ဝင်ရောက်ကာ ဒေသခံများကိုဖမ်းဆီး

လျှက် ကျွန်ကုန်ကူးခြင်း လုယက်တိုက်ခိုက်ခြင်းစသော

ဒုစရိူက်မှု့များကိုပင် ရခိုင်ဘုရင်ကအားပေးအားမြှောက်

ပြုထားလေသည်။အဘယ့်ကြောင့်ဆိုသော် အရှေ့ဘက်

သို့တရွေ့ရွေ့နယ်ချဲ့နေသော မဂိုဘုရင်၏အင်အားကို

နေ့စဉ်နှင့်အမျှ စိုးရိမ်နေရသောကြောင့် အတားအဆီး

ဖြစ်စေတော့ဟူသောသဘောဖြင့် ယင်းသို့အားပေး

နေရခြင်းဖြစ်လေသည်။ဒီယင်းဂါးမြို့တွင် မန်းရစ်၏

သာသနာပြုလုပ်ငန်းများဆောင်ရွက်နေစဉ် အနီးဆုံး

မြို့ဖြစ်သော စစ်တကောင်းမြို့ဝန် ရခိုင်ဘုရင်၏ညီ

တစ်ဝမ်းကွဲတော်သူ ကွယ်လွန်သွားရာ ၎င်း၏နေရာ

တွင် အမတ်ကြီးတစ်ဦးအားမြို့ဝန်အဖြစ်ခန့်အပ်ခဲ့၏။

      ထိုမြို့ဝန်သည် ပေါ်တူဂီလူမျိုးများအား များစွာ

မလိုလားမနှစ်သက်ပေ။ထိုမြို့ဝန်က ဒီယင်းဂါးမြို့ရှိ

ပေါ်တူဂီီလူမျိုးးများသည် မဂိုဘုရင်နှင့်အဆက်အဆံ

ပြုလျှက်စစ်တကောင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရန်

ကြံစည်ကြိုးပမ်းနေကြောင်း ရခိုင်ဘုရင်အထင်မှား

စေရန်လိမ်လည်၍ စာရေးတိုင်ကြားသည်။ရခိုင်ဘု

ရင်သီရိသုဓမ္မလည်း ပေါ်တူဂီတွေကိုစုံစမ်းစစ်ဆေး

ခြင်းမပြုပဲ မြို့ဝန်လျှောက်တင််ချက်က်ို ယုံကြည််ကာ

ချက်ချင်းပင် တိိုက်လှေကြီီးငါးရာပါဝင်သောရေတပ်

ကို ဖွဲ့စည်းစေပြီးဒီယင်းဂါးမြို့သို့စစ်ချီရန်အတွက်

ရေတပ်ဗိုလ်ချုပ်ကိုဦးဆောင်စေကာမြောက်ဦးမြို့

တော်မှ ထွက်ခွာလာခဲ့သည်။သို့သော်ပင်လယ်ပြင်

၌ မိုးသက်လေပြင်းများကျရောက်နေသဖြင့် ဦးရစ်

တောင်အကောက်ခွန်စခန်း၌ ရာသီဥတုတည်ငြိမ်

လာသည်အထိ ကျောက်ချစောင့်ဆိုင်းနေကြသည်။

     ယင်းသတင်းကိုမြောက်ဦးရှိ ဘုရင့်အမြောက်

တပ်မှပေါ်တူဂီလူမျိုးများက ဒီယင်းဂါးမြို့ရှိ စစ်ဗိုလ်

တီတာအိုထံံ စာရေးအကြောင်းကြားခဲ့သည်။ယင်း

သတင်းကိုရလျှင်ရချင်း တီတာအိုက ဘုန်းတော်ကြီး

မန်းရစ်နှင့်တွေ့့ဆုံကာ စစ်တကောင်းမြို့ဝန်သစ်

(ဘုရင်ခံ)၏ လိိမ်လည်တင်လျှောက်ချက်များကို

မဟုတ်မှန်ကြောင်း ပေါ်တူဂီစစ်သားများလည်းဘု

ရင့်အမှု့တော်ကိုသစ္စာရှိစွာထိန်းသိမ်းစောင့်ရှောက်

နေကြောင်းကို ရခိုင်ဘုရင်အားကိုယ်တိုင်တွွေ့ဆုံ

လျှောက်တင်ရန်တိုင်ပင်ကာ မန်းရစ်နှင့်တီတာအို

တို့နှစ်ဦးလုံး ရခိုင်ရေတပ်ကြီးချီတက်မလာခင် ကုန်း

လမ်းခရီးမှ အမြန်ဆုံး ရခိုင်သို့သွားရောက်ရန်ပြင်

ဆင်ကြလေသည်။

       ဤသို့ဖြင့်ရခိုင်ဘုရင်အားဆက်သရန်လက်

ဆောင်ပဏ္႑ာများကိုသေတ္တာများဖြင့်ထည့်ပြီးဆင်နှစ်စီး

နှင့်အတူ မန်းရစ်နှင့်တီတာအိုတို့၏ အစေခံများကျွန်

များလမ်းပြများတို့ ရာသီဥတုပြင်းထန်ဆိုးဝါးနေချိန်

၌ပင် တောလမ်းခရီးအတိုင်း ဒီယင်းဂါးမြို့မှ ရခိုင်

ပြည်မြောက်ဦးမြို့အထိ ခက်ခဲပင်ပမ်းစွာအလျင်အ

မြန်ထွက်ခွာလာခဲ့ပါသည်။မိုင်တစ်ရာ့ငါးဆယ်ကျော်

ခန့်ဝေးကွာသောခရီးကို ရခိုင်ဘုရင့်လက်အောက်ခံ

စစ်တကောင်းမြို့ ပဲရုံမြို့(Peroem ပီရွမ်)စသည့်မြို့များ

ကိုဖြတ်ကျော်ကာ မိုးထဲလေထဲတွင်မြစ်ချောင်းများ

တောတောင်လျှိုမြောင်များကိုဖြတ်သန်းကာခရီးနှင်

ခဲ့ရာ ရခိုင်ဘုရင့်ရေတပ်စစ်ပြင်နေသည့် ဦးရစ်တောင်

စခန်းသို့ရောက်ရှိခဲ့လေသည်။

    ရခိုင်ပြည်သည် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်အလွန်

ရှေးကျသောအခါကပင် ထွန်းကားခဲ့လေသည်။ထူး

ခြားမှတ်သားဖွယ်ကောင်းသည့်အချက်မှာ ဂေါတမ

မြတ်စွာဘုရားသခင်သက်တော်ထင်ရှားရှိစဉ်ကပင်

ဘုရားရှင်၏ကိုယ်စားအဖြစ်သွန်းလုပ်တော်မူခဲ့ပြီး

ဘုရားကိုယ်တော်တိုင်အသက်သွင်းပေးခဲ့သော

မဟာမုနိ ရုပ်ပွားတော်ကြိီး(မြန်မာတို့ကမဟာမြတ်

မုနိဟု ခေါ်ကြ၏)တစ်ဆူ တည်ရှိနေခြင်းပင်ဖြစ်သည်။

မဟာမုနိရုပ်ပွားတော်ကြီးမှာ ရခိုင်ပြည်ဓညဝတီနေ

ပြည်တော်ပထမမြို့တည် စန္ဒသူရိယဘုရင်လက်

ထက်တွင် မြတ်စွားဘုရားသခင်ကိုယ်တော်တိုင်

ကြွရောက်မူစဉ် ဘုရားရှင်၏ကိုယ်ပွားတော်အဖြစ်

သွန်းလုပ်ပူဇော်ကာ ဘုရားရှင်ကိုယ်တိုင်အသက်

သွင်းပေးခဲ့ကြောင်းယုံကြည်သည့်အားလျော်စွာ

ဗုဒ္ဓဘာသာဝင်တို့မှီခိုအားထားရာအဖြစ်သာမက

နိုင်ငံကိုလုံခြုံအောင်ကာကွယ်စောင့်ရှောက်ပေး

နေသည့် တိုင်းပြည်၏ အရေးအကြီးဆုံးရတနာ

တစ်ပါးအဖြစ်လည်း ကြည်ညိုစွာယူဆထားကြသည်။

ခရစ်သက္ကရာဇ် ၉၅၇တွင်ရခိုင်ပြည်သို့ မွန်ဂိုလွိုက်အ

နွယ်ဝင်လူမျိုးတစ်မျိုး ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ထိုလူမျိုးများကား အလွန်ရှေးကျသောမြန်မာလူမျိုးများ

ပင်ဖြစ်တော့သည်။အဘယ့်ကြောင့်ဆိုသော် ရခိုင်လူ

မျိုးတို့ယနေ့ပြောဆိုနေသော စကားသည် အလွန်ရှေး

ကျသော မြန်မာစကားအတိုင်းဖြစ်နေသောကြောင့်

တည်း။

       ခရစ်၁၁ရာစုအတွင်းတွင် ထေရဝါဒဗုဒ္ဓဘာသာ

သည်မြန်မာလူမ်ျိုးတိုအနှသ်သက်အယုံကြည်ဆုံးဘာ

သာအဖြစ် ပုဂံပြည်တွင်အကြီးအကျဟ်စည်ပင််ထွန်း

ကားခဲဲ့ရာ ခရစ်နှစ် ၁၀၆၀ ခန့်တွင်ပုဂံမှမြန်မာတို့ရခိုင်

ပြည်အထိိ တိုးချဲ့ပိုင်စိုးခဲ့ဖူးသည်။ပုဂံဘုရင်တို့သည်

မဟာမုနိရုပ်ပွားတော်ကြီးကို ကြည်ညိုလွန်းသဖြင့်

ပင့်ဆောင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မရ

သဖြင့် မဟာမုနိဘုရားကြီးကိုဖူးမျှော်ပြီးပြန်ကြရလေ

သည်။ထိုအချိန်မှ မန်းရစ်တို့ရောက်ရှိချိန်အထိ နှစ်

ပေါင်းခြောက်ရာကျော်ကာလမှာ ရခိုင်ပြည်သည်ထေ

ရဝါဒဗုဒ္ဓဘာသာနိုင်ငံအဖြစ် မြန်မာဘုရင်တို့သြဇာ

အာဏာမှသီးခြားကင်းလွတ်စွာ ကိုယ့်မင်းကိုယ့်ချင်း

တိုင်းပြည်အဖြစ်တည်တံ့လာခဲ့ပေသည်။မြောက်ဦး

နန်းဆက်ကို ၁၄၃၀မှစတင်ခဲ့ပြီး၁၅၃၀ပြည့်နှစ်ရခိုင်

ဘုရင် မင်းဘင်လက်ထက်တွင် ဘင်္ဂလားပင်လယ်

အော်ကမ်းခြေတစ်လျှောက်အခြေတကျတည်ရှိခဲ့သည်။

     ထိုမင်းလက်ထက်မှာပင် ပေါ်တူဂီလူမျိုးတို့သည်

ဘုရင့်ကိုယ်ရံတော်သေနတ်ကိုင်တပ်သားများအဖြစ်

အမှု့ထမ်းခဲ့ကြပြီး နိုင်ငံတော်ကိုလည်းစစ်တကောင်း

မြို့အထိနယ်ပယ်ချဲ့ထွင်နိုင်ခဲ့သည်။သို့ဖြင့်မန်းရစ်တ်ို့

လူစုသည် ဦးရစ်တောင်ရှိ ရေတပ်ဗိုလ်ချုပ်ထံသို့အ

လျင်အမြန်တွေ့ဆုံခွင့်တောင်းကာ မိမိတို့လာရောက်

ခဲ့သောအကြောင်းရင်းကိုပွင့်လင်းစွာပြောပြလေသည်

ထိုအခါရေတပ်ဗိုလ်ချုပ်ကြီးက"ဘုန်းကြီးယခုပြောပြ

တာတွေကိုဘာမှယုံမှားစရာမရှိပါဘူး။ကျွုနု်ပ်ကိုယ်တိုင်

လည်းပေါ်တူဂီတွေသစ္စာဖောက်လိမ့်မယ်လို့နည်း

နည်းမှ သံသယမဖြစ်မိပါဘူး။အမှန်တော့ယခုရေ

တပ်ကိုပင်မုတ်သုန်အင်အားလျော့နည်းချိန်အထိ

စောင့်ဆိုင်းနေတာမဟုတ်ပါဘူးအသင်တို့ပင်ဒီလမ်း

ဒီခရီးကိုအခုလိုလာရောက်နိုင်သေးလျှင် ကျွန်ုပ်တို့

အဖို့ဘယ်လမ်းဘယ်ခရီးဘယ်လိုရာသီကမီတားဆီး

မထားနိုင်ဘူးဆိုတာရိပ်မိမှာပါဝအမှန်တော့ဒီသတင်း

ကို မသင်္ကာလို့ အချက်အလက်အခိုင်အလုံသိနိုင်စေ

ဖို့အချိန်ဆွဲစောင့်ဆိုင်းနေခဲ့တာပါ။အလားတူပင်ဘုန်း

ကြီးကိုရွှေနန်းတော်ကြီးကလည်းလက်ခံတွေ့ဆုံမှာ

မလွဲပါဘူး။ကျွန်ုပ်၏ယောက်ဖတော်ကိုစာရေးသား

ပေးပို့ကာ ခြေမြန်စေလွှတ်ပြီးဘုရင်မင်းမြတ်ထံအ

ဆက်အသွယ်ရအောင်ပြုလုပ်ပေးပါမည်။ဘုရင်မင်း

မြတ်လည်းယခုမြောက်ဦးရွှေမြို့တော်၌မရှိပါမဟာ

မုနိဘုရားကိုအဖူးမြော်သွားနေပါသည်။အဲ့ဒီကိုလိုက်

သွားလျှင်တွေ့နိုင်ပါလိမ့်မည်။သင်တို့နှင့်အတူကျွန်ုပ်

၏ဗိုလ်ကြီးကိုလည်း အကူအညီထည့်လိုက်ပါဦးမည်"

ဟုပြောလေသည်။

     သူတို့လူစုကိုဦးရစ်တောင်အနီး စပါးလယ်ကွင်း

ထဲရှိ ယာယီတဲစခန်းတွင်တည်းခိုစေသည်။ရေတပ်

စခန်းမှာကုလားတန်မြစ်ကမ်းပေါ်၌ရှိပြီး သငေ်္ဘာတပ်

ကြီးမှာ ပင်လယ်ကမ်းခြေ၌ ကျောက်ချထားလေသည်။

ယာယီစခန်းဖြစ်သော်လည်း စစ်တန်းလျားတို့မှာ ဝါး

တိုင် ထန်းလက်မိုး ဝါးထရံကာလျက် သပ်ရပ်သန့်ရှင်း

ကြပြီးအားလုံးအသစ်စက်စက်ဆောက်လုပ်ထားခြင်း

ဖြစ်ပြီး အကြီးဆုံးတဲတွင်ရေတပ်ဗိုလ်ချုပ်နေထိုင်သည်။

ပင်လယ်ကမ်းခြေမှ တောင်တန်းများအထိခြောက်မိုင်

ခန့်ကွာဝေးရာကျယ်ပြန့်သောမြေအပြင်တစ်လျှောက်

လုံးစပါးခင်းများဖြင့်စိမ်းစိုနေလေသည်။ရခိုင်ပြည်သည်

မေယုမြစ် ကုလားတန်မြစ် လည်မျိုမြစ်တို့မှနုန်းအနယ်

အနှစ်များကျ၍ ဖြစ်ပေါ်လာသောမြေနုကျွန်းပေါ်အရပ်

ဖြစ်သောကြောင့် မြေသြဇာထက်သန်ကောင်းမွန်လှ

သည်။မြစ်သုံးစင်းလုံးရခိုင်ရိုးမတောင်တန်းများမှမြစ်

ဖျားခံကာ ဘင်္ဂလာပင်လယ်ထဲသို့ကျောချင်းကပ်စီး

ဝင်ကြသည်။

       သို့ဖြစ်၍ ရခိုင်ပြည်လူဦးရေထက် ထွက်ရှိသော

ဆန်စပါးကများစွာပိုလျှံနေတော့သည်။ထို့ကြောင့်လယ်

ယာစိုက်ပျိုးရေးအလုပ်ကြမ်းလုပ်ကိုင်ရန် ပေါ်တူဂီတို့

က အန္ဒိယမှဖမ်းဆီးရလာသော သုံ့ပန့်များကိုရခိုင်တွင်

ရောင်းချသည်။အန္ဒိယနှင့်နယ်ချင်းစပ်နေသော်လည်း

ကုလားအငွေ့အသက်ကင်းလွတ်သောတိုင်းပြည်တစ်

ခုဖြစ််နေသည််မှာလည်း အံ့သြစရာကောင်းလှသည်။

မွန်ဂ်ိုလီယန်းအမျိုးအနွယ်မှဆင်းသက်လာပြီး ဘာသာ

စကားယဉ်ကျေးမှု့သီးခြားဟန်တည်ရှိသည်။ဤသို့ဖြင့်

နှစ်ရက်ကြာဦးရစ်တောင်စခန်းတွင်တည်းခိုခဲ့ပြီးနောက်

နေ့မနက်စောစောတွင် မန်းရစ်နှင့်အဖွဲ့သည်မဟာမုနိ

ရုပ်ပွားတော်ရှိရာ မြောက်ဦးမြို့အနောက်မြောက်ယွန်း

မိုင်လေးဆယ်ခန့်ကွာဝေးသော သင်္သကရိုက်ဘာသာ

ဖြင့် ဆီရိဂုတ္တ( ပါဠိ-သီရိဂုတ္တ)တောင်သို့ ရေကြောင်း

ဖြင့် ခရီးဆက်ခဲ့လေသည်။

      ရေကြောင်းခရီးတွင် မန်းရစ်နှင့်ကပ္ပတိန်တီဘာအို

၎င်းတို့အစေခံများနှင့်လက်ဆောင်ပဏ္႑ာအပါအဝင်

ဝန်စည်စလယ်အားလုံးကို ရခိုင်ရေတပ်ဗိုလ်ကြပ်မတ်

သောလှေတော်သုံးစင်းဖြင့်် သယ်ယူကာ ကုလားတန်

မြစ်ကိုဆန်တက်ခဲ့ပြီးနောက် သေမာနဒီ(သားရေချောင်း)

ချောင်းငယ်တစ်ခုသို့ကွေ့ဝင်ခဲ့ကြရလေသည်။ချောင်း

ကမ်းပါးနှစ်ဖက်မှသစ်ပင်ကြီးများမှာလွန်စွာမြင့်မားသန်

စွမ်းပေရကားတစ်ဖက်နှင့်တစ်ဖက်ထိယှှက်လုခမန်း

ချောင်းကို အုပ်မိုးထားသောစိမ်းလန်းသောတောအုပ်

ကြီးများတည်ရှိလေသည်။မျောက်များဥဒေါင်းငှက်များ

နှင့် တရွေ့ရွေ့သွားနေသောကြံ့သတ္တဝါကြီးများမှစ

၍ ဘာသာဘာဝပျော်ပါးနေသောကျေးးငှက်တိရိစၧာန်

မျိုးစုံလင်စွာတွေ့ရလေသည်။ဒုတိယနေ့တွင် လူနေ

အိမ်ခြေအသင့်အတင့်ရှိသောရွာငယ်များဟိုတစ်စု

သည်တစ်စုကို စပါးခင်းကြီးများအကြားတွေ့ရ၏။

သူတို့သည် ရွာတစ်ရွာတွင်ခေတ္တစခန်းချပြီးနံနက်စာ

စားသောက်ကြသည်။အစားအစာတို့မှာမမျှော်လင့်နိုင်

လောက်အောင်ဈေးပေါသဖြင့်တအံံ့တသြဖြစ်ကြကုန်

၏။ငွေဒင်္ဂါးတစ်ပြားပေးလျှင် ကြက်အကောင်သုံးဆယ်

ခန့်ရရှိပြီး တစ်ပဲနိပေးလျှင်ကြက်ဥဒါဇင်များစွာရနိုင်ပေ

သည်။

       ထိုနေ့မွန်းတိမ်းတွင် သေမာနဒီ(ရှေးကသရေ

မြစ်ဟုခေါ်၍ယခုအခါသားရေချောင်းဟုတွင်သည်)

မြစ်ကြောင်းအတိုင်းဆန်တက်ရာ မဟာမုနိဘုရား

ကြီးမရောက်မီ သုံးမိုင်ခန့်အလိုလောက်တွင် မြစ်

ကြောင်းကို ဘုရင့်လှေတပ်ကြီးပိတ်ဆို့နေသဖြင့်

ဆက်လက်ဆန်တက်ခြင်းမပြုန်ိုင်သောကြောင့်ရပ်

တန့်လိုက်ရသည်။ယင်းအခြေအနေကြောင့် အတူ

ပါလာသောရေတပ်ဗိုလ်က ဗိုလ်ချုပ်ကြီး၏ယောက်ဖ

ထံသို့အကြောင်းကြားရန်ကုန်းပေါ်တက်သွားလေ

သည်။နောက်နေ့မနက်တွင်ရေတပ်ဗိုလ်နှင့်အတူ

ဗိုလ်ချုပ်ကြီး၏ယောက်ဖအပါအဝင်အရာရှိကြီးများ

လိုက်ပါလာကြကာ မန်းရစ်နှင့်တွေ့ဆုံပြီး "ညကပင်

ဗိုလ်ချုပ်ကြီးရဲ့အစီရင်ခံစာကိုဘုရင်မင်းမြတ်ထံဆက်

သလိုက်ပြီဖြစ်ကြောင်း ဘုရင်ကလည်းစာကိုဖတ်ရှု့

တော်မူပြီး နောက်ထပ်အမိန့်မရမချင်း ရေတပ်ကို

ဒီယင်းဂါးသို့ချီတက်ခြင်းမပြုရန်အမိန့်ထုတ်ပြန်လိုက်

ကြောင်း"ပြောပြလေသည်။ထိုညတွင် ဘုရင့်ကိုယ်

ရံတော်တပ်မှ ဆာမူရိုင်းခေါ်ဂျပန်သူရဲကောင်းတပ်

တစ်တပ်ပါဝင်လေရာထိုတပ်မှ ဂျပန်စစ်ဗိုလ်တစ်

ယောက်ခေါင်းဆောင်သောဂျပန်စစ်သားများက မန်း

ရစ်ထံသို့လာရောက်ဂါရဝပြုကြသည်။

       ယင်းဂျပန်စစ်သားများမှာကက်သလစ်ဘာသာ

 ဝင်ခရစ်ယာန်များဖြစ်၏။ဂျက်ဆူအစ်သာသနာပြုစိန့်

ဖရန်စစ်ဇေဗီးယားသည် ဂျပန်ပြည်၌သာသနာပြုရာ

အလွန်အောင်မြင်ခဲ့သည်။၁၆၁၂ခုနှစ်တွင်ဂျပန်ပြည်

ကိုကြီးစိုးသော ရှိုးဂန်းအိယေယာစု ခေါ် မှုးမတ်များ

က ခရစ်ယာန်သာသနာပြုများကိုမသင်္ကာသဖြင့်အချို့

ကိုဖမ်းဆီးသတ်ဖြတ်ကာ ကျန်အချို့ကိုဂျပန်လူမျိုးခရစ်

ယာန်တိုင်းရင်းသားများနှင့်အတူ တိုင်းပြည်မှနှင်ထုတ်

ခဲ့လေရာ ဂျပန်ခရစ်ယာန်များတွင် သစ္စာရှိခြင်းရဲရင့်

ခြင်းနှင့်သူမတူအောင်စွမ်းသော ဓားသမားဆာမူရိုင်း

များပါဝင်ကြရာယင်းတို့ ရောက်ရှိရာအန္ဒိယအနီးတ

ဝိုက်တိုင်းပြည်ရှင်ဘုရင်တို့ထံဝင်ရောက်အမှု့ထမ်း

ကြ၏။ ယိုးဒယားပြည် ဟံသာဝတီ(ပဲခူး)နှင့်ရခိုင်ဘု

ရင်တို့၏ ကို်ယ်ရံတော်တပ်များတွင် ဂျပန်ဓါးလွတ်ကိုင်

ဆာမူရိုင်သူရဲကောင်းတပ်များ ရှိနေခဲ့ကြသည်။

      ယခုမန်းရစ်ထံလာရောက်တွေ့ဆုံသော ဂျပန်

ကိုယ်ရံတော်တပ်မှာ ရခိုင်ဘုရင်သီရိသုဓမ္မမင်း နှစ်

စဉ်ကြွရောက်မြဲ မဟာမုနိဘုရားဖူးလိုက်ပါလာကြရ

သော ကိုယ်ရံတော်တပ်ဖြစ်၏။၎င်းတို့တွင်ယူနီဖေါင်း

စစ်ဝတ်စုံအပြည့်ဝတ်လျှက် ခါးပတ်ကြိုးတွင်ဓါးရှည်နှစ်

လက်ချိတ်ကာ သူတို့၏တ်ိုက်လှေကို မန်းရစ်တို့လှေ

နှင့် ယှဉ်ဆိုက်ကပ်ပြီး အမြှောက်သေနတ်များပစ်

ဖောက်၍ အလေးပြုကြသည်။ထို့နောက်ဂျပန်စစ်ဗိုလ်

သည် မန်းရစ်တို့လှေပေါ်သို့တက်၍ ဘုန်းကြီးမန်းရစ်

ရှေ့တွင်ဒူးထောက်လျှက်မိမိအမည်မှာ လီယွန်ဒိုနို

ခေါ်ကြောင်း လီယွန်မှာခရစ်ယာန်အမည်ဖြစ်ပြီး ဒွန်န်ို

မှာလူကြီးလူကောင်းဟုအဓိပ္ပါယ်ရသောဂျပန်အမည်

ဖြစ်ကြောင်း သူတို့အမှု့ထမ်းကာလ ၇နှစ်တာအတွင်း

မည်သည့်ခရစ်ယာန်ဘုန်းကြီးမှ မရောက်လာခဲ့ဖူး

ကြောင်းသူတို့ဝတ်ပြုရန်ဘုရားရှိခိုးကျောင်းလည်း

မရှိကြောင်း ဘုရင်မင်းမြတ်ထံအတန်တန်လျှောက်ထား

ခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ယခုဘုန်းတော်

ကြီးမန်းရစ်ရောက်ရှိလာသဖြင့် အထူးကြည်ညိုကာ

ဝမ်းမြောက်မိကြောင်း ဖြစ်နိုင်လျှင်ဘုရင်မင်းမြတ်နှင့်

တွေ့ဆုံသောအခါ ဘုရားရှိခိုးကျောင်းဆောပ်လုပ်ခွင့်

တောင်းဆိုပေးပါရန်အကြောင်းတို့ကိုပြောကြားလေ

သည်။

        ဤသို့ဘုန်းတော်ကြီးမန်းရစ်နှင့်ဂျပန်စစ်ဗိုလ်တို့

တွေ့ဆုံနေစဉ် အစေခံအချို့ပြေးလာပြီး အိမ်တော်ဝန်

မင်းကြွလာကြောင်း ပြောကြားလေသည်။အမှန်ပင်

ဝန်မင်းသည် အခမ်းအနားဖြင့်ကြွလာသည်ကိုလူတိုင်း

အာရုံစိုက်နေကြလေ၏။ကြီးမားထွားကျိုင်းသောဆင်

ကြီးတစ်ကောင်ပေါ်ရှိ ရွှေချထားသောဖောင်းကား

ထဲတွင်ထိုင်လျှက် အနီးတွင်ရေတပ်ဗိုလ်ချုပ်၏ယောက်

လည်းကပ်လျက်ပါလာသည်။ထိုဆင်ကြီးကိုအစောင့်

တပ်သားလေးဆယ်ခန့် ဝန်းရံလိုက်ပါကြပြီး နောက်

တွင် ဆေးတံကိုင်သူ ကွမ်းအစ်ပိုက်သူ ဆေးလိပ်ညှိ

ရန် ရဲရဲနီသောမီးသွေးအိုးသယ်သူ အဖျော်ယမကာ

ကရားရွက်သူ ရေအင်တုံရွက်သူ လုလင်ခြောက်ဦး

နှင့် လူပျိုတော်သားအချို့ လိုက်ပါလာကြ၏။

     ဆင်ပေါ်မှ အိမ်တော်ဝန်ဆင်းသက်တော်မူ၍

လှေပေါ်သို့ကြွရောက်လာပြီး လှေဦးဖုံပေါ်သို့ဝင်

ထိုင်၍ "အကျွန်ုပ်တို့ ဘဝရှင်မင်းတရားကြီးက အ

ကျွန်ုပ်ကို သင်တို့အားကြိုဆိုရန်စေလွှတ်လိုက်ပါတယ်"

ဟုပြောကြားသည်။မန်ရစ်ကလည်းအရိုအသေပြု

လျှက် "ရွှေနန်းရှင်၏ မဟာဂရုဏာတရားကြီးမား

တော်မူလှပါတယ်"ဟုပြန်လည်ပြောဆိုသည်။နေပူ

ပြင်းလှသဖြင့် ဆင်တော်ကိုပြန်လွှတ်ကာ ရေကြောင်း

မှသွားရန် အိမ်တော်ဝန်ကပြောကြားသည်။မကြာမီ

လူနှစ်ဆယ့်လေးယောက်လှော်ခတ်ရသောအလွန်

လှပသည့်လှေတော်တစ်စင်း ယှဉ်၍ကပ်လာလေ

သည်။လှေဦးတွင် ပန်းခက်ပန်းရွက်များနှင့် ကခုန်

နေသောလူရုပ်ပုံများထွင်းထုထားပေသည်။လှေ

တော်သားများအလယ်တွင်ထိုင်ကြ၏။လှေပဲ့ပိုင်းမှာ

အစိမ်းနှင့်ရွှေရောင်ဆေးများသုတ်ထားသော အမိုး

တွင် နေကာအဖီများထုတ်ထား၍ ပြတင်းပေါက်တို့

ကို ကြက်သွေးနှင့်အဝါရောင်ခန်းဆီးများချိတ်ဆွဲထား

လေသည်။အိမ်တော်ဝန်နှင့်ဆွေးနွေးနေစဉ်ဂျပန်ဆာ

မူရိုင်းစစ်ဗိုလ်မှာကမ်းပါးတွင်ရိုသေစွာရပ်စောင့်နေ

ရှာသည်ကို မန်းရစ်တို့ ဝန်မင်းလှေတော်ပေါ်ကူး

ပြောင်းတက်ရောက်နေစဉ်မြင်လိုက်သဖြင့် အတူ

ခေါ်သွားရန်သင့်မည်ဟုတွေးကာ ဗိုလ်ချုပ်၏ယောက်

ဖအားကန့်ကွက်ရန်ရှိ မရှိမေးမြန်းသည် ဂျပန်စစ်ဗိုလ်

မှာ ရာထူးအဆင့်အတန်းနိမ့်ကျသဖြင့် သဘောမတူ

ချေ။သို့သော် အိမ်တော်ဝန်က ကြားသောအခါ လိုက််

ပါခွင့်ပြုသဖြင့် အစေခံတစ်ယောက်အားအခေါ်လွှတ်

လိုက်သည်။

        ဂျပန်ဗိုလ်လည်းလှေပေါ်သို့တက်လာပြီး ဘုရင့်

ထံဝင်ရောက်ခွင့်ကြုံသဖြင့် ဝမ်းမြောက်ကျေးဇူးတင်

ကာ ဝန်မင်းအား လက်နှစ်ဖက်ယှက်ကာဦးတင်အ

လေးပြုလိုက်လေသည်။သူတို့သည် ဤနည်းအားဖြင့်

သုံးမိုင်ခန့် ကွာဝေးသောခရီးကို မြစ်ကမ်းနှစ်ဘက်တွင်

ဆိုက်ကပ်ထားသော လှေတပ်ကြီးနှင့် ယာယီတဲနန်း

များနှင့် ဖောင်တော်များအကြားဆန်တက်ခဲ့လေသည်။

ယင်းသို့ လှော်ခတ်သွားရသည်မှာ အီတလီနိုင်ငံဗင်း

နစ်မြို့၏တူးမြောင်းများတွင် နှစ်စဉ်ကျင်းပသည့်ဂါလာ

ပွဲတော်နေ့တွင် သွားကြရသည်နှင့်တူလှပေသည်။

နောက်ဆုံးတွင်သူတို့သည် လူအများအပြားစောင့်

ကြည့်နေသော ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့ကြပြီးနောက်

ဝန်မင်း၏ အစောင့်တပ်သားများက လူအုပ်ကြီးကို

ဖယ်ရှား၍ သွားလမ်းရှင်းပေးသည့်အတိုင်း ကုန်းပေါ်

သို့တက်ခဲ့ကြသည်။

       ဆိပ်ကမ်းပြင်ဘက်တွင် ဆင်တော်ဝေါတော်များ

အသင့်စောင့်ဆိုင်းနေကြသည်။သူတို့ကို အိမ်တော်ဝန်

က သူ၏နေအိမ်သို့ခေါ်ဆောင်သွားပြီးနေ့လယ်စာ

ကျွေးမွေးဧည့်ခံ၏ ဟင်းခွက်ပေါင်းတစ်ရာခန့်တွင်

စားနေကျအသားဟင်းလျာများအပြင် မြွေသားကင်

ကြွက်သားကြော်စသည့်ထူးဆန်းထွေပြားသောဟင်း

လျာများလည်းပါရှိသည်။ထို့နောက် မြို့ဝန်က ထိုနေ့

တွင် ဘုရင်မင်းမြတ်ဥပုသ်ဆောင်ဝင်နေသဖြင့်တွေ့

ခွင့်မရသေးကြောင်းပြော၏ လဆန်းရက်တွင်တွေ့ဆုံ

ခွင့်ပေးမည်ဖြစ်ကြောင်းပြောပြပြီး သူတို့တည်းခိုရန်

စီမံထားသောသံတဲသို့ခေါ်ဆောင်ခဲ့လေသည်။ထို

နေ့ကား ၁၆၃၀ ပြည့်နှစ်ဇူလိုင်လ ၂၆ရက်နေ့ဖြစ်လေ

သည်။

     

စာကိုး။ Maurice Collis ရေး The land of

              the great image အား ဦးလှဒင်

              မြန်မာပြန်ဆိုသော"ရတနာရွှေမြေ"

              စာအုပ်မှ ထုတ်နှုတ်ဖော်ပြပြီး သမိုင်း

              ဆိုင်ရာအချက်အလက်အချို့ကို ဦးကု

              လား၏ မဟာရာဇဝင်ကြီး(တတိယတွဲ)

              မှ ရယူပါသည်။
#credit post writer 

Monday, June 24, 2019

ရခိုင်နန်းတော်ဖွဲ့ပိုဒ်စုံရတု

ရခိုင်နန်းတော်ဖွဲ့ပိုဒ်စုံရတု




ရခိုင်ဘုရင်မင်းရာဇာကြီးသည်

၉၆၀ပြည့်တန်ဆောင်မုန်း လဆန်း ၁၁ရက် (၂၅ အောက်တို ဘာလ ၁၅၉၀)တွင် ဟံသာ၀တီ ပဲခူး ကိုချီတက်သိမ်းပိုက်ပြီး

သက္ကရာဇ်၉၆၁ ခု(AD1599)တွင်

ယိုးဒယားမင်း၊ တောင်ငူမင်း ဆက်သသောလက်ဆောင်များ၊ ဟံသာ၀တီမင်းသမီးတော် ခင်မနှောင်း၊ ဆင်ဖြူတော်တစ်စီးကိုယူဆောင်လျက် ပြန်လာသည်။ ဟံသာ၀တီမင်းသမီးတော် ခင်မနှောင်းက ရခိုင်နန်းတော်ကို မြင်ရသောအခါ အံ့သြ၍ ရေးစပ်ခဲ့သော နန်းတော်ဖွဲ့ပိုဒ်စုံရတုဖြစ်သည်။

(၁) တက်ထွန်းလတ်နေ၊ လက်ယာခွေ၍၊ ဥဒေတောင်ထွတ်၊ သောင်းကျွန်းပတ်၍၊ တွန်းတတ်သောင်းသောင်း၊ မောင်းလည်း ပြန်ခေါက်၊ သောက်ခြည်ရောက်က၊ထွန်း တောက်ပြောင်သူ၊ နေနှစ်ဆူလျှင်၊ ထွက်ပြူသည်လော၊ တွေးထင်မောစွ၊ ပေါပေါတောင်ညို၊ လယ်ထိပ်ပိုထက်၊ ပဟိုရ်ရွှေနန်း၊ ခေါင်စွန်းငါးဆင့်၊ ခြငေ်္သ့သင့်လျက်၊ ယပ်နှင့်စမြင်၊ မိုးပြင်ကြွားကြွား၊ သိကြားလျှပ်စွဲ၊ ပျံ၀ဲဘနန်း၊ မကရ်းကွက်စုံ၊ ပွင့်ငုံချပ်ကြာ၊ ကိန္နရာသွင်၊ ထောင့်တွင်ယွင်းမို့၊ ရို့ရို့ရွားရွား၊ စောင့်နတ်သားနှင့်၊ ယပ်မာဆင့်တန်း၊ ဒေါင်းလျှပ်ပန်းရုံ၊ ပဒုံကြာလျောက်၊ ကြက်မောက်ကြက်တိုက်၊ ထီးစိုက်ထောင်တန်၊ ရွှေဒေါင်းတွန်သို့၊ လှံချွန်မှန်ဖူး၊ လင်းရောင်မြူးသည်၊ စည်ရှူးထွန်းချက်ဟန်တကား။

(၂) စက်၀န်းပတ်ခွေ၊ ကျွန်းလုံးမွှေမျှ၊ ဥဒေခေါ်မှန်း၊ ဗွေယွန်းများမြောင်၊ ကုဋေထောင်ထိ၊ မြင့်တောင်ထိပ်မှာ၊ ေ၀ယန္တာနှင့်၊ ပမာတမျှတူမောလှရှင့်၊ ပါဒနက်သန်၊ဗိတာန်ညောင်ရွက်၊ ကွမ်းချက်တောင်တဲ အောင်ဆွဲလူလူ၊ ချူလည်းသွင်သွင်၊ ကြယ်လပြင်တိ၊ ပျံ၀င်ကိုးပါး၊ မျက်စုံနားလျက်၊ ချူးသားပြောက်နွယ်၊ ဆန်းကြယ်ပေါ်ထုတ်၊ဖွေနုတ် ညွတ်ညောင်း၊ စုံပေါင်းများဖျင်၊ လည်တင်ရင်ဘက်၊ စိန်ရွက်ငုံချွန်း၊ ပန်းလည်း

ချိန်သင့်၊ ဆိုင်၍ပွင့်သို့၊ ၀တ်ရင့်ချိုပျား၊ ယူစားကျေးငှက်၊ တောင်ယှက်စာပြန်၊ ခွံ့၀ယ်ဟန်လည်း၊ သဏ္ဌာန်မခြား၊ ထွေထွေများကို၊ သိကြားဘုံမှာ သာကြပါလိမ့်၊ ဘယ်မှာခွဲခြမ်း၊ ရေနိုင်စွမ်းချိမ့်၊ မှောင်ထွန်းညဥ့်တွင်း၊ မီးသို့၀င်းသည်၊ လျှံလင်းမချွတ်ဟန်တကား။

(၃) ဘက်ကျွန်းလွတ်ထွေ၊ ဇမ္ဗူမြေ၌၊ မင်းနေဘုံသာ၊ လောကနာ၏၊ ရတနာစုံ၊ရောင်ဟုံလျှံမြေ့၊ ကွေ့ကွေ့လက်လိမ်၊ မွမ်းထိမ်လက်တန်၊ ငုံဟန်စံကား၊ ဆတ်သွားရိုးစိုင်၊ မြင့်ဆိုင်ပလ္လင်၊ ဥက္ကင်္သလုံး၊ ကုံးသို့အဟန်၊ မျက်ပျံချယ်ပြီး၊ စံထီးရောင်ရွှန်း၊ ကြငှန်း ဥရူ၊ နှစ်ဆူပြိုင်တောက်၊ ထီးဖြူအောက်၀ယ်၊ ပြိုးပြောက်ပျံ့ထွား၊ ေ၀ပူဖျား၀ယ်၊

အုန်းတားလက်တင်၊ မျက်ရှင်မြနှစ်၊ နားရစ်ခြည်သန်း၊ ခါးပန်းသွယ်မျောင်၊ စိန် ကြောင်မျက်မြတ်၊ န၀ရတ်တိ၊ ရုပ်ဓာတ်ဆင့်ပွား၊ မိုးသားပဇ္ဇုန်၊ စမြုံကြာပြန်၊ ရွှေသလွန်ထက်၊မိုးစွန်တိမ်သွင်၊ ဇာဘုရင်ကို၊ ပုံပြင်လွှမ်းထား၊ အုန်းသားရွှေပြောက်၊ ဓနုဖောက်လျက်၊ရိုက်ခေါက် သံတောင်း၊ အနီမောင်းသည်၊ ညောင်စောင်းနတ်စက်ဟန်တကား။ (ဆရာကျော်မောင်ကို ကျေးဇူးတင်ပါသည်။ ) မြောက်ဦးကမ်ဘာ့အမွေအနှစ်စာ ရင်းဝင်ရန် ဆောင်ရွက်ရာတွင် အထောက်အကူပြုပါသည်။



ဗိုလ်မှူးစံသာကျော် (၁၂-၁၂-၁၉၂၃ - ၁-၁၁-၂၀၀၇)



ဗိုလ်မှူးစံသာကျော်(၁၂-၁၂-၁၉၂၃ - ၁-၁၁-၂၀၀၇)
တော်လှန်ရေးသမား ဗိုလ်မှူးစံသာကျော်ကို စစ်တွေခရိုင်၊ ကျောက်တော်မြို့တွင် အဘ - ဦးကျော်ဇံ (ကုန် သည်)၊ အမိ - ဒေါ်ဒါဒါ တို့မှ ၁၂၈၅ ခု ပြာသိုလဆန်း (၆)ရက် (၁၂-၁၂-၁၉၂၃)နေ့ ကျောက်တော်မြို့ ၌ မွေးဖွားခဲ့သည်။
ကျောက်တော်မြို့ အမျိုးသားဓမ္မာရုံ အလယ်တန်းကျောင်းမှ (၇)တန်းအောင်မြင်၍ ရန်ကုန်မြို့ ကူရှင် အထက် တန်းကျောင်းတွင်ပညာဆက်လက်သင်ကြားရာ(၁၉၄၁)ခုနှစ်တွင်(၁၀)တန်းကို အောင်မြင်ခဲ့သည်။ ကျောင်း သား ဘ၀တွင် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ အိန္ဒိယပြည်၊ ကာလက္ကတားမြို့၊ ဗီဒီယာဆာ အမျိုးသားကောလိပ်တွင် ဥပဇာတန်း ပဌမနှစ် ပညာသင်ကြားနေချိန်တွင် ဒုတိယကမ္ဘာ စစ် ဖြစ်ပွား၍ မြန် မာနိုင်ငံသို့ ဂျပန်တပ်များ ၀င်လာချိန် (၁၉၄၂)ခုနှစ်၊ ဇန်န၀ါရီလကုန်တွင် အိန္ဒိယမှ မိမိနေရပ်၊ ရခိုင်ပြည်သို့ စစ်တကောင်းမောင်းတောမှ တဆင့် ပြန်ခဲ့သည်။ မိမိနေရပ်ရောက်ပြီးနောက် ဦးသာဇံလှ၊ ဦးအောင်ထွန်းဦး တို့ ခေါင်းဆောင်သော ရခိုင်လုံးဆိုင်ရာအသင်းမှ ဗြိတိသျှနယ်ချဲ့အစိုးရ အား တော်လှန်ရန် စီစဉ်နေကြ သည်ကို တွေ့ရ၍ ၎င်းအသင်းတွင်ပါဝင်ပြီး ခေါင်းဆောင်များပေးသော တာဝန်ကို လူငယ်တစ်ယောက် အနေဖြင့် ကိုယ်ဖိရင်ဖိ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်း ကျောက်တော် မြို့စောင့် လူငယ်များကို စည်းရုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ကို ဦးဆောင်ခဲ့သည်။ စစ်တွေခရိုင်သို့ ၁၉၄၂ ခု၊ ဧပြီလတွင် ဗမာ့လွတ်လပ်ရေး တပ်မတော် ရောက်လာပြီးနောက် ဘီအိုင်အေသို့ဝင်ရန် စာရင်းပေးရာ တပ်မှူးဗိုလ်ရန်အောင်၊ တိုင်းအုပ် ချုပ်ရေးတာဝန်ခံ ဦးမြတို့ တာဝန်ပေးချက်ရ ကျောက်တော်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွင် အတွင်းရေး မှူးတာဝန် ထမ်းဆောင်ခဲ့ရသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖျက်သိမ်း ပြီးနောက် (၁၉၄၃)ခုနှစ်တွင် ပလက်ဝ နယ်ခြားခရိုင် ဗိုလ်ကြီးကြာလှအောင် ဦးစီးသော ရခိုင်ကာကွယ်ရေး တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ဗိုလ်မှူးရန်အောင် တာဝန်ပေးချက်အရ ကျောက်တော်မြို့နယ် (P.A.C)တွင် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ရပြီး ဗိုလ်မှူးရန်အောင် ရန်ကုန်သို့ တပ်ပြန်သွားသည့်အခါ ဗိုလ်ကြီးကြာလှအောင် ဦးစီးသော တပ်တွင် ကျောက်တော်မြို့နယ်၊ ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၄ ခုနှစ်တွင် ရခိုင်တိုင်း (A.F.O)ခေါင်းဆောင်များ တာဝန်ပေးချက်အရ အိန္ဒိယပြည်နယ်သို့ ဖက်ဆစ် ဆန့်ကျင်ရေးအတွက် မဟာမိတ်များနှင့် စီစဉ်နေသော သခင်သိန်းဖေ၊ ဦးညိုထွန်း၊ သခင်တင်ရွှေတို့ထံ ကုန်းလမ်းမှတဆင့် ၁၉၄၄-ခု ဇွန်လနှင့် စက်တင်ဘာလတွင် (၂)ကြိမ် သွားခဲ့ပြီး ဖက်ဆစ်တော်လှန်ရေး တာဝန် ထမ်းဆောင်၇န်၊ ကျောက်တော်နယ်သို့ ၁၉၄၄ ခု ဒီဇင်ဘာလတွင် လေထီးနှင့် ခုန်ဆင်းခဲ့ပြီး ဗိုလ်ကြာလှအောင် ဦးဆောင်သော တပ်နှင့်ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ရခိုင်ဘက်တွင် ဂျပန်တပ် များ ဆုတ်ခွာပြီးနောက် တာဝန်ပေးချက်အရ ဖေဖော်ဝါရီလတွင် အိန္ဒိယသို့ ဗိုလ်သာကျော်၊ ဗိုလ်အောင် ကလေး၊ ဗိုလ်သာထွန်းအောင်တို့နှင့်အတူ ပြန်လာပြီး ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဗမာပြည်၊ ပဲခူး ခရိုင်၊ ရွှေလောင်းကျေးရွာအနီး လေထီးဖြင့် ဗိုလ်သာထွန်းအောင်နှင့်အတူ ခုန်ဆင်းခဲ့သည်။ ရန်ကုန်သို့ ဆက်သားအဖြစ် ဗမာတော်လှန်ရေးခေါင်းဆောင်များထံ သခင်သိန်းဖေနှင့် မဟာမိတ် ဗြိတိသျှတပ်မှ ပေး လိုက်သော စာ(၂)စောင်နှင့် ဆက်သွယ်ရေးပစ္စည်းများကို လာပို့သည်။ ရန်ကုန်မှ မတ်လ ဒုတိယပတ်တွင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အနောက်ဘက်သို့ တောင်ငူရဲခေါင်ပြောက်ကျားအား လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်နည်း၊ မိုင်းဗုံးဖေါက်ခွဲနည်းများ သင်ပေးပြီး ဖြူးကားလမ်းတစ်လျှောက် ဖက်ဆစ်ဂျပန်များ အား ရဲခေါင်ပြောက်ကျားများနှင့် တိုက်ခိုက်ရာတွင် တာဝန်ယူခဲ့သည်။ ဂျပန်များ ၎င်းနယ်မြေမှ ဆုတ်ခွာ ပြီးနောက် ဧပြီလတွင် အိန္ဒိယနိုင်ငံရောက် သခင်သိန်းဖေထံ လေယာဉ်ဖြင့် ပြန်သွားခဲ့သည်။ ဇွန်လကုန် တွင် ရန်ကုန်သို့ သင်္ဘောဖြင့် ဗိုလ်သာထွန်းအောင်နှင့်အတူ ပြန်လာပြီး ရခိုင်ခေါင်းဆောင် ဦးညိုထွန်းအား သတင်းပို့ပြီး သြဂုတ်လတွင် အိမ်ပြန်ခွင့်တောင်းပြီး မိမိနေရပ်သို့ ပြန်လာခဲ့ပါသည်။
တော်လှန်ရေးပြီးဆုံးပြီးနောက်ပိုင်း မိမိနေရပ်ဒေသပြန်ပြီး တစ်နှစ် အနားယူသည်။ ၁၉၄၇ ခုနှစ်တွင် ပြည် သူ့ရဲဘော်တပ်ဖွဲ့ ကျောက်တော်မြို့နယ်၊ မြို့တော်ကော်မတီတာဝန်ယူပြီး ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းသော (ဗ-သ-န-တ) တပ်ရင်း (၄)တွင် ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ (ဗ-သ-န-တ) တပ်ရင်း(၄)ကို ၁၉၄၈ ခုနှစ်တွင် ပြန်ထောင်စု စစ်ရဲတပ်ရင်း (၂၀)အဖြစ် ထပ်မံဖွဲ့စည်းသည့်အခါ တပ်ရင်းမှူး တာဝန်ဖြင့် ရခိုင်တိုင်းတွင် တာဝန်ယူဆောင်ရွက်နေစဉ် ၁၉၄၉ ခုနှစ် ဇွန်လတွင် အစိုးရအား လက်နက် ကိုင် တော်လှန်ပြီး တောခိုခဲ့သည်။ ပြည်သူ့ရဲဘော်ပါတီ၏ ဦးဆောင်မှုကို ခံယူပြီး နိုင်ငံရေး၊ စစ်ရေးအရ (ဖ-ဆ-ပ-လ) အစိုးရအား တိုက်ခဲ့သည်။
ပြည်သူ့ရဲဘော်ပါတီတွင် ရခိုင်တိုင်းကော်မတီ စစ်ဆင်ရေး တာဝန်ခံအဖြစ်လည်းကောင်း၊ (၁၉၅၁)ခုနှစ်တွင် ဗဟိုကော်မတီတာဝန်ဖြင့် လည်းကောင်း ထမ်းဆောင်ခဲ့ရာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို မယုံ ကြည်တော့သဖြင့် (၁၉၅၈)ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လက်နက်ချ၍ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်ခဲ့သည်။
လက်နက်ချပြီးနောက် မည်သည့်နိုင်ငံရေးပါတီတွင်မှ မလုပ်တော့ဘဲ မိမိဝမ်းရေးအတွက် စီးပွားရေးလုပ်ငန်း ကို လုပ်ကိုင်နေခဲ့သည်။ ၁၉၆၈ ခုနှစ်ကစပြီး စက်မှုဝန်ကြီးဌာန၊ အထည်အလိပ်လုပ်ငန်းအဖွဲ့ လက်အောက် တွင် အမှုထမ်းခဲ့သည်။ ၁၉၇၅ ခုနှစ်တါင် မော်ကွန်းဝင် (ပဌမ)ဆင့်နှင့် ၁၉၈၀ ခုနှစ်တွင် နိုင်ငံဂုဏ်ရည် (ပဌမ)ဆင့်ကို နိုင်ငံတော်မှ ချီးမြှောက်ခြင်း ခံရသည်။
(၁၉၈၄) ခုနှစ်တွင် အသက်(၆၀)ပြည့်၍ အငြိမ်းစားယူခဲ့သည်။ (၁၉၈၈-သြဂုတ်လတွင် အောင်ဆန်းစုကြည် အပါအ၀င် ကျောင်းသားများနှင့် အစိုးရအကြားတွင် ညီညွတ်မှုရအောင်၊ မြန်မာနိုင်ငံအမျိုးသား စုစည်းညီ ညွတ်စေရန် (မဆလ) နိုင်ငံတော် ကောင်စီ အတွင်းရေးမှူးထံ ပေးစာကို ပေးပြီး ထောက်ခံ ကူညီဆောင် ရွက်ရန် ဆန္ဒပြုခဲ့၍ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရမည့် အလုပ်ဆိုလျှင် ဆောင်ရွက်ကူညီမည်ပြောပြီး သခင်တင်မြ၊ ဦးသာထွန်း၊ ဦးလှတင်၊ ဦးစိုးမောင်တို့နှင့်အတူ လုပ်ကိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားနိုင်ငံရေးပါတီ အင်အားစုများနှင့် ပူးပေါင်းပြီး (NLD)အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ကို ထူထောင်လိုက်သည်။ ပါတီနိုင်ငံရေးမလုပ်လို၍ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစု ကြည် အားပြောပြီး ဆက်မလုပ်တော့ပါ။ (၁၉၉၆)ခုနှစ်တွင် ဗိုလ်မှူးအောင်ခေါင်းဆောင်ပြီး အစိုး ရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော် စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရရှိရေးတို့အ တွက် ပူးပေါင်းဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
၁၉၄၆ ခုနှစ်တွင် "ဦးအောင်ဇံဝေ"*** ၏သမီး ဒေါ်စောသာနုနှင့် ဖူးစာရေစက်ဆုံခဲ့သည်။ သားသမီးများမှာ သမီးကြီး ဒေါက်တာဒေါ်မြဝေ (ညွှန်ကြားရေးမှူး၊ ဆေးပညာဦးစီးဌာန)၊ ဦးခင်မောင်ကျော် (ရေကြောင်းအင် ဂျင်နီယာ)၊ ဦးစံလင်း (ဒု ရေကြောင်းအရရှိ) တို့ ဖြစ်ကြသည်။
ဒေါ်စောသာနုကွယ်လွန်၍ ဒေါ်ကျင်ငွေနှင့် နောက်အိမ်ထောင်ပြုသည့်အခါ သမီး ဒေါ်မြမြအေး (ဒုကြီး ကြပ်ရေးမှူး၊ ကွန်ပျူတာဌာန) ကို မွေးဖွားခဲ့သည်။ စက်မှု(၁) စက်မှုထည်ကော်ပိုရေးရှင်းတွင် (၁၉၆၈) ခုနှစ် မှစပြီး စက်ရုံမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၄-ခု ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် လ/ထ ညွှန်ကြားရေးမှူးဖြင့် အငြိမ်းစားယူခဲ့ပါသည်။ အသက်(၈၄)နှစ်၊ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ အမှတ်(၆၉၄)၊ အောင် ဆန်းမြို့၊ အင်းစိန်လမ်းမကြီး၊ စက်မှုလက်မှု သိပ္ပံကျောင်းရှေ့နေအိမ်တွင် ကွယ်လွန်ခဲ့သည်။
"ဦးအောင်ဇံဝေ"*** ===> ဦးအောင်ဇံဝေ (ကျောက်တော်)-ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရစဉ် အသက်မသေဘဲ လွတ်မြောက်လာခဲ့သူ (၄)ဦးအနက်မှ တစ်ဦးဖြစ်သည်။)
***ဤမှတ်တမ်းစာစုသည် စာရေးသူ ရေးသားသော မှတ်စုမှတ်ရာများမဟုတ်ဘဲ ဦးစံသာကျော် ကိုယ်တိုင် မကွယ်လွန်မီက ရေးသားထားခဲ့သော ၁၉၄၂ မှ ၄၅ ခုနှစ်အထိ လွတ်လပ်ရေးတိုက်ပွဲဝင် ကာလ မှတ် တမ်းဖြစ်ပါသည်။ စာရေးသူက တည်းဖြတ်၍ ကောက်နှုတ်ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ ဓါတ်ပုံများနှင့် ကိုယ်ရေးမှတ်တမ်းများကို ဇနီးဒေါ်ကျင်ငွေ၊ သမီး ဒေါ်မြမြအေးတို့ထံမှ ကျေးဇူးပြုပါသည်။ (စာရေးသူ)

နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂) - အေးသိန်း စာအုပ်မှ -

မဟာဝိဟိံက ရခိုင်ရာဇဝင် လင်္ကာ



နမောတဿ ဘဂ၀တော အာရဟတော သမ္မာသမ္ဗုဒ္ဓဿတိ။



(၁) ဇေယျံအောင်ထွန်း၊ ဤတောင်ကျွန်း၌၊ ဦးစွန်းလုထွတ်၊ သုံးလုနတ်လျှင်၊ ကိုးရပ်န၀ဂုဏ်၊ ထက်အောက်ခြုံ၍၊ ဆန်တုံတက်လှစ်၊ ဇာတိခေတ်ဟု၊ စင်စစ်တည်လျှောင်း၊ တိုက်တသောင်းကို၊ လင်းကြောင်းထွန်းလျှံ၊ ညာဏ်တော်သန်သား၊ ဆရံသိတော်၊ ခြောက်ရောင်ကျော်သည်၊ သျှင်တော်လုဆွေ၊ သမ္ဗုဒေ္ဓကို၊ ဖြိုးေ၀ပန်ဆင်၊ ဦးထိပ်တင်လျှက်၊ သုံးခွင်လုဘ၊ မုနိန္ဒ၏၊ ဟောထဓမ္မက္ခန်၊ တရားမှန်ကို၊ မကျန်လုံးချုံ၊ ပူဇော်ကုမ်၍၊ ကြည်ယုံစေတနာ၊ ပြုကုမ်ပါ၏။ မဂ္ဂဖလ၊ သင်္ဃာစသည့်၊ ပွားပြည့်များစွာ၊ အရိယာသာဝါ၊ ရဟန္တာကို၊ သဂါရေ၀၊ ၀န္ဒိတေဖြင့်၊ ကြီးထွေဂရုဏ၊ မိနှင့်ဘကို၊ ထပ်ကာပန်ထွာ၊ ရှိခိုးပါ၏။ ငယ်ခါသင်ထ၊ ဆရာစသား၊ များလှပဏ္႑ိ၊ ပညာဟိအား၊ ဦးရှိကြည်နူး၊ ပူဇော်ကျူးမှ၊ ပေါ်ဦးကျွန်းချာ၊ ဤကမ်ဘာထက်၊ ရက္ခပူရ၊ မည်နာမဖြင့်၊ ဓည၀တီ၊ လေးဌာနီနှင့်၊ ဤရခိုင်ပြည်၊ တိုင်းရပ်စည်၌၊ ဖြစ်သည်ထင်ရှား၊ မင်းအများအား၊ မှတ်သားစီချင်၊ ရာဇ၀င်ကို၊ ဆင်သွယ်နိဒါန်း၊ လင်္ကာညွှန်းအံ့၊ ရဟန်းပုဏ္ဏား၊ မျိုးလေးပါးရို့၊ သင်ကြားစိမ့်ငှာ၊ ထုတ်ဆိုမှာသည်၊ နောင်လာလူရို့တတ်လိမ့်တည်း။ ။

.



(၂) တတ်လိမ့်သောသူ၊ မှတ်စိမ့်ယူ၍၊ နောင်မူပဏ္႑ိ၊ သိကုမ်ဘိလော့။ အဂ္ဂိဥဒ၊ ဝါတပဟု၊ လောကသုံးပါး၊ ပျက်ဖန်များလျှက်၊ တခြားမှန်လှ၊ တေဇောတဖြင့်၊ ပဌမသုံးရွာ၊ မိုးဗြဟ္မာ၏၊ ဘုံသာတိုင်းအောင်၊ မီးဖြင့်ဆောင်၍၊ လောင်သောအခါ၊ သတ္တဝါရို့၊ ကြမ္မာဖန်ထွေ၊ မိုးကြီးစွေ၍၊ ကုဋေတသိန်း၊ ကျော်လွန်ဟိန်းလျှက်၊ ရီကိန်းစကြာဠာ၊ ပေါ်သောခါ၌၊ စိုင်ကာဘုန်းကောင်း၊ ရွီတွက်လျှောင်းက၊ အပေါင်းရူပ၊ သောဠဿတွင်၊ နာမပညတ်၊ အတၳုပ္ပတ်ဖြင့်၊ ဥပ္ပါဒ်တင်ပြ၊ ဖြစ်ကုမ်ကြသော်၊ ကမ္မဣဒ္ဓိ၊ တန်ခိုးဟိ၍၊ များဘိကိုယ်ရောင်၊ တပြောင်ပြောင်လျှင်၊ မိုက်မှောင်ပျောက်ကွယ်၊ ကောင်းခင်လယ်၌၊ ငှက်နှယ်၀ဲပျံ၊ ကွန့်မြူးစံ၏။ မိုးယံထက်မှ၊ သက်လာကျမူ၊ ရွီတွက်မယွန်း၊ သင်္ချာမှန်းသော်၊ ခြောက်သန်းသုံးသိန်း၊ မှန်မယိမ်းလျှင်၊ တွက်ကိန်းဗြဟ္မာ၊ ရောက်ကုန်လာ၏။ ဒီပါစတု၊ ကျွန်းလေးခု၀ယ်၊ ခေါ်မှုတွင်ညီ၊ လက်ယာနီသည်၊ သပြီဇမ္ဗူ၊ ငါးဆူလှလှ၊ ကုမုဒ္ဒကို၊ ဆွတ်ကြလျှင်စွာ၊ ယူပြီးခါမှ၊ ဗြဟ္မာသက်ရှည်၊ ဇာနည်သည်ရို့၊ မှတ်ရည်ကုန်ကြ၊ ဤကပ္ပကား၊ ဗုဒ္ဓငါးဆူ၊ ပွင့်တော်မူအံ့။ ယူတုံနမိတ်၊ တြင်းတိတ်ဖြင့်၊ တံဆိပ်ခတ်ကာ၊ ဘွဲ့နာမာမူ၊ မဟာဘဒ္ဒ၊ ကမ်ဘာမဟု၊ မှည့်ကြပြီးခါ၊ မိုးရပ်ချာသို့၊ ထွက်ခွါလုံးချုံ၊ ပြန်လျှင်းကုမ်သည်၊ လုဘုံဌာနဖြစ်စိမ့်တည်း။ ။

.



(၃) ဖြစ်စိမ့်ဌာန၊ အာဘဿဟု၊ မိုး၀ဘုံမှ၊ သက်လာကျသည်၊ ကမ္မဥတကာ၊ သြဘာသက၊ ဥတုဇဟု၊ တိက္ခဣဿိ၊ အမည်ဟိသား၊ ခေါ်ဘိတွင်မြောက်၊ အရောင်တောက်သည့်၊ လေးယောက်ဗြဟ္မာ၊ ကျွန်းဒီပါကို၊ လေးဖြာ၀ီစု၊ အပိုင်ပြု၍၊ ကြီးထုမှန်စွာ၊ မြီသြဇာနှင့်၊ ရသာနွယ်ချို၊ ဆိမ့်မျိုးကိုလျှင်၊ နှစ်လိုသောတိ၊ ဖြစ်ပြန်ဘိ၍၊ သာလိပတ္တ၊ လွရွရွကို၊ စားကြသော်အား၊ ရန်မက်ပွား၍၊ ကိုယ်သားရောင်ဝါ၊ ဟိသောခါ၌၊ ကမ်ဘာဦးသူ၊ မှောင်မိုက်ထူလျှက်၊ အူအူသောင်းသောင်း၊ လင်းဆုတောင်းသော်၊ လူပေါင်းပုည၊ ကုသလကြောင့်၊ သက္ကရာဇာ၊ သတ္တိသာဟု၊ ဦးစွာတည်မှ၊ တပေါင်းလသည်၊ ပြည့်ထတိထီ၊ ပုဏ္ဏမီ၀ယ်၊ သောရီဒိဝါ၊ နိမြတ်စွာ၌၊ ရတ္တိယာခေါ်၊ သန်းခေါင်ကျော်၍၊ စွန်းပေါ်ခါမှီ၊ တရီရီသည်၊ အညီရောက်က၊ ထိုကာလ၌၊ သူရိယစန္ဒာ၊ ကြယ်တာရာရို့၊ ပေါ်လာထွန်းတက်၊ တပြိုင်နက်လျှင်၊ ပြက်ပြက်ထင်၍၊ ကောင်းခင်ထက်က၊ သက်ကျင်ကြမူ၊ ရွှင်ပသာယာ၊ ဟိသောခါ၌၊ ဗြဟ္မာလေးပါး၊ လောဘအားကြောင့်၊ အများစည်းေ၀း၊ ကွပ်အုပ်ကဲသော်၊ ခပဲများလူ၊ ကမ်ဘာသူရို့၊ ငြင်းမူသကန်၊ မလွတ်ပြန်ဘဲ၊ ဧကန်မုက္ချ၊ နီကုမ်ရသည်၊ ခြင်းထမကျန်နှစ်သိမ့်တည်း။ ။

.



(၄) နှစ်သိမ့်မကျန်၊ ခိုက်ရန်ပူဆာ၊ ဖြစ်ကြရာတွင်၊ ဗြဟ္မာအဘသ်၊ သရနတ်ရို့၊ ရောက်လတ်သောခါ၊ လုခန္ဓာလျှင်၊ နဝါအသစ်၊ အမှန်ဖြစ်၏။ ပြုလစ်မယွန်း၊ တွက်စစ်ထွန်းသော်၊ တကျွန်းကိုးယောက်၊ ဆိုကုမ်မြောက်၏။ အထောက်သင့်ကြိန်၊ ဣတိလိင်နှင့်၊ ပုလ္လိင်ပေါ်က၊ သံဝါသသည်၊ ပေါင်းကြပြူမြောက်၊ ဒွေးစုံရောက်၍၊ လေးယောက်ဗြဟ္မာ၊ မျိုးလေးဖြာဟု၊ မည်သာခံကြ၊ ပြုပြီးမှလျှင်၊ လှပသာယာ၊ မြို့များစွာကို၊ ကုသာ၀တီ၊ ပြည်ပူရီ၌၊ အညီအညာ၊ တည်ကုမ်ပါ၏။ သစ္စာပွင့်ထန်၊ ကက္ကုသံဟု၊ ဘုန်းလျှံအလောင်း၊ နတ်မင်းကောင်းလျှင်၊ လျှင်ကြောင်းမကြာ၊ သက်တုံလာ၍၊ ကျင့်ရာစုံစီ၊ ပါရမီကို၊ အညီမှန်စွာ၊ ဖြည့်အံ့ငှာဟု၊ ရောက်လာဖြစ်ထ၊ ပုရိသရို့၊ ရာဇဘိသေ၊ ခံတုံပေမှ၊ ညာဏ်ေ၀သမ်ဘာ၊ ဘုန်းတေဇာနှင့်၊ မဟာသမတ၊ ခေါ်တွင်ကြချင့်။ မြတ်လှရသေ့၊ ကျင့်ချမ်းမြေ့စွာ၊ ဖြစ်သည့်အားဖြင့်၊ တပါးသောသူ၊ ရသေ့မူ၍၊ လူဟူသစ်ပင်၊ ဖြစ်ကြောင်းထင်နှင့်၊ ခေါ်တွင်သတ္တဝါ၊ မည်ရေမှာကို၊ ကမ်ဘာစောင့်နတ်၊ ရသေ့မြတ်က၊ ဟောရပ်သာယာ၊ ဆိုကုမ်ပါ၏။ အခါကာလ၊ ဟူသမျှလည်း၊ ၀ရဘူပတိ၊ ခေါ်တွင်ဘိသား၊ မင်းဟိတိုင်းဘောင်၊ သိကြားဆောင်၍၊ ထို့နောင်တဖန်၊ ဈာန်နှင့်ပျံသည်၊ ဂ၀မ္ပတိ၊ ထရ်ဘုန်းဟိလျှင်၊ ဣသိသျစ်သောင်း၊ လေးထောင်ပေါင်းနှင့်၊ ကျမ်းဟောင်းဗေဒင်၊ လှည့်လည်ပျင်ကာ၊ များဖျင်သူအား၊ ကျိုးစီးပွါးကို၊ လျှင်လျားဆောင်ထွေ၊ နှစ်ရွီပေသော်၊ ကုဋေကိုးသန်း၊ မကထွန်းတည်း၊ မယွန်းလှည့်လည်၊ လုသက်ပေကား၊ ကိုးကုဋေသကြစ်၊ မြင့်ကြာဖြစ်သည်၊ ကျော်လှစ်မင်းနှယ်သက်ရောက်တည်း။ ။

.



(၅) သက်ရောက်မင်းနှယ်၊ ထိုခါ၀ယ်၌၊ ဘုန်းကြွယ်သမ်ဘာ၊ မင်းသားလျာမူ၊ မဟာဘူပတိ၊ ဖြစ်တုံဘိ၍၊ နွယ်ဟိစိုင်လာ၊ သည်နောက်မှာကား၊ သည်းချာဘူပတိ၊ ဖြစ်တုံဘိ၏။ ထွန်းညီးသာလှ၊ ကြီးတေဇဖြင့်၊ ၀ရဘူပတိ၊ စိုးအုပ်ပြီးခါ၊ ဘုန်းဟိမင်းလှ၊ သု၀ဏ္ဏနှင့်၊ ၀ရသု၀ဏ္ဏ၊ တေဇနက၊ ၀ရတေဇနာ၊ ဆက်ပြန်လာ၏။ မည်သာခေါ်ထွေ၊ သုန္ဓရေတွင်၊ ဖွားပေမျက်နှာ၊ မြင်တုံပါသား၊ ဥက္ကရာဇ်နွယ်၊ သားပုတေ္တကို၊ မဟေသရာ၊ နတ်ဒေဝါ၏၊ သည်းချာစံသီး၊ ချစ်သမီးဟု၊ ထွန်းညီးရောင်မြ၊ နာမရမူ၊ သု၀ဏ္ဏသမ်ဘာ၊ နှင့်သင့်ရာ၀ယ်၊ တေဇာကြီးဘိ၊ တန်ခိုးဟိသည့်၊ သမုတ္တိဒေ၀၊ သားတော်လှကို၊ ဖွားထပြီးသော်၊ ပရမီသွာ၊ နတ်ရာဇာ၏၊ စိတာသမီး၊ ထိန်ညီးသာလှ၊ သုဂန္ဓကလျာ၊ မိဒေဝါနှင့်၊ ဃာရာဝါသ၊ အိမ်ထောင်ချ၍၊ များလှခြံရွေ၊ မင်းပြုပေသော်၊ မဟေသရာ၊ နတ်မြတ်စွာနှင့်၊ တေဇာထွန်းဘိ၊ ကြီးဣဒ္ဓိဖြင့်၊ ပရမီသွာ၊ နှစ်ယောက်လာ၍၊ ဒွါရာ၀တီ၊ မြို့သိင်ဂီကို၊ စုံညီပြည့်ထ၊ သမုတ်ချကာ၊ ဓည၀တီ၊ ေ၀သာလီဟု၊ ခေါ်ညီထင်ပေါ်၊ ဟိုးဟိုးကျော်သား၊ မြို့တော်ရမ္မာ၊ ပူရာစသည်၊ ဌာနသာစည်၊ လေးမြို့တည်၏။ ပတ်လည်တချို့၊ လေးထောင်ရို့ကား၊ ရာကိုးဆယ့်သျှစ်၊ ဖြစ်တုံလှစ်ကာ၊ တလှစ်ပြင်မြို့၊ လေးထောင်ရို့ကို၊ လုပ်ဖို့နတ်များ၊ ရောက်လာအားသည်၊ မင်းဖျားဘုန်းတော်တောက်ထွန်းတည်း။ ။

.



(၆) ထွန်းတောက်ဘုန်းတော်၊ တန်ခိုးကျော်သား၊ ပြိုင်ဘော်မဲ့ငြား၊ ရန်မျိုးယှားသည်၊ မင်းဖျားဘူပါလ၊ သားတော်လှကား၊ ၀ရဘူပါလ၊ နရိန္ဒတည်း။ ၀ရနရိန္ဒာ၊ စိုးပြန်လာမူ၊ သမ်ဘာရင့်ထိန်၊ ချမ်းရိပ်ငြိမ်ပြီး၊ မဟိပတိ၊ ဆက်ပြန်ဘိ၏။ ဘုမ္မိတွင်ထ၊ သားမင်းလှမူ၊ ၀ရဘုမ္မိဇေယျ၊ မင်းမြတ်လှတည်း။ ဣ၀လောကာ၊ ဤလုရွာ၌၊ ကမ်ဘာစောင့်နတ်၊ ရသေ့မြတ်ရို့၊ မိန့်လတ်သရော၊ ဖော်ထုတ်ဟော၏။ ခတ္တိယောတိ၊ အမည်ဟိသား၊ ဘုမ္မိပါလာ၊ စိုင်ဆက်ကာဖြင့်၊ နရဒိပ္ပ၊ နရိန္ဒဟု၊ ခေါ်ထထင်ရှား၊ လေးမည်အားကို၊ မှတ်သားမုက္ချ၊ ခံကုန်ကြလျှက်၊ ရှိကများစွာ၊ မင်းတကာရို့၊ ဒိဋ္ဌာနုဂ္ဂတိ၊ အစဟိသား၊ ကျင့်ဘိတရား၊ သင်ဆိုကြားမှ၊ တိုင်းကားပြည်ရွာ၊ ခွန်ဘဏ္႑ာမူ၊ တရွာတခု၊ ကောက်ယူမှုဖြင့်၊ ပြုစုကျေွမွီး၊ သားမြီးအသွင်၊ ချစ်ကြခင်လျှက်၊ ကျင့်စင်တရား၊ ဆယ်ပါးအားကို၊ မမှားစောင့်ရှောက်၊ ဖြစ်တုံမြောက်၏။ ထိုနောက်မှလျှင်၊ ဘိဇေ္ဇာသရ၊ မင်းပြုကလည်း၊ မြတ်လှထရ်ပျံ၊ တန်းခိုးထန်သည်၊ ဂ၀မ္ပတိ၊ ဈာန်ဣဒ္ဓိဖြင့်၊ ဣသိသျှစ်သောင်း၊ လေးထောင်ပေါင်းနှင့်၊ နတ်ကောင်းစန္ဒီ၊ သုန္ဒရီဟု၊ ပရမီသွာ၊ တတ်ပညာနှင့်၊ ၀ိဇ္ဇာဂျော်ဂျီ၊ ကျမ်းဗာဟီဖြင့်၊ ပါဒ်ဗီဇနာ၊ ပြန်ခရာလျှင်၊ ပိဿာစိုက်မှောင်း၊ လုပ်တုံလျှောင်း၏။ အပေါင်းသိရစ်၊ ကောင်းခြင်းဖြစ်သည်၊ လက်သစ်အင်္ဂုလော၊ နန်းမုယောတည်း။ ပြန့်ပြောထိုမှ၊ နာဂရဟု၊ မြို့ပြပစ္စင်၊ ထိုမင်းတွင်ကား၊ သတင်းညာကြီ၊ ကျွန်းသပြီ၌၊ သုန္ဓရီနတ်၊ ခေါ်တွင်မှတ်သား၊ မြတ်မိဘုရား၊ တွင်ဆပွားသည်၊ မင်းသားတကျိတ်ခြောက်ယောက်တည်း။ ။

.



(၇) တကျိတ်ခြောက်ယောက်၊ မင်းသားမြောက်တွင်၊ ကျော်ချောက်၀ှမ့်၀ှမ့်၊ ကျွန်းလုံးနှမ့်သိ၊ သမုတ္တိဒေ၀၊ သားတော်လှကို၊ ရမ္မ၀တီ၊ ပီးနှင်းလီ၏။ သိင်ဂီရောင်လျှပ်၊ ဗြဟ္မဒတ်အား၊ မည်မှတ်အောင်ချာ၊ ပြည်သာယာမူ၊ ဗာရာဏသီ၊ ပီးတုံလီ၏။ ခေါ်ညီတွင်ဘိ၊ သမာဓိအား၊ နှမ့်သိကျော်ငြာ၊ ထင်ရှားစွာသည်၊ ကုသ၀တီ၊ ပြည်ပူရီတည်း။ နောင်ညီထွန်းလှာ၊ မင်းသားမှာကား၊ သမ၀တ္တ၊ ပြည်ပူရမူ၊ သာလှနဂိုရ်၊ ရာဇဂြိုဟ်တည်း။ ဘုန်းပျိုထွန်းပ၊ သမ်ဘ၀ကား၊ ပြည်မိတၳိလာ။ သာဓနာကား၊ အယုဇ္ဇပူရ၊ စိုးပိုင်သ၏။ သု၀ဏ္ဏတွင်ဘိ၊ သားဘုန်းဟိကား၊ ဟတၳိဗလ။ သုဒ္ဓိယမူ၊ အဇ္ဇရ၀တီ၊ ပြည်ပူရီကို၊ စိုးပြီးအုပ်ထ၊ သူဘာ၀မူ၊ ဧကစက္ခု၊ မှတ်ကြပြုလော့။ ပျိုနုရွယ်လှ၊ သုဂန္ဓလည်း၊ စိုးရအညီ၊ ကောသမ်ဘီတည်း။ ထိုပြီးမှန်စွာ၊ ဖလ္လဝါကား၊ ဂန္ဓာကောစၦ။ အဋ္ဌရမူ၊ ခေါ်ကြဗိုလ်လူ၊ သိနှမ့်ဟူသည်၊ ရာဇူပြည်သာ။ သဉ္စဘာကား၊ စမ္ပာနဂရ။ သူဘာ၀မူ၊ တက္ကသီလာ။ မန္ဒပ္ပါလည်း၊ ကုသန္နာရ။ သူရန္ဒကား၊ သတ္တိလတည်း။ ရွီထတုံမြောက်၊ တကျိတ်ခြောက်ကို၊ တယောက်တပြည်၊ ပီးအပ်သည်တည်း။ ပတ်လည်၀န်းလှည့်၊ ရွီတွက်ခယ့်သော်၊ သျှစ်ဆယ့်ငါးသွယ်၊ မြို့ရို့၀ယ်နှင့်၊ ပေါင်းလွယ်ဇေဌ၊ ရောနှောကြသော်၊ တရာ့တမြို့၊ အင်မချို့သည်၊ မင်းရို့ပြည်ရွာတည်မြောက်တည်း။ ။

(၈) တည်မြောက်ထိုသို့၊ သားများရို့တွင်၊ ပြည်မြို့အရာ၊ ပျော်ဖွယ်သာသည်၊ ရမ္မာ၀တီ၊ ပြည်သိင်ဂီကို၊ ခေါ်ညီတွင်ဘိ၊ အမည်ဟိသား၊ သမုတ္တိဒေ၀၊ ရာဇညဟု၊ မင်းလှသားကြီး၊ ဆောင်းရွှီထီးနှင့်၊ စိုးပြီးထိုခါ၊ဘုမ္မိပါလ၊ ကျော်လျှက်ပြသော်၊ ၀ရဘုမ္မိပါလ၊ နရိန္ဒတည်း။ ၀ရနရိန္ဒ၊ စိုးပြီးမှလျှင်၊ မဟိန္ဒပတိ၊ ရာဇတိဟု၊ ဘုန်းဟိလွန်မှ၊ ရွှီနန်းမ၌၊ ၀ရမဟိန္ဒပတိ၊ စောသီရိသည်၊ ဘုန်းဟိရသေ့၊ ကျင့်ချမ်းမြေ့ဘိ၊ နတ်ကိုတွိသော်၊ မရွှိရအောင်၊ ပင့်ချီဆောင်မှ၊ နောက်နောင်လူများ၊ မျိုးလေးပါးရို့၊ မှတ်သား၀ီခြမ်း၊ ဆံခြည်နှမ်းက၊ တနှမ်းမုယော၊ အင်္ဂုလောတိ၊ မုဒေ္ဓါအထွာ၊ အတောင်သာနှင့်၊ ရှည်စွာအလျား၊ နွားလားဥဿဘ၊ တွန်သံခသား၊ ဂေါသယူဇနာ၊ ဤသင်္ချာကို၊ ရွီကာများမြောင်၊ ချင့်တွက်ဆောင်၍၊ မင်းခေါင်နရိန္ဒ၊ ကျင့်ရိုးပြသား၊ ရှိကဖြစ်ငြား၊ မင်းအများလျှင်၊ ပုဏ္ဏားအကျင့်၊ ထိုကိုချင့်၍၊ မသင့်အပ်စွာ၊ ယှေင်ပယ်ခွာလျှက်၊ ဆယ်ဖြာတရား၊ စောင့်တုံငြားမှ၊ လေးပါးဂတိ၊ ဖြောင့်မတ်သိ၏။ ရဘိယာဉ်ရှင်၊ ငါးပါးပင်တည်း၊ စိုးကျင်လီရ၊ ထိုမင်းကသည်၊ စ၍ရွီလျှင်၊ အစိုင်ပင်တည်း၊ ကျင့်အင်မြဲမြဲ၊ မချွတ်လွဲဘဲ၊ ဆကဲတထွေ၊ အသငေ်္ချလျှင်၊ ကုဋေချင့်မှန်း၊ ကိုးသိန်းထွန်းကာ၊ ထီးနန်းစိုးမှန်၊ မင်းများလွန်သည်၊ ဆယ်ပြန်အစိုင်ရိုး၏တည်း။



.



(၉) ရိုး၏အစိုင်၊ နန်းသက်ယှဉ်၍၊ ကောင်းယိုင်အမှန်၊ မင်းများလွန်မှ၊ ပြည်မွန်ပူရ၊ ဗာရဏ၌၊ ရာဇဝံသာ၊ အနွယ်လာသည်၊ မဟာသာ၀နာ၊ မင်းရာဇာလျှင်၊ ဒိပ္ပတောင်ငူ၊ ကျွန်းဇမ္ဗူနှင့်၊ ချင့်ယူမှတ်ဖွယ်၊ တွက်ကျုံးသွယ်သော်၊ ကျွန်းငယ်ငါးရာ၊ အရံပါသား၊ များစွာရပ်ရွာ၊ ဘဏ္႑ာသိမ်းယူ၊ စိုးတော်မူ၏။ ဘုန်းထူးမင်းမြတ်၊ သားသည်းပွတ်ကား၊ မည်မှတ်တွင်ထ၊ ခေါ်ေဝါ်ကြသည်၊ ဥတ္တမသာဓန၊ ဖြစ်ပြီးမှလျှင်၊ ၀ရသာဓနာ၊ ဆက်ပြန်လာသည်။ ၀ရဗြဟ္မတ၊ သုသိလာတည်း။ ၀ရသုသိလာ၊ မင်းမြတ်ခါ၌၊ မြတ်စွာဘုန်း၀ှန်၊ ကကဿန်ဟု၊ လုထံကျော်ချောက်၊ ဘုရားပေါက်၍၊ မင်းမြောက်အပေါင်း၊ ရွီတွက်လျှောင်းသော်၊ သျှစ်သောင်းလေးထောင်၊ ပြန့်ပွားဆောင်၏။ ထို့နောင်ပြီးမှ၊ ကျွန်းဒီပ၀ယ်၊ သမန္တစက္ခု၊ နီလတုသို့၊ ပြိုင်တုမရ၊ သု၀ဏ္ဏတည်း။ ၀ရသု၀ဏ္ဏ၊ သြရသကား၊ ဘူပါလရာဇ၊ ဖြစ်ပြန်မှတည်း၊ ၀ရဘူပါလရာဇာ၊ မင်းမြတ်စွာကို၊ ဆက်ကာစိုးဘိ၊ ဘူပတိတည်း။ ထွန်းညီးတေဇ၊ လက်ရုံးပသား၊ မဟိန္ဒရာဇာ၊ စိုးစံပါမှ၊ ၀ရမိန္ဒလ၊ ဖြစ်ထွန်းပ၏။ ၀ရဘူပတိ၊ သားဘုန်းဟိကား၊ ခေါ်ဘိဂန္ဓဗ္ဗ၊ ၀လျှာဏနှင့်၊ ၀ရ၀လျှာ၊ မန္ဓတ်သာလျှင်၊ စက္ကြာလေးကျွန်းစိုး၏တည်း။ ။

.



(၁၀) စိုး၏လေးကျွန်း၊ နီလထွန်းသို့၊ စက်၀န်းဒေသ၊ အုပ်ချုပ်ရသည်၊ ရန်မျိုးသွယ်သား၊ ဘုန်းစည်မန္ဓတ်၊ စောမင်းမြတ်ကား၊ ကြည်ညွတ်သဒ္ဓါ၊ သံသရာက၊ လှူဒါစိမျိူး၊ ရှိကောင်းကျိူးကြောင့်၊ ပြည့်ဖြိုးများစွာ၊ ရတနာသည်၊ လိုရာမတ၊ ပြည့်စုံလှ၏။ ဓနသဒ္ဓိ၊ ပြီးစီးဘိလျှက်၊ စက်တိရတနာ၊ ရထားသာနှင့်၊ ေ၀လာဟက၊ သိန္ဓ၀ဖြင့်၊ သာလှညက်ညော၊ ဖြူစင်ချောသည်၊ ဥပေါသထ၊ သတ္တိစသား၊ ခဂ္ဂမည်သာ၊ ဖြစ်တုံပါလျှက်၊ အာကာကောင်းခင်၊ ပျံနိုင်ကျင်သား၊ ဆင်မြင်းလှံဓါး၊ ဤငါးပါးကို၊ နတ်များဒေဝါ၊ ဆက်သလာသော်၊ ထက်မှာဒေ၀ိန်၊ တာ၀တိမ်နှင့်၊ နှိုင်းယှဉ်မှန်စွာ၊ အသူရာက၊ အောက်မှတလည်၊ နဂါးပြည်ကို၊ ဘုန်းစည်မင်းမြတ်၊ အာဏာလွှတ်သား၊ မန္ဓတ်ရာဇာ၊ မင်းမြတ်စွာလျှင်၊ လုရွာကပ်ဆက်၊ နှစ်ကိုတွက်မူ၊ အသက်သငေ်္ချ၊ နီတုံပေ၏။ များထွေကျေးဇူး၊ ဆိိုသော်မူအ့ံ၊ အထူးမြင့်ရှည်၊ ကျယ်မြင့်တည်ကာ၊ ငြိမ်ရည်စေသား၊ ထိုမင်းများ၌၊ မိဖုရားလှစွာ၊ ဂုရုသာ၏၊ ပုတ္တာဖြစ်ထ၊ သြရသမူ၊ သူရိယသောတ၊ သားမင်းလှကို၊ မြန်စွမြင်းကောင်း၊ ပီးတုံလျှောင်းမှ၊ တသောင်းယူဇနာ၊ ကျွန်းဒီပါ၀ယ်၊ အဋ္ဌာဓိပဓိ၊ ခေါ်ဘိမှန်စွာ၊ မစၦိမာ၌၊ ပဌမနဂိုရ်၊ ပြည်ဗဟိုရ်မူ၊ ပြောဆိုသချၤာ၊ ယူဇနာကား၊ ကိုးရာအ၀န်း၊ အကျယ်ထွန်း၏။ တခန်းထိုမှ၊ ဖော်ထုတ်ပြမူ၊ စန္ဒသောတာ၊ သားတော်မှာကို၊ များစွာဆင်ကောင်း၊ ပီးတုံလျှောင်းမှ၊ တသောင်းဒီပါ၊ ဇမ္ဗူချာ၀ယ်၊ ကြေငြာကျော်ထ၊ သမုတ်ကြသည့်၊ ဇေဌဓိပတိ၊ မင်းဘုန်းဟိကား၊ ခေါ်ဘိနာမ၊ မှည့်ပြီးမှလျှင်၊ ပဉ္စပူရာ၊ ပြည်အောင်ချာလည်း၊ ကိုးရာအ၀န်း၊ ဖြစ်တုံထွန်း၏။ ထွန်းသည်ဖိတ်ဖိတ်၊ အောင်နမိတ်ဖြင့်၊ အာဒိစ္စ၀င်၊ တပြည်လျှင်တည်း၊ ထိုတွင်ကျော်သိ၊ အမည်ဟိသား၊ မဏိသုဘာ၀၊ ရာဇလှကို၊ များကြလူပေါင်း၊ ပီးတုံလျှောင်းမှ၊ တသောင်းဒီပ၊ နှမ့်သိကြသား၊ နရဓိပတိ၊ သမုတ်ဟိလျှင်၊ ခေါ်ဘိတခန်း၊ ရွီတွက်ညွှန်းကာ၊ အ၀န်းကိုးရာ၊ ဖြစ်တုံပါလျှက်၊ ရမ္မာပူရ၊ ကျော်ဇောကြသည့်၊ ပြည်မဌာနီ၊ ကျွန်းသပြီ၌၊ သုံးလီသုံးပါး၊ သားတော်များလျှင်၊ ပိုင်းခြားယူဇနာ၊ ခြောက်ထောင်တာကို၊ အာဏာမိုးလီစိုး၏တည်း။ ။

.



(၁၁) စိုး၍မိုးလီ၊ ကျွန်းသပြီကို၊ ရစ်ခွီပတ်ကြိုး၊ အာဏာဖြိုး၍၊ တန်ခိုးထန်ပြင်း၊ မန္ဓတ်မင်း၏၊ နွယ်ရင်းဝံသ၊ ဖြစ်ကုမ်ကြသား၊ သု၀ဏ္ဏပဘာ၊ သားတော်မှာကို၊ ရာဇာကံမြင်၊ မည်ပီးကျင်မှ၊ အလျှင်ဦးစ၊ ပထမမူ၊ ခေါ်ထတွင်ဘိ၊ အမည်ဟိသည်၊ သမုတ္တိဒေ၀၊ ထီးနန်းချ၍၊ ရမ္မာ၀တီ၊ မြို့ဌာနီဟု၊ ခေါ်ညီပြီးမှ၊ စိုးပိုင်သသည်၊ ၀ရရာဇညာ၊ မင်း၌သာလျှင်၊ သည်းချာစီတရ၊ သမီးလှမူ၊ သု၀ဏ္ဏကလျာ၊ ဆင်းရုပ်ဝါနှင့်၊ မကွာစီချင့်၊ အိမ်ထောင်သင့်၍၊ ရှည်မြင့်ကာလ၊ စိုးအုပ်ရအောင်၊ ဥပရာဇာ၊ အိမ်ရှိရာကို၊ များစွာနီထ၊ တည်ပြီးမှတည်း၊ ၀ရရာဇညာ၊ ထိုမင်းမှာကား၊ မဟာရာဇညာ၊ သားတော်မှာကို၊ ဒွါရာ၀တီ၊ မြို့သိင်ဂီနှင့်၊ စုံညီပြည့်၀၊ ဓည၀တီ၊ ေ၀သာလီဟု၊ ဌာနီရဌိ၊ သုံးမြို့ခြိ၍၊ တည်ဘိအမှန်၊ မင်းမြတ်လွန်မှ၊ ဘုန်းလျံထွန်းဖြာ၊ ဥပရာဟု၊ မည်သာခေါ်ဘိ၊ ကျော်နှမ့်သိသား၊ ဘုမ္မိပါလ၊ မဟိသျှသည်၊ သာလှပြောစည်၊ ကံမြင့်ပြည်ကို၊ သက်ရှည်ဖြစ်လို၊ မင်းမြောက်ဆို၏။ ဘကိုရိုပွတ်၊ တောင်းပန်လတ်သော်၊ သားမြတ်သုံးပါး၊ အခြားခြားဖြင့်၊ ပိုင်းခြားသည်မှာ၊ ဤပြည်သာလည်း၊ မှန်စွာစင်စစ်၊ လက်၀င်ဖြစ်ဟု၊ တထစ်တရံ၊ မှတ်သားကြံမှ၊ ကျိုးနွံခယ၊ လျှောက်ပေကမူ၊ အဿကရာဇာ၊ မင်းနရာရို့၊ သချၤာခြားပြီ၊ တသောင်းစီကို၊ အညီယူမျှ၊ ၀ီကုန်ကြသော်၊ ဖြစ်ထမှန်စွာ၊ ယူဇနာမူ၊ ကိုးရာအ၀န်း၊ အဖြောင့်သန်း၏။ ခြင်မှန်းအခင်း၊ သုံးရာတွင်းလျှင်၊ မယွင်းမှန်ညီ၊ ဖို့၀ီအမျှ၊ ပီးပြီးမှတည်း၊ မိုး၀တိမ်ယံ၊ ဈာန်နှင့်ပျံသည်၊ ဂ၀မ္ပတိ၊ ထေရ်မဏိနှင့်၊ ပါရမီသွာ၊ နတ်၀ိဇ္ဇာက၊ ဒေဝါသိကြား၊ ဟူးရားများကို၊ ပိုင်းခြားတုန့်ပြိုင်၊ တုရင်းတိုင်နှင့်၊ နမိတ်တိုင်မြောက်၊ ကျောက်တိုင်ဆောက်၍၊ အံ့လောက်ကျီးကျွန်၊ ရှိထက်လွန်သည်၊ ပြည်မွန်ဆက်တတိုး၏တည်း။ ။

.



(၁၂) တိုး၏ဆတက်၊ ထိုမင်းထက်၀ယ်၊ သက်နှင့်ချင်းမြို၊ မစောင်းဆို၏။ သာချိုမြရိပ်၊ ချောနှင့်ကျိတ်တည်း။ မဖိတ်မှန်ပင်၊ သျှမ်းတူးလျှင်တည်း။ ဆိုလျှင်းလည်းပြု၊ မူဒူရှုလော့၊ ပြူဟုခံပြီ၊ မည်ခလီနှင့်၊ စုံစီမှတ််ဖွယ်၊ ဆက်ကာသွယ်လျှင်၊ ဇင်းမယ်ခေါ်တွင်၊ လင်းဟုကျင်သား၊ တန်းတင်သရေ၊ ဖြစ်ကျင်ပေ၏။ အမည်တွင်ပြီ၊ ဘင်္ဂလီဟု၊ အညီသည်နောင်း၊ လင်းကဲစောင်း၍၊ တကြောင်းတတန်၊ ကသည်းခံ၏၊ ကမ်းယံတမူ၊ သထုံဟူသား၊ တမူတနှိုင်း၊ မြန်တလိုင်းနှင့်၊ ပည်လှိုင်းသိပ်သည်း၊ စုရုံးစည်းလျှက်၊ ကံတည်းမှန်းကြုံ၊ သည်နောက်မူက၊ ကမ်းမြုံကမ်းတူး၊ စုံဖက်ပူး၏။ တခုတန်းတိုက်၊ မည်သမိုက်သည်၊ လ၀ိုက်လကွန်း၊ ခေါ်ကြမှန်း၏၊ စည်ထွန်းရပ်ရွာ၊ ရွီတွက်ပါသော်၊ ဘာသာကွဲပြား၊ နှစ်ဆယ့်ငါးလျှင်၊ မင်းဖျားညီနောင်၊ သည်နည်းအောင်၏။ လေးမြှောင်လေးမင်း၊ ပေါင်းလတ်လျှင်းက၊ တွင်ခြင်းမှန်ထ၊ မည်နာမမူ၊ တရာ့တဘာသာ၊ ဖြစ်တုံပါ၏။ အဿကစ၊ နကရမြင်း၊ ရွာရိုးတွင်း၌၊ စည်ပင်ပြန့်ပွား၊ အခြားခြားဖြင့်၊ မင်းသားတသီး၊ မင်းသမီးကို၊ တွက်ပြီးတသိန်း၊ အိမ်ထောင်ငြိ်မ်း၍၊ မြို့သိမ်ဇေယျာ၊ ကျွန်းနှမ့်ပါသည်၊ ထိုခါပြည့်ထမျိုးရိုးတည်း။ ။

.



(၁၃) မျိုးရိုးပြည့်လျှင်း၊ မြို့ခပင်းအား၊ မကြွင်းစိမ့်ငှာ၊ ဖော်ပြမှာအံ့။ ဂန္ဓလရာဇ်၊ ဂုရုရဇ်ပေ၊ ၀ိဒေဟရဇ်၊ တလှစ်ပဉ္စာ၊ ကာသိန်ကာနှင့်၊ စေတာကတာ၊ သိသာတွင်စွာ၊ အာသာမေရ၊ ကုတ္တာကမ္မာ၊ သီလာမဇူရ၊ မတ္တရင်္ဂါ၊ ဘာသတာနှင့်၊ ဘာလာမြို့ဖြစ်၊ ကရာဇ်ထိုထို၊ တည်၏ဆိုက၊ ပေါင်းလိုနှောလှစ်၊ ဆယ်ခုနှစ်ဟု၊ ဖြစ်သည်မှန်ငြား၊ သားတော်စား၏။ မင်းဖျားထိုထက်၊ နှောစိုင်ဆက်မူ၊ တိုးတက်ပြန့်ပွား၊ ကျော်ထင်ရှားသည်၊ သားဇောကံမြင်၊ မင်းမြတ်တွင်လျှင်၊ စည်ပင်ဆကဲ၊ တသဲသဲတည်း၊ ၀ဲ၀ဲလားလား၊ ပြန့်နှမ့်ပြားလျှက်၊ ဂေါဏဂုဏ်ဘုရား၊ ဖြစ်ထွန်းငြား၍၊ ရှည်လျှားစိုင်ဆက်၊ နွယ်မပျက်တည်း၊ ကျော်ချက်ဇမ္ဗုဒိ၊ တကျွန်းခြိ၏။ လောကိစည်းစိမ်၊ အကြိမ်ကြိမ်လျှင်၊ ရိပ်ငြိမ်စိုးဆောင်၊ ရန်မျိုးအောင်၏။ မင်းခေါင်ကံမြင်၊ ဇမ္ဗူပြင်၌၊ စိုးကျင်မြို့၀ယ်၊ တွက်ကျုံးသွယ်သော်၊ တွင်ကျယ်ရမ္မာ၊ ၀တီသာတည်း။ ပွင့်လာပွက်ဘုန်း၊ ဖြန့်ကြုံးဖြစ်ဖြစ်၊ နှစ်ကိုစစ်သော်၊ သက္ကရာဇ်ကောဇာ၊ ဖြိုကာကာဖြင့်၊ သချၤာသငေ်္ချ၊ ကုဋေသျှစ်သိန်း၊ မင်းများငြိမ်းမှ၊ မုနိသကျ၊ ကဿပ၏၊ တည်ထသာသနာ၊ ထွန်းသောခါ၌၊ ဥတ္တရမည်၊ ထိုသည်ပြည်ကို၊ အရှည်ဝံသ၊ စိုးအုပ်ထသည်၊ ဒေ၀သာဂရ၊ လွန်ပြီးမှတည့်၊ နန်းမဘုံသာ၊ ဆက်ပြန်လာသည်၊ မဟာသာရ၊ သည်နောက်မှမူ၊ သာဂရနှင့်၊ ဥပသာဂရ၊ ဖြစ်ကုန်ကြ၏။ ခေါ်ထမှန်ဘိ၊ ရပ်သီရိမူ၊ အသိတဉ္စန၊ ထိုပြည်မ၌၊ ဒေ၀င်္ကသ၊ လွန်ပြီးမှတုံ၊ ပုတ္တမှန်စွာ၊ ဆက်ပြန်လာသည်၊ မဟာကင်္သ၊ ရွှီနန်းရ၏။ ကင်္သတွင်ထ၊ သားတော်လှနှင့်၊ ဥပကင်္သ၊ ဖြစ်ကုန်ကြချင့်။ ရင်းစသဲချာ၊ နှမမှာမူ၊ ဒိီပါကျော်ဟိုး၊ သိနှမ့်ကြိုး၍၊ နွယ်မျိုးမည်ရ၊ ဒေ၀ကမ်ဘာ၊ ခေါ်တွင်ပါသည်၊ ကလျှာယောင်းလှမိမြတ်တည်း။ ။

.



(၁၄) မိမြတ်ယောင်းလှ၊ နန်းသိင်္ဂ၀ယ်၊ များလှရံကာ၊ စံသောခါ၌၊ ပုတ္တရမဓူရ၊ ရွှီပြည်မကို၊ သာဂရမင်း၊ စိုးအုပ်လျှင်း၏၊ ညီရင်းဥပ္ပ၊ သာဂရလည်း၊ ကြောက်လှသော်အား၊ ပြီးထွက်လားသော်၊ ရပ်ခြားဘုမ္မိ၊ သာယာဘိသား၊ အသိတိဉ္စန၊ ထိုပြည်မကို၊ စိုးထနှိပ်နှင်း၊ ကင်္သမင်း၏၊ ထံရင်းတော်ပါး၊ ၀င်လီငြား၏။ ခစားခိုကိုး၊ နွံရိုကျိုးကာ၊ နွမ်းညှိုးပူဆာ၊ ဟိသောခါ၌၊ ကြမ္မာဆော်ပန်၊ ရောက်လတ်ပြန်က၊ ကျော်၀ှန်သတင်း၊ တန်းခိုးပြင်းသည့်၊ ထိုမင်းနှမ၊ ဒေ၀ဂမ်ဘာ၊ မည်သာခေါ်ညီ၊ မဟေသီနှင့်၊ ကြုံလီထိုတွင်၊ အိမ်ထောင်ကျင်သော်၊ အလျှင်ဦးစ၊ ပထမမူ၊ ဘုမ္မရဒေ၀ီ၊ ဆင်းရွှီစံသီး၊ ချစ်းသမီးကို၊ အပြီးထိုခါ၊ ဖွားမြင်ပါ၏။ သို့ပါသို့ငြား၊ သမီးအားလျှင်၊ ဖွားပြီးတုံမြောက်၊ ကံမထောက်ဘဲ၊ သီပျောက်လားသော်၊ သားတော်မျက်ရှု၊ ဘုန်းပေါင်းစုသား၊ ဝါသုဒေ၀၊ ဖွားတုံထ၏။ ဗလဒေ၀၊ သူရိယဒေ၀၊ စန္ဒာဒေ၀၊ ဆက်ကြစိုင်ဘိ၊ အဂ္ဂိဒေ၀၊ အဇ္ဇုနနှင့်၊ ဂရုဏပေ၊ ရောဟနေယျ၊ ဃဋပဏ္႑ိတ၊ အင်္ဂုရဟု၊ နာမတွင်ငြား၊ တကျိတ်သားကို၊ မခြားထိုတွင်၊ ဖွားမြင်ပြီးမှ၊ မာဂဓဖြင့်၊ ဒသဘာတိက၊ ခေါ်ကုမ်ကြ၏။ တေဇထွန်းပြောင်၊ လက်ရုံးထောင်သား၊ ညီနောင်တကျိတ်၊ ဇမ္ဗူဒိတ်မှာ၊ ဟိုးဟိုးငြာ၍၊ နောင်မှာဖွားထ၊ သမီးလှဟု၊ အဉ္စနဒေ၀ီ၊ ဆင်းသိင်ဂီကို၊ ထိမ်းချီစုပြုံ၊ သောသောအုံသည်၊ ရွှီဘုံနန်းသူခ၀ပ်တည်း။ ။

.



(၁၅) ခ၀ပ်နန်းသူ၊ သောသောဆူပြီး၊ ရွှီတူတမျ၊ ရောင်ထွန်းပသည်၊ အဉ္စနဒေ၀ီ၊ ဆင်းသိင်ဂီကို၊ ချီချမြွက်ခေါ်၊ ရံဘော်ခြောက်ကျိတ်၊ ၀န်းရံပိတ်လျှက်၊ ကျူးဆိတ်မညံ၊ တကြံကြံလျှင်၊ အသံပြိုင်ပြု၊ နန်းရတုနှင့်၊ ပျော်မှုအမြဲ၊ ဧယင်လွှဲ၏။ သဲသဲရုံးစု၊ ခြံရံပြုလျှက်၊ ဝါသုဒေ၀၊ အင်္ဂုရကို၊ ဗလစွမ်းရောက်၊ အားကြီးမြောက်က၊ ပြိုင်ထောက်မမြင်၊ မိုးရပ်ခွင်ကို၊ စိုးကျင်တုံငြား၊ နတ်သိကြားလည်း၊ ဘုန်းအားလက်နက်၊ ပို့၍ဆက်၏။ ယူလျှက်ဆောင်နှင်း၊ ပီးအပ်လျှင်းသော်၊ ရန်ခင်းဟိရာ၊ ရအောင်ရှာ၍၊ မကြာကုန်အောင်၊ သတ်ပြီးနှောင်မှ၊ ပြည်ဘောင်အတွင်း၊ အမင်းမင်းကို၊ နှိပ်နှင်းပိုင်မူ၊ အခွန်ယူ၍၊ ဇမ္ဗူသောင်းပတ်၊ လားလာလတ်သော်၊ တွင်မှတ်သညာ၊ ဟိုးဟိုးငြာသည်၊ ဒွါရာ၀တီ၊ လေးအင်ညီသား၊ သိင်ဂီရောင်လျှံ၊ မြို့ရှင်ပျံကို၊ လုပ်ကြံကြိုးစား၊ တိုက်လတ်ငြားသည်၊ သျှစ်ပါးဒိသာရံပတ်တည်း။ ။

.



(၁၆) ရံပတ်ဒိသာ၊ သျှစ်မျက်နှာ၌၊ တပ်တာတည်ထ၊ နီကုမ်ကြပြီး၊ များလှဗိုလ်ပါ၊ တိုက်ကြရာ၀ယ်၊ ပြည်သာစိုးထ၊ ဘီလူးမလည်း၊ ခနမကြာ၊ မှန်ရောင်ဝါဖြင့််၊ ကောင်းခင်လမ်းသိို့၊ ပျံသန်းလားလျှင်၊ လွန်ဘိကျင်မှ၊ ထက်ခွင်ပျံ၀ဲ၊ ပန်းဆိုင်ဆွဲသို့၊ မလွဲတူစွာ၊ နီလီပါသော်၊ ထိုခါပြိုင်ဆိုင်၊ တုမနိုင်ဘဲ၊ ၀ိုင်းရိုင်ရုံးလှည့်၊ ဆုတ်ခွာခယ့်မှ၊ မြို့၏ရှိဘက်၊ နတ်မျက်စိမြော်၊ ဈာန်ယာဉ်ပျော်သား၊ မည်တော်နာမ၊ ခေါ်ေဝါ်ကြသည်၊ ဂဏ္႑ဒီပါယန၊ မြတ်ဓမ္မနှင့်၊ သီလသည်းခံ၊ ရသေ့ပျံကို၊ ဘုန်းလျှံတေဇ၊ တန်ခိုးပသည်၊ ဒသဘာတက၊ ညီနောင်လှရို့၊ ညွန့်ခကြောင်းရီး၊ ဖော်ပြီးမီးက၊ ပျံ့မွှီးသီလ၊ ပြည့်စုံလှသည်၊ ဂဏ္႑ဒီပါယန၊ ရသေ့ကလည်း၊ မုသာဝါဒါ၊ ေ၀ရာမဏိ၊ ယှောင်ကြည်ဘိ၍၊ မသိသူအား၊ သိအောင်ကြားအံ့၊ မှတ်သားစီလို၊ ဟုတ်တိုင်းဆို၏။ ရွယ်ပျိုကျိုင်းထွား၊ မင်းသားများရို့၊ ကြိုးစားစောင့်ထ၊ ဘီလူးမကို၊ ချိုမြရသာ၊ ပျားသကာနှင့်၊ သြဇာချိုအီး၊ ကျေွးမွီးပြုစု၊ ဦးချကော်ရော်၊ တောင်းပန်သော်က၊ စည်ထသာမို့၊ ကျော်သည့်မြို့ကို၊ နှစ်လိုရွှင်ပ၊ ဖော်၍ပြလိမ့်၊ များလှလူသျှင်၊ မြင်လီကျင်မူ၊ ခုပင်အပြီး၊ ထိုမြို့ကြီးကို၊ ခြားဆီးလှီးဖြတ်၊ သံမှိုခတ်၍၊ မချွတ်ကူးလျှက်၊ မြို့ပေါင်ဖျက်မှ၊ မြို့ချက်အမြဲ၊ သံနှင့်တွဲသော်၊ ပျံ၀ဲပြုကျင်၊ ထက်ကောင်းခင်သို့၊ ခုံပင်ကြွ၍၊ မပျံ၀ဲတည်း။ ကျန်းမြဲခိုင်ထ၊ မြို့ကိုရအံ့၊ ထွန်းပတန်းခိုး၊ လူထိပ်မိုးသား၊ ဟိုးဟိုးကျော်ကြား၊ ထိုမင်းအားလျှင်၊ မထားလျှင်စီ၊ ပြောပါလီဟု၊ မိန့်ချီသံမြ၊ ဆိုမြွက်ဟသည်၊ စောင့်ထသစ္စာမချွတ်တည်း။ ။

.



(၁၇) မချွတ်သစ္စာ၊ စောင့်နီပါက၊ ဂဏ္႑ဒီပါယန၊ တာပတလျှင်၊ မိန့်ဟစကား၊ အကြောင်းများကို၊ မထားထိုခါ၊ လျှောက်လီပါသော်၊ နာနာရူပ၊ ဘီလူးမအား၊ ချိုလှရသာ၊ ပျားသကာကို၊ အစာသိုထဲ၊ ၀စွာကျေွးက၊ ပြည်ရေးစောင့်ရ၊ ဘီလူးမလည်း၊ လောဘဆိုးလျှင်၊ စားလီကျင်သော်၊ များဖျင်ဗိုလ်ပါ၊ လူတကာရို့၊ ဒွါရာ၀တီ၊ မြို့သိင်ဂီကို၊ အသိများမြောင်၊ အားကြိုးထောင်၍။ အတောင်လိုင်ပင်း၊ တပြိုင်ချင်းဖြင့်၊ ပေါင်ရင်းကိုဖြတ်၊ တူးဖြိုလတ်သော်၊ မြို့မြတ်နယ်ကွက်၊ အလယ်ချက်ကို၊ ရိုက်နှက်ဆတ်ဆတ်၊ သံမှိုခတ်မှ၊ မချွတ်မလွဲ၊ သံဖြင့်တွဲလျှက်၊ အမြဲစောင့်မှတ်၊ ရံ၀န်းပတ်၍၊ ထားလတ်သောခါ၊ မြို့ဒွါရာလည်း၊ အာကာတိမ်ယံ၊ မပျံနိုင်ဘဲ၊ နီတိုင်းမြဲ၏။ မလွဲမှန်ထ၊ မြို့ကိုရလျှင်၊ နာမသညာ၊ သံတွယ်ရာကို၊ သိသာမည်ထင်၊ သံတွဲတွင်၏။ ဘုရင်မင်းဖျား၊ ဘုန်းတော်အားလျှင်၊ သိကြားရီနတ်၊ ဒေဝါမြတ်ရို့၊ ရိုက်ခတ်ထားကျင်၊ သံမြို့ရှင်ကို၊ မြီပြင်ကိုခွဲ၊ တောင်ကမ်းကွဲမျှ၊ မိုးထဲတိမ်ဖျား၊ လွှင့်လိုက်ငြားမူ၊ သံသားလွှင့်သံ၊ တော်လဲဟန်သို့၊ တဖန်ပျံလိုက်၊ ဂေါ်တူမြစ်တွင်၊ စင်စစ်ရောက်မှ၊ သံကြိုးကျမူ၊ မြစ်၀ကျိုက်ဆူ၊ ရီလုံးပူ၏။ ရီသူအများ၊ နီရာယှား၏၊ လိပ်ငါးငမန်း၊ ရီလုံးပြွန်းမျှ၊ ပြီးသန်းကူးရ၊ ဖြစ်ပြီးမှလျှင်၊ သိကြထိုခါ၊ ကြီးအာဏာနှင့်၊ ရာဇာဒသ၊ ဘာတကရို့၊ မုချတန်းတိုက်၊ မင်းပြုရစ်သည်၊ ရန်စစ်ခပ်သိမ်းရိုညွတ်တည်း။ ။

.



(၁၈) ရိုညွတ်ခပ်သိမ်း၊ ရန်စစ်ငြိမ်း၍၊ မုဒိမ်းဓမြ၊ ခိုးသူစသည်၊ လန့်ထကြောက်ကျင်၊ ရန်မျိုးစင်မှ၊ သောင်းခွင်ကျော်ငြား၊ ထိုမင်းများရို့၊ ပျော်ပါးမြူးစံ၊ မြို့ရှင်ပျံ၌၊ ခြွီရံများဖျင်၊ များလူသျှင်နှင့်၊ နီကျင်ပေါင်းရုံး၊ ဇမ္ဗူလုံးကို၊ သိမ်းကျူံးဆယ်စု၊ အဖို့ပြု၏။ တခုမကြွင်း၊ တုတ်ခွန်သွင်းလျှက်၊ စံခြင်းများစွာ၊ ထိုအခါ၌၊ မည်သာခေါ်ထ၊ ကုဏလဟု၊ အိုင်မ၌၀ယ်၊ ကြောက်မက်ဖွယ်သား၊ ကြီးကျယ်သာလှ၊ ကက္ကဋကို၊ ပွပွသမ်ဘာ၊ ဖူးငုံပါ၍၊ ပွင့်သာဘုန်းဟိ၊ ဆင်ဟတ္တိလျှင်၊ နင်းဘိအင်ကိုး၊ ရွတ်ရွတ်ချိုးက၊ စည်ကျိုးဘိန္ဓ၊ မြစ်သို့ကျသော်၊ လက်မအစုံ၊ မျောလီတုံက၊ ကြိုက်ကြုံထိုခါ၊ အသူရာရို့၊ မဟာသမုဒ်၊ လှိုင်းခတ်ပုတ်၍၊ နစ်မြုတ်ရီကြောင်း၊ ၀င်လီလျှောင်းသော်၊ တချောင်းအကယ်၊ ဆည်ရပေ၏။ မြဲထွေသာလှ၊ ၀ှမ််ပေါပြသား၊ စည်မစည်ကြီး၊ စည်ဘေရီးဟု၊ ပြုပြီးတုံမှ၊ ဝါသ၀နှင့်၊ တွိကြရန်မွှီ၊ နတ်စစ်မြီ၌၊ ယံှုးလီရကား၊ စွန့်ပစ်ငြားသော်၊ သိကြားတမူ၊ ရလီယူ၏။ ထိမ့်ဆူကျော်ကြ၊ အမ္မလဟု၊ တွင်ထအမည်၊ သိနားလည်လော့။ ထိုစည်အမျိုး၊ အတူကျိုး၍၊ ရီရိုးဖလာ၊ မျိုးကြရာတွင်၊ ဂင်္ဂါမြစ်ကြောင်း၊ ပါလီလျှောင်း၏။ တချောင်းတမူ၊ ကျွန်းဇမ္ဗူ၀ယ်၊ ရိပ်ဖြူဆောင်းဆောင်း၊ တကျိတ်ပေါင်းသား၊ မင်းကောင်းဒသ၊ ဘာတကရို့၊ ဒွါရာ၀တီ၊ မြို့တောင်ဆီ၀ယ်၊ နဒီမြစ်ယိုင်၊ ကမြူးစိုင်၌၊ ၀ှဲရိုင်ချမ်းမြစ်၊ ဆည်ဘိလိုက်ကာ၊ ထိမ့်ရစ်မြည်လျှက်၊ မြောက်စည်ကြက်၍၊ မပျက်တီးကာ၊ သံ၀ှမ့်ဖြာသည်၊ ဒီပါဇမ္ဗူလွန်ပတ်တည်း။ ။



(၁၉) လွန်ပတ်ဇမ္ဗူ၊ ထိမ့်ရစ်ဆူ၍၊ ခွန်ယူသိမ်းကျုံး၊ လက်ရုံးရွှင်ပ၊ ပျော်ပါးကြသော်၊ ကာလလွှဲဖောက်၊ ကိန်းခန်းရောက်မှ၊ မွှီနှောက်ချောက်ချား၊ ဟိတုံငြား၍၊ တိုင်းကားပြည်ရွာ၊ ပျက်ကိန်းသာလျှင်၊ ဖြစ်ခါနီးလတ်၊ ကပ်ဥပါဒ်ကြောင့်၊ ယွင်းချွတ်မူခါ၊ အဓမ္မာကို၊ ကျင့်ပါတခြား၊ မင်းသားများရို့၊ တရားသိမှတ်၊ ရသေ့မြတ်ကို၊ ယွင်းချွတ်စိတ်တွင်၊ ပြစ်မှားကျင်၍၊ အကြင်ယောက်ကျား၊ သူတပါးကို၊ ဟိငြားကိုယ်၀န်၊ ပဋိသန်လျှင်၊ အဟန်ပြုထွေ၊ ဆောင်ယူလေပြီး၊ သနေ္ဓတည်ငြား၊ ထိုယောက်ျားမူ၊ လများအကယ်၊ မည်သည်နိတွင်၊ ဖွားမြင်မည်နည်း။ မီးလှည့်ထိုခါ၊ ပညာမြင်မြော်၊ ရသေ့ကျော်လည်း၊ လူ၀ယ်ဒသ၊ ဘာတကရို့၊ ကာလမရှည်၊ ပျက်လတ်မည်ကို၊ အခြေသိထင်၊ ထို့နှယ်မြင်၍၊ ဆင်ခြင်ညာဏ်ဖြာ၊ ကြည့်ရှုရာသော်၊ ကိုယ့်မှာတုံလည်း၊ ကြိုက်ကြုံပြန်ရာ၊ ဤနှေသာဟု၊ မှန်စွာတပ်တပ်၊ စိတ်၀ယ်မှတ်၍၊ မချွတ်မမှား၊ ဤယောက်ျားလျှင်၊ ဆန့်ထားရွီတွက်၊ ခုနှစ်ရက်၌၊ တချက်မမှား၊ ရှားတုံးဖွားအံ့။ ထိုရှားပျက်က၊ သာဂရဟု၊ ရာဇမင်းနွယ်၊ ဇမ္ဗူလယ်၌၊ အကယ်ကျင်းကျင်း၊ ပျက်လတ်လျှင်းအံ့။ သံညှင်းမြွက်ဟ၊ ဆိုပေကလျှင်၊ ခနမကြာ၊ လူများစွာရို့၊ ထိုခါလက်ထောက်၊ ဒုတ်အုတ်ကျောက်ဖြင့်၊ တယောက်တချက်၊ ရိုက်ခတ်နှက်သော်၊ ညက်ညက်ကြီကြီ၊ ရသေ့သီ၏။ တလီမင်းပေါင်း၊ ကြားလတ်လျှောင်းသော်၊ လျှင်ကြောင်းထိုခါ၊ သင်းဂြိုလ်လာပြီး၊ မှာရေစကား၊ မီးလတ်ငြားမူ၊ မမှားထိုထို၊ ရသေ့ဆိုဟန်၊ လျှောက်ကြားပန်က၊ လျှင်မြန်ဖမ်းငြား၊ ထိုယောက်ျားကို၊ မထားမလွှတ်၊ ခြီချင်းခတ်၍၊ ရံပတ်၀န်းလျား၊ လူအများနှင့်၊ ထံပါးမြဲပေ၊ စောင့်ရှောက်စေသည်၊ ကြည်ထွေညီနောင်မင်းမြတ်တည်း။ ။





(၂၀) မင်းမြတ်ညီနောင်၊ ကြိုးစားဆောင်၍။ များမြောင်ခြံရံ၊ စောင့်ရှောက်ပြန်သော်၊ အမှန်ကွက်ကွက်၊ ခုနှစ်ရက်သည်၊ ရွီတွက်ကြုံခါ၊ ဤလူ့ရွာ၌၊ တခါရံထူး၊ မကြားဖူးတည််း၊ အထူးဆန်းပြား၊ လူယောက်ျားလျှင်၊ ခေါ်ငြားမရ၊ လူမိမ္မသို့၊ ဖြစ်ထလီငြား၊ ရှားတုံးဖွား၏။ လူများတကာ၊ ကြောက်လန့်ပါ၍၊ လျှင်စွာပစ်ခါ၊ လှိုင်းသာလွတ်ချောက်၊ ကမ်းသို့ရောက်၍၊ မထောက်တင်ရစ်၊ ရှားပင်ဖြစ်၏။ အနှစ်များစွာ၊ မြင့်ရှည်ကြာ၍၊ ရာဇာဒသ၊ ဘာတကရို့၊ ငြိမ်းမျှသံသာ၊ ပဉ္စင်္ဂါနှင့်၊ မဟာသမဇ္ဇံ၊ သဘင်ခံကာ၊ တင့်စံသာလှ၊ တပေါင်းလ၀ယ်၊ ရွှင်ပပျော်ပါး၊ ရီကစားသော်၊ တက်ငြားထိုခါ၊ ဖြားရောက်ရာ၌၊ သီစာသောက်ထ၊ မိပျော်ကြလျှက်၊ ယစ်၀ကိုင်ငင်၊ လုံးထွီးကျင်၏။ မြူးရွှင်ကြီစား၊ စိုက်ရန်ပွားသော်၊ ယူငြားထစ်ထစ်၊ မျှားနှင့်ပစ်က၊ စင်စစ်ဧကန်၊ မျှားလင်းကန်လျှင်၊ အမှန်ထိုတွင်၊ ဖြစ်လတ်ကျင်၏။ နာကြင်မိထ၊ မာန်မာနဖြင့်၊ ရန်စခြုတ်ခြေ၊ ဒေါသသွယ်လျှက်၊ မတွယ်မညှာ၊ ထိုးခွတ်ပါသော်၊ များစွာမိုက်လူ၊ ကျက်ကျက်ဆူ၍၊ ကွပ်မူမနိုင်၊ တိမ်းယိမ်းယိုင်၏။ တပြိုင်နက်ပင်၊ ပြုလတ်ကျင်က၊ ယူငင်မသာ၊ သူ့ထက်ငါလျှင်၊ ရေရာမရ၊ ထိုးသတ်ကြသော်၊ မင်းကမလွတ်၊ ဒေ၀ီထွတ်နှင့်၊ မူးမတ်အနွယ်၊ မျိုးကိုးသွယ်ရို့၊ ထို၀ယ်ကျင်းကျင်း၊ သီတုံလျှင်းသည်၊ ပြည်တွင်းပြည်မမလွတ်တည်း။ ။

.



(၂၁) မလွတ်ပြည်မ၊ ပြည်တွင်းစသား၊ များလှရုံးစု၊ ထိုးခွတ်ပြုသော်၊ ဝါသုဒေ၀၊ စောမင်းကလည်း၊ ဗလဒေ၀၊ ညီမင်းလှနှင့်၊ အဉ္စနဒေ၀ီ၊ သိင်ဂီရွှီဘော်၊ နှမတော်ကို၊ ခေါ်တော်မူပြီး၊ ပရောဟိလည်း၊ ပါဘိကိုယ်ကြပ်၊ လက်ချင်းစပ်၍၊ မြောက်ရပ်တူရူ၊ လားတော်မူ၏။ နှမ့်ဆူကျော်ကြား၊ မင်းနှစ်ပါးရို့၊ ရှည်လျှားရှိခါ၊ သံသရာက၊ ကြမ္မာစိုင်ဆိုက်၊ ၀ိပါက်လိုက်၍၊ ရန်ခိုက်နှင့်တွိ၊ ခန္ဓာရွှိလျှက်၊ စုတိဘ၀င်၊ ချုပ်လီကျင်မူ၊ ဆင်းအင်ပြည့်လှ၊ အဉ္စနနှင့်၊ ဗြဟ္မဏတွင်ဘိ၊ ပရောဟိရို့၊ ပေါင်းမိမသွယ်၊ လားကြပေသော်၊ ကျော်၀ယ်နှမ့်သိ၊ ေ၀သာလိဟု၊ ခေါ်ဘိတင်မြောက်၊ ပြည်သို့ရောက်၏။ ဘုန်းတောက်သနင်း၊ ထိုပြည်မင်းလည်း၊ ဖြစ်ခြင်းရောဂါ၊ ေ၀ဒနာကြောင့်၊ မကြာလျှင်လျှား၊ စုတိငြားသော်၊ သားနှင့်မြီးမြစ်၊ မကျန်ရစ်၍၊ ပြည်၌များစွာ၊ မူးမတ်ရာရို့၊ ညီညာကြိုးစား၊ ပြုသောအားဖြင့်၊ ပုဏ္ဏားသာလှ၊ ဗြဟ္မဏနှင့်၊ အဉ္စနဒေ၀ီ၊ ဆင်းလှရွှီကို၊ သိင်ဂီဥကင်၊ ထီးနန်းတင်၏။ သာရွှင်၀မ်းမြောက်၊ ဘိသိက်မြှောက်၍၊ ငြိမ်းလှောက်သာယာ၊ စံပြီးခါမှ၊ ပုတ္တာသားလှ၊ ဗြဟ္မသုန္ဒရာ၊ စောသတ္တာသည်၊ ေ၀သာလီက၊ ပြောင်းပြီးမှလျှင်၊ များဖျင်အလေး၊ ဗိုလ်စည်းေ၀းနှင့်၊ ငခွေးသင်းတောင်၊ မြို့တည်ထောင်၏။ ထို့နောင်စိုးထွေ၊ ခြောက်နှစ်ပေတည်း။ ရှည်ရှည်လျားလျား၊ မြို့စိုင်များနှင့်၊ ပုဏ္ဏားမျိုးနွယ်၊ မိုးထက်ကြယ်သို့၊ ဆက်သွယ်များစွာ၊ စိုးငြားပါသော်၊ ရီသာစိမ်းမြ၊ ဂစၦပ၏၊ ဒက္ခိဏဂါမာ၊ ကမ်းပါးသာ၌၊ နဝါန၀၊ နာမဘွဲ့မည်၊ ကိုးဆယ်ကိုးမြို့၊ မချို့အင်္ဂါ၊ ကိန်းသချၤာမူ၊ နှစ်ရာပြည့်လုတ်၊ နှစ်ပါးယုဂ်၏။ အဟုတ်မင်းပေါင်း၊ စိုးအုပ်လျှောင်း၍၊ ပြန်ပြောင်းတည်ထ၊ ပြုကုမ်ကြလျှက်၊ နာမသမိုက်၊ ထီးနန်းစိုက်သည်၊ မှတ်ပိုက်တံဆိပ်ခတ်လတ်တည်း။ ။

.



(၂၂) ခတ်လတ်တံဆိပ်၊ ရန်မျိုးနှိပ်၍၊ ဘုန်းရိပ်ထွန်းပ၊ ရာဇညရို့၊ ဂစၦပနဒီ၊ မြစ်ဆီလက်ယာ၊ ရှိပြုဗ္ဗာက၊ တည်လာအစ၊ ပထမမူ၊ ဒွါရ၀တီ၊ ဌာနီသမိုက်၊ ထီးနန်းစိုက်မှ၊ ပဏ္ဏ၀တီ၊ သဗ္ဗလီတည်း။ မင်းသမီးပြင်၊ မင်းသားပြင်နှင့်၊ သက်တင်၀န်းချုံး၊ ဆင်ကုန်းတကြောင်း၊ ပေါင်းလောင်းပင်တိုင်၊ တိုင်ချိုင်မည်ဆောင်၊ ကာ၀န်းတောင်ပြိုင်၊ စိမ်းညှင်းအိုင်ပြင်၊ ရထိန်တွင်လျှောင်း၊ ကျွန်းပေါင်းလောင်းက၊ အင်းချောင်းတည်ထောင်၊ နနွင်းတောင်လျှင်၊ သောက်ရှုးပြင်ခေါင်၊ စည်ဘောင်တောင်ရဲ၊ ပုလဲတောင်လျှင်၊ ဂင်္ဂါပြင်ဟူ၊ တောင်ဖြူတောင်ပင်၊ ထီး၀န်းတင်ပေ၊ မုစ္စရေဟု၊ ေ၀လုပဗ္ဗတ၊ နာမခေါ်ထူး၊ ထင်းရူးတောင်ခန်း၊ ငန်းတောင်၀န်းနှင့်၊ ရီချမ်းအိုင်ကောင်း၊ ရွှီပန်းတောင်းသာ၊ ပဉ္စာမည်လျှောင်း၊ ကျောက်ပန်းတောင်းဟုတ်၊ သီရိဂုတ်က၊ ဓည၀တီ၊ သိင်ဂီမျိုးမြင့်၊ ကံသုံးဆင့်နှင့်၊ အဇ္ဇရ၀တီ၊ သီရိမာ၀တီ၊ ခေါ်ညီတွင်ဆို၊ ရာဇဂြိုဟ်က၊ ရဏ္ဏ၀တီ၊ ေ၀သာလီမှ၊ တလီမုက္ချ၊ ကုမ်ဘ၀တီ၊ တချီီတွင်ထ၊ ဘရ၀ဏ၊ သု၀ဏ္ဏဂီရိ၊ ဆိုဘိမယွင်း၊ လီညှင်းတောင်က၊ စန္ဒနနှင့်၊ ပါသိ၀ဆိုင်း၊ သ၀င်ကိုင်းက၊ ပြိုင်းတိုင်မည်နှင်း၊ ငခွေးသင်းတောင်၊ ငါးရီတောင်မှန်၊ ငဆဒ္ဒါန်ပေ၊ ကြက်သရေတောင်လျှင်၊ စည်သဘင်တောင်ကောင်း၊ ငရံချောင်းထက်၊ စမ္ပ၀က်တောင်၊ မောင်ပုံတောင်ကိုင်း၊ ပြိုင်းတိုင်တောင်ဖြူ၊ ကိန်းသာဟူပြန်၊ သလွန်တောင်ကောင်း၊ ပိန္နဲချောင်းဟူ၊ ဆင်ဖြူကျွန်းသာ၊ တခါအမှန်၊ ကာတန်တောင်ဆက်၊ ပုသင်တက်ပါ၊ သေလာတွင်ဘိ၊ ရင်ကတိသာ၊ သမ္မာ၀တီ၊ စုံညီသာမို့၊ ပရိန်မြို့ထောင်၊ မာန်အောင်တဖြာ၊ ကျွန်းနံသာနှင့်၊ ပန်းနံသာက၊ ကက္ခရပဗ္ဗတ၊ နာမဂဏန်းတောင်၊ ထိို့နောင်တသုံး၊ လှံရုံးသဖွယ်၊ တောင်သုံးဆယ်မှန်၊ သရဘန်ဆိုင်၊ နဂါးအိုင်နှင့်၊ တပင်တိုင်ဟူ၊ တောင်ဖြူတောင်သာ၊ နီလာတောင်မျိုး၊ လွန်ရိုးတောင်ဟုတ်၊ ဂုတ်မြို့ခေါ်ထို၊ လင်းဟုဆိုထ၊ ကမ္ဗလ၀က်၊ သရက်တောင်ပြီး၊ မနီးမယွင်း၊ စစ်တလင်းထား၊ ကျောက်လှေကားဟူ၊ မှန်ကူတချို့၊ လင်းမြို့မှန်ထ၊ မြေမြို့သချည်း၊ နေရဉ္စရာ၊ ကုသ၀ဒီ၊ ခေါ်ညီသာယာ၊ စမ္ပာ၀တီ၊ စုံညီသာစွာ၊ လက်ယာဘက်မှာ၊ ဆက်ကာစိုင်၍၊ ရွီတွက်ခယ့်သော်၊ ကိုးဆယ့်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့ထီးနန်းတည်လတ်တည်း။ ။

.



(၂၃) တည်လတ်ထီးနန်း၊ တစိုင်ထွန်း၍၊ ဆိပ်ကမ်းသာလှ၊ ဂစၦပ၏၊ ပစေၦမဒေသာ၊ နောက်မျက်နှာ၌၊ တည်လာအစ၊ ပထမမူ၊ ကျီးမသရေ၊ ခေါ်ပေထင်ရှား၊ ကုလားပန်းဇင်း၊ မယွင်းပြုပ္ပာ၊ ဂန္ဓာမစၦိမ၊ ပဘင်္ဂလျှင်၊ ဂဇင်ကလ၊ သန္တလရာဇ်၊ ဖြစ်သည်တဖြာ၊ စေကာကရာဇ်၊ သေတာရာဇ်မှ၊ ပပ္ပတရာဇ်၊ စုလရာဇ်သာ၊ ကာလကရာဇ်၊ တလှစ်မှန်စွာ၊ ပဋိကာလ၊ တည်ထနဒီ၊ အညီမှတ်ကြ၊ ပဉ္စကာမ၀တီ၊ တလီထိုမှ၊ တဉ္စရဉ္စရာ၊ တခါဆိုဟူ၊ အစ္စန္တုဘ၊ သု၀ဏ္ဏဂီရိ၊ မည်ဟိခေါ်ပြု၊ ေ၀ဠုရတ၊ နာမတွင်ဘိ၊ ပဋိကရာနာဂရ၊ လောရမ္မနှင့်၊ ပဌမနဂိုရ်၊ ထိုထိုသာယာ၊ ရမ္မာပူရ၊ လောက္ကရက၊ သမ္မာပူရ၊ လောက္ခရတ၊ စက္က၀ဏ္ဏ၊ သမ္မာဝါရာ၊ ေ၀သာပန်းတောင်း၊ တကြောင်းထိုမှ၊ တက္ကရမှန်၊ ငတန်သူရဲ၊ မလွဲတဆစ်၊ မလ္လရာဇ်က၊ ယက္ခဂန္ဓ၊ သမ္မဂီရိ၊ ခေါ်ဘိမှန်စွာ၊ ဂန္ဓဂီရိ၊ စတုရိနှင့်၊ ပုလိန္နရာဇ်၊ စိုင်ဆိုက်မှတ်ကြ၊ အ၀ိန္ဒတ၊ ကေကကရာဇ်၊ ဖြစ်သည်မယွင်း၊ ဆားတလင်းကြုန်း၊ ခမောင်းတုန်းဆိုင်၊ သရက်အိုင်ဆောင်၊ ငကြေးတောင်လျှင်၊ ဘုန်းပြင်ခေါ်ဆောင်၊ သပိတ်တောင်နှင့်၊ ယင်ပေါင်တောင်မင်း၊ အင်ကြင်းတောင်မွန်၊ ရွှီစင်္ကြန်ပေ၊ ဆင်သေတဖန်၊ ဆဒ္ဒန်အိုင်မှန်း၊ သ၀င်ကျွန်းနှင့်၊ စစ်တန်းတင်ဘက်၊ သမက်ခေါ်ထ၊ ယောက္ခမတည်း။ ဆံထုံးဖွေးဟူ၊ သလူတောင်စပ်၊ တပ်မြို့မည်မှန်း၊ တောင်ကျွန်းခေါ်ဆောင်၊ ကျက်တောတောင်မှ၊ ကာသုရတုံ၊ ထောက်ဆုံမလွဲ၊ တဲလမုချောင်း၊ တကြောင်းသည်နောက်၊ ပီတကောက်မှန်း၊ ပီကျွန်းသမန္ဒရာဇ်၊ စစ်စစ်မှန်သော၊ ပတကောလျှင်၊ တင်တိုင်းသင်တောင်၊ ခြငေ်္သ့တောင်နှင့်၊ မြင်းသီတောင်ဖြစ်၊ ဘန္တရာဇ်ဆိုင်၊ ကင်းမိအိုင်ဆုံ၊ မထုံခေါ်မြို့၊ ရဲရို့ပင်တိုင်၊ ကျန်းခိုင်မောက်မောက်၊ သီမသောက်ဆို၊ သားပျိုငိုငြား၊ ကျောက်တန်းခါးဟုတ်၊ တရုပ်ကာညီ၊ ခွီးသီမှန်လတ်၊ ဥဒေါင်း၀တ်လျှင်၊ သက်ကျမ်းပြင်က၊ ခေါ်တွင်မှန်စွာ၊ မြို့သာယာနှင့်၊ မလ္လာမည်၀င်၊ မြင်းသီပြင်လျှင်၊ အောင်သာပြင်က၊ နီလာပြင်မြောက်၊ ငကျိုင်တောက်ဟူ၊ ဆင်ဖြူတောင်ကျော်၊ ကံံ့ကော်တောင်ကောင်း၊ ညောင်ချောင်းတွင်ငြား၊ စိမ်းညှင်းပြားဟူ၊ ပျားသားယူက၊ သြရမဟု၊ စည်ကြများပေ၊ ရွီတွက်ချေသော်၊ ကိုးဆယ်ကိုးမြို့၊ အစို့စို့ကို၊ မင်းရို့တည်ထ၊ ထီးနန်းချသည်၊ နာမသမိုက်မည်လတ်တည်း။ ။

.



(၂၄) မည်လတ်သမိုက်၊ ထီးနန်းစိုက်၍၊ ဘုန်းမြို့ထွန်းပ၊ ဗြဟ္မဏ၏၊ စိုးထတိုးစည်၊ ဆက်ကာသွယ်လျှက်၊ အနွယ်များစွာ၊ ဖြစ်ခြင်းရာကို၊ ရွီးကာဖော်ညွှန်း၊ ပိုကျယ်၀န်း၍၊ စိစေ့ဆိုထ၊ ရုံး၍ပြအံ့၊ တရာ့ကိုးဆယ်၊ သျှစ်မြို့၀ယ်တွင်၊ အနွယ်ပုဏ္ဏား၊ နောင်ဖျားဆုံးစွန်၊ သရဘန်ဟု၊ ကျော်လွန်သတင်း၊ ထိုသည်မင်းလျှင်၊ ဆင်မြင်းရထား၊ ခြီသည်များနှင့်၊ တည်ထားပြောင်းရွှိ၊ ေ၀သာလိဟု၊ ဘုမ္မိနက်သန်၊ မြီကြန်ညီညွတ်၊ မြို့မြတ်တည်လျှက်၊ ဆယ့်ခြောက်ဆက်တွင်၊ မြောက်ဖက်ရပ်မှာ၊ ဟေ၀န္ဒာ၏၊ ရီသာညိုမြ၊ ဂစၦပတွင်၊ ပစ္စုံသျှင်မိုး၊ ရွာသွန်းဖြိုးက၊ ဟိုးဟိုးများစွာ၊ စီးကျလာလျှင်၊ ထိုတွင်နီထ၊ ဆတ်မကမူ၊ ကြောက်လှကြီးကျင်၊ ညောင်ကြပ်ပင်ကို၊ ခုံမင်ကြွကြွ၊ အရကိုးလျှက်၊ ခိုမှီတက်၏။ တချက်ထိုထို၊ မျောက်ဖိုကလည်း၊ စိမ်းမြညွှန့်ရှင်၊ သဖန်းပင်၀ယ်၊ ခုံမင်တက်မှု၊ နီကုန်ပြု၏။ ရီထုများလှ၊ ပြည့်လတ်ကလျှင်၊ ဆတ်မမျောက်ထီး၊ အပြီးထိုခါ၊ မျောလီပါသော်၊ သေလာဂီရိ၊ အမည်ဟိသား၊ များသိနှမ့်ဆောင်၊ ကျောက်တော်တောင်သို့၊ ရီကြောင်းပို့ကျင်၊ ရောက်လီလျှင်သော်၊ တူပင်မပြား၊ နီတုံငြားက၊ နှစ်ပါးဆုံထ၊ ပေါင်းဖော်ကြသည်၊ နှစ်လရက်ကြာနီလတ်တည်း။ ။

(၂၅) နှစ်လရက်ကြာ၊ နီသောခါ၌၊ တိရိစၦာန၊ ထိုဆတ်မသည်၊ ပုပ္ပနမိတ်၊ အကြောင်းဟိတ်ကြောင့်၊ သုံးကျိတ်နှစ်ယောက်၊ တွက်ရွီမြောက်သား၊ အံံ့လှောက်ထွေပြား၊ သားကိုဖွား၏။ ထိုသားရို့တွင်၊ တချို့သားကား၊ ငှက်ဖြစ်ငြား၍၊ ပျံလားတုံမြောက်၊ ဥပွားပေါက်၏။ တချို့သားကား၊ မှန်ငြားစင်စစ်၊ လူလျှင်ဖြစ်က၊ လူ၌၀င်ပြီး၊ ပေါင်းဖော်မှီး၏။ သားကြီးဖြစ်ထ၊ အားဗလနှင့်၊ နာမတွင်ပြန်၊ ငဆဒ္ဒါန်လျှင်၊ တဖန်ခေါ်ဘိ၊ ပက္ခမိနှင့်၊ ထိုပြီးတလှစ်၊ ငရဲခိုက်တည်း၊ စင်စစ်မှန်ညီ၊ ရက္ခနီဟူ၊ တူပြီးယှဉ်ထ၊ ဘီလူးမနှင့်၊ သင့်တင့်ပေါင်းမှု၊ ငရဟုတည်း၊ ဆွီစုမျိုးချည်း၊ ငပါးသဲလျှင်၊ နက်မဲအရုပ်၊ ငလကုတ်ရို့၊ ကြမ်းကြုတ်မိုက်မူး၊ စွယ်ပြူးပြူးနှင့်၊ ဘီလူးမသား၊ ဖြစ်ငြားတုံမြောက်၊ ခုနစ်ယောက်တည်း။ မွှီနောက်တုံထ၊ မောင်နှမရို့၊ ဖိုမကာမေ၊ နီကုန်ပေ၏။ ဖွေဖွေရှာရှာ၊ ရပ်ဒီသာကို၊ လှည့်ကာပတ်လျှက်၊ မိုးထက်ဆိုင်းဆာ၊ ညဆိုင်းဆာကို၊ ေ၀သာလိမည်၊ ထိုသည်ပြည်၌၊ နီသည်မချား၊ လူအများကို၊ ဖမ်းငြား၍သာ၊ စားကြပါသော်၊ ပြည်သာစိုးခြင်း၊ ထိုသည်မင်းလည်း၊ ဆင်မြင်းရထား၊ ခြီသည်များနှင့်၊ လူသားစားကြူး၊ တောဘီလူးနှင့်၊ နှစ်ဦးပူးဆိုင်၊ စစ်ရေးပြိုင်သော်၊ ကြီးခိုင်အားအန်၊ ငဆဒ္ဒါန်လျှင်၊ ဆင်ဟန်ဖန်ဆင်း၊ လိုက်လီလျှင်း၍၊ အတင်းဖမ်းငြား၊ မင်းကိုစားက၊ ပုဏ္ဏားမျိုးနွယ်၊ ပျက်ကိန်းသွယ်သည်၊ ပြီးဖယ်လူများကြောက်ရွံ့တည်း။ ။

.



(၂၆) ကြောက်ရွံ့လူများ၊ ပြီးယှောင်လား၍၊ ထင်ရှားခေါ်ဘိ၊ ေ၀သာလိဟု၊ တွင်ဘိအမည်၊ ထိုရွှီပြည်ကို၊ ပတ်လည်ရံငြား၊ ဘီလူးစားက၊ တိုင်းကားပြည်ရွာ၊ ချောက်ချားခါ၌၊ မဟာနာဂရ၊ ကပ္ပိလကို၊ အဇ္ဇုနမင်း၊ ဖယ်ခွာလျှင်း၍၊ သီတင်းသုံးရာ၊ ရှိကြမ္မာကြောင့်၊ တောအောင်းနီထ၊ ထိုဆတ်မနှင့်၊ သံဝါကိစ္စ၊ တွိဆုံကြခါ၊ ဣန္ဒမာယု၊ ခေါ်ကြပြုငြား၊ သားကိုဖွား၏။ လူလားမြောက်ခါ၊ တေဇာကြီးထု၊ မာရယုကား၊ စစ်ပြုဆိုင်တိုက်၊ ငရက္ခိုက်ဟု၊ ၀န်း၀ိုက်နီငြား၊ ဘီလူးများကို၊ ထွားထွားညက်ညက်၊ အကုန်ဖျက်မှ၊ အောင်ချဌာန၊ ထိုကစ၍၊ တွင်သနွယ်ရိုး၊ ရခိုင်မျိုးဟု၊ ပတ်ဟိုးနှမ့်သိ၊ ကျော်ဇောဘိ၏။ မှတ်သိခေါ်ပြု၊ မာရယုဟု၊ ကြီးထုတေဇာ၊ မင်းမဟာလျှင်၊ တည်လာအစ၊ ပထမသည်၊ ဓည၀တီ၊ မြို့ဌာနီ၌၊ လောကီဈာန်ဖြစ်၊ ဆယ့်ခြောက်နှစ်တည်း။ သားချစ်သားငယ်၊ မာရဇေကား၊ ရွှီပြည်စိုးလှစ်၊ သုံးဆယ့်နှစ်တည်း။ တရစ်စိုးတုံ၊ မာရအုံကား၊ ရွှီဘုံနန်းမှာ၊ တိပဉ္စာတည်း။ မာရရွယ်လျှင်၊ စိုးသည်မှန်ဖြစ်၊ လေးဆယ့်သျှစ်တည်း။ သားချစ်ခေါ်တွင်၊ မာရကင်ကား၊ စံရွှင်ပျော်ပါး၊ ငါးဆယ့်ငါးတည်း။ နွယ်များမတိမ်၊ မာရဇိန်မူ၊ ရွီယူတွက်ကျုံး၊ သုံးဆယ့်သုံးတည်း။ ပြိုင်နှုန်းမမြင်၊ မာရတင်ကား၊ နန်းခွင်စံငြိမ်း၊ ဒွေးတရိန်းတည်း။ စိုးသိမ်းပျော်လျှက်၊ ခုနှစ်ဆက်တွင်၊ ကျက်ကျက်ရန်ငြို၊ ငဆတ်အိုသည်၊ ကြည်ညိုမဟိ၊ ပုန်ကန်ဘိ၍၊ ဧက၀ိသာ၊ နှစ်သင်္ချာတွင်၊ ခန္ဓာငါးတန်၊ ပြတ်လီပြန်မှ၊ နန်းရံမင်းစစ်၊ သျှစ်ဆက်ဖြစ်၏။ နှစ်ကိုပေါင်းကာ၊ တွက်ရွီပါက၊ သုံးရာသုံးဆယ်၊ ခြောက်နှစ်၀ယ်လျှင်၊ အကယ်မှန်စွာ၊ ဖြစ်လီပါသည်၊ တခါနန်းရိုးဆက်ပြန်တည်း။ ။

.



(၂၇) ဆက်ပြန်နန်းရိုး၊ ရွှီထီးမိုး၍၊ နွယ်မျိုးသန့်စင်၊ မာရတင်ဟု၊ မည်ပင်တွင်ခြင်း၊ ထိုသည်မင်း၏၊ သားကြီးဖြစ်ထ၊ ကြီးတေဇနှင့်၊ ဒွါလစန္ဒရား၊ နန်းတက်ငြားခါ၊ နှစ်မှာလေးဆယ်၊ ချမ်းသာပေစွ၊ ဆိုကုန်ကြ၏။ သောလစန္ဒရား၊ ထိုမင်းဖျားမူ၊ တွက်ငြားရွီကျုံး၊ သုံးဆယ့်သုံးတည်း။ လက်ရုံးကြီးထ၊ နီနှင့်လသို့၊ သူရိယစန္ဒရား၊ မင်းမြတ်ကားမူ၊ စံစားသုံးဆယ်၊ ခုနှစ်၀ယ်တည်း။ ဘုန်းကြွယ်ထွန်းပ၊ တုမမျှသည်၊ ကာလစန္ဒရား၊ လေးဆယ်စား၏။ သားတဉ္စစန္ဒရား၊ ခြွီရံများနှင့်၊ စံငြားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တန်းထစ်ရွီမှု၊ မှတ်တော်ပြုလော့၊ မဓုစန္ဒရား၊ နှစ်ဆယ်အားဖြင့်၊ စံစားပြီးမှ၊ ရန်မျိုးခ၏။ ဇေယစန္ဒရား၊ အောင်ဆုပွား၍၊ စိုးငြားအုပ်ခါ၊ လေးဆယ်သာတည်း။ မောက္ခစန္ဒရား၊ မူးမတ်များနှင့်၊ ထင်ရှားကျော်ချောက်၊ နှစ်ဆယ့်ခြောက်တည်း။ တယောက်မှန်ထ၊ သားပုတ္တမူ၊ ဂုဏစန္ဒရား၊ ရွီှနန်းအားကို၊ သိမ်းငြားစိုးထ၊ ဒွါဒသတည်း၊ ဒိပ္ပကျော်ကြား၊ စန္ဒရားကို၊ မြိုမတ်သုံးယောက်၊ ပုန်ကန်မြောက်၍၊ လွဲဖောက်လီငြား၊ မတ်သုံးပါးတွင်၊ ရှိဖျားအမတ်၊ စိုးအုပ်ကွပ်သော်၊ ရက်မှတ်သတ္တာ၊ တယောက်မှာကား၊ မှန်စွာသုံးလ၊ တယောက်ကမူ၊ သျှစ်လဟူ၏။ စိုးယူသိမ်းမြန်း၊ အောင်ခန်းထိန်လင်း၊ ကိုးဆက်မင်းရို့၊ စိုးလျှင်းသောခါ၊ နှစ်ပေါင်းမှာမူ၊ နှစ်ရာ့သျှစ်ဆယ်၊ မှန်ပေထစ်ထစ်၊ စိုင်ဆက်ဖြစ်သည်၊ ထောင်လှစ်ထီးနန်းထပ်မံတည်း။ ။

.



(၂၈) ထပ်မံထီးနန်း၊ တည်လတ်ထွန်း၍၊ တန်ခိုးကြီးလှ၊ နီနှယ်ပသည်၊ ဂုဏစန္ဒရား၊ ထိုမင်းဖျား၏၊ ဖွားထပုတ္တာ၊ ကံရာဇာကြီး၊ စိုးပြီးအုပ်ကာ၊ လေးဆယ်မှာ၀ယ်၊ စွန်းပါတနှစ်၊ ဖြစ်တုံရစ်၏။ ညီချစ်ကနိဌာ၊ လောင်းပွင့်လျာမူ၊ ကံရာဇာငယ်၊ တင့်တယ်ထွန်းပ၊ ဆတ္တိသတည်း။ ဣန္ဒသူရိယာ၊ ပံတိသာနှင့်၊ ဆက်ကာရိပ်ငြိမ်၊ အသူရိန္ဒ၊ သူရိယလျှင်၊ စိုးထသက္က၊ သုံးဆယ်ပြ၏။ သာရမိတ္တ၊ စိုးအုပ်ပသည်၊ အဋ္ဌ၀ီသ၊ သူရိယမူ၊ ဧကတရိန်း၊ ဖြစ်တုံပြီးမှ၊ မင်းထီးမင်းပါ၊ နှစ်ပါးမှာကား၊ ဓမ္မ၀ီသ၊ အညီမျှ၏။ သည်ပထိုနောင်၊ မင်းစည်ပေါင်ကား၊ တွက်ငြားရွီစစ်၊ နှစ်ဆယ့်သျှစ်တည်း။ ညီချစ်အရင်း၊ တံတိုင်းသင်းနှင့်၊ ပွင့်လင်းစည်ပင်၊ ကျော်ခေါင်စင်ဟု၊ ဖြစ်ကျင်တုံငြား၊ မင်းနှစ်ပါးရို့၊ မခြားစိုးရစ်၊ သုံးဆယ့်တစ်စီ၊ ခတ်လစ်တံဆိပ်၊ စန္ဒမိတ်ကား၊ စိုးငြားတုံရစ်၊ နှစ်ဆယ့်တစ်တည်း။ ဖြစ်သည်စိုင်လျှက်၊ ဆယ့်နှစ်ဆက်လျှင်၊ ရွီတွက်စစ်ခါ၊ နှစ်ဝါသာကား၊ သုံးရာ့ငါးဆယ်၊ ခြောက်နှစ်သွယ်သည်၊ စံပယ်ရွှင်ပနတ်ဟန်တည်း။ ။

.



(၂၉) နတ်ဟန်ရွှင်ပ၊ အနန္ဒဟု၊ အဘယရာဇာ၊ အတ္တိသာတည်း၊ လက်ယာစည်သူ၊ ဒွတ္တိဟူ၏။ မြင့်မူစိုးရ၊သီဟကလည်း၊ ရွှီထမှန်ကျုံး၊ လေးဆယ့်သုံးတည်း။ ပတ်ကုန်း၀န်းရံ၊ မင်းဘုန်းသန်ကား၊ ပျော်စံတုံရစ်၊ သုံးဆယ့်တစ်တည်း။ တထစ်စံသီး၊ သက္ကမွှီးက၊ န၀စတ္တာ၊ အုပ်ချုပ်ပါ၏။ ဇေယျနန္ဒသူ၊ ဘုန်းညွန့်လူသည်၊ ရိပ်ဖြူဖြန့်လှစ်၊ ငါးဆယ့်တစ်တည်း။ တလှစ်တုံမူ၊ တက္ကသူကား၊ ရွီယူချီမြောက်၊ လေးဆယ့်ခြောက်တည်း။ ကျော်ချောက်ကြေငြာ၊ လက္ခဏာကား၊ သတ္တာတရိ၊ စိုးစံဘိ၏။ မှတ်သိတုံလှစ်၊ ဂုဏရာဇ်ကား၊ သျှစ်နှစ်လေးဆယ်၊ အသိလွယ်တည်း။ နီနှယ်ထွန်းသစ်၊ သီ၀ရာဇ်ကား၊ အက်နှစ်တရိ၊ စိုးစံဘိ၏။ မည်ဟိကျော်ဟီး၊ မင်းလှမွှီးကား၊ စံစားတုံဖြစ်၊ သုံးဆယ့်တစ်တည်း။ တလှစ်ထိုမှ၊ ပူရိန္ဒလျှင်၊ ဓမ္မဆဋ္ဌ၊ စိုးပိုင်သ၏။ သိဒ္ဓတကုမ္မာ၊ ဒွေး၀ိသာနှင့်၊ စိုင်ကာဆက်ပြီး၊ မင်းလှကြီးကား၊ ရွှီထီးဖြန့်ထ၊ သတ္တစာလိ၊ ဖြစ်တုံဘိ၏။ ဘုန်းဟိသာစည်၊ မင်းလှငယ်ကား၊ နှစ်ဆယ့်လေးနှစ်၊ စည်းစိမ်ဖြစ်၏။ ရွီစစ်နှစ်မှာ၊ တွက်ခြစ်ပါမူ၊ ပဉ္စာန၀၊ ပညာသတည်း။ ရာဇဘုန်းမိုး၊ ရွှီနန်းစိုးသား၊ နွယ်ရိုးဝံသ၊ စိုင်၍ပြသော်၊ ဖြစ်ထတုံငြား၊ တဆယ့်ငါးသည်၊ ထင်ရှားမင်းဆက်အမှန်တည်း။ ။

.



(၃၀) အမှန်မင်းဆက်၊ စိုင်မပျက်သည်၊ ထီးချက်ဖြန့်လှစ်၊ စေတရာဇ်ကား၊ အနှစ်သုံးဆယ်၊ ပျော်စံပေ၏။ ဘုန်းကြွယ်လျှံထွန်း၊ မျက်နှာ၀န်းမူ၊ ရွှင်လန်းစံဖြစ်၊ သုံးဆယ့်တစ်တည်း။ နှစ်ရှည်ကြာပြီး၊ လက်ရုံးကြီးကား၊ သတ်ဒွီးယူဘိ၊ မှတ်ကုန်ဘိလော့။ သီရိကမ္မသုန္ဒ၊ အတ္တိသတည်း။ နန္ဒကောဘယ၊ စောမင်းလှမူ၊ စိုးထစံလှစ်၊ သတ်ဒွေးဖြစ်၏။ သားချစ်တမူ၊ မင်းနံဖြူကား၊ နှစ်ဆယ်ဟူ၏။ မင်းနံလှမူ၊ အဋ္ဌ၀ီသ၊ စံထဖြစ်ပေ၊ မင်းခေါင်ငယ်ကား၊ တဆယ့်ကိုးနှစ်။ တက်သစ်ဘုန်းရောင်၊ လက်ရုံးထောင်သား၊ လောက်ခေါင်ရာဇာ၊ လေးဆယ်သာလျှင်။ ရာဇာမင်းငယ်၊ ပျော်လှစည်ကား၊ စိုးသည်မှန်မြောက်၊ ခြောက်နှစ်ရောက်၏။ ထွန်းတောက်ဘုန်းသမ်ဘာ၊ သာယာလှသား၊ ဓည၀တီ၊ မြို့သိင်ဂီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းသိမ်းထ၊ ပြောင်းပြီးမှလျှင်၊ ရန္န၀န္ဒာ၊ မြစ်ညာဆီ၏၊ မြနီလာစက်၊ လက်ယာဘက်၌၊ အောင်ချဌာန၊ ထီးနန်းချသော်၊ နှစ်လရက်လျှင်၊ မမြင့်ခင်၌၊ တိုင်ပင်ညီငြား၊ မတ်သုံးပါးရို့၊ ပုန်စားပြီးလျှင်၊ မင်းပြုကျင်၏။ သိထင်ကျော်ချောက်၊ နှစ်နှစ်မြောက်၏။ နောက်မင်းလေးနှစ်၊ ဆက်ကာဖြစ်၏။ မကောင်းခိုက်ရန်၊ ဒေါသမာန်ဖြင့်၊ ပုန်ကန်ပြုလျှက်၊ ကျွန်သုံးဆက်ရို့၊ နှိပ်စက်လှုပ်လျှား၊ မင်းပြုငြားသော်၊ စကားနှုတ်ပွင့်၊ အစိုင်သင့်ဖြင့်၊ ကံသုံးဆင့်မြို့၊ သမိုက်စို့လျှက်၊ လူရို့များဖျင်၊ ခေါ်ကြကျင်သည်။ နှစ်လျှင်တွက်စစ်၊ နှစ်ရာဖြစ်လျှက်၊ စွန်းရက်ခုနှစ်ဆယ်၊ အနွယ်ရောယှက်၊ ဆယ့်သုံးဆက်လျှင်၊ အပျက်အကျပ်၊ ရောထွီးလတ်သည်၊ မှတ်လော့မကြွင်းမကျန်တည်း။ ။

.



(၃၁) မကျန်မကြွင်း၊ ပြည်ခပင်းကို၊ ရုန်းရင်းပြုမြောက်၊ မတ်သုံးယောက်ရို့၊ ရှိနောက်ဘယ်ညာ၊ ဖျက်ဆီးခါမှ၊ ပဉ္စာလရာဇ်၊ တိုင်းသနစ်ဟု၊ ဖြစ်သည်သာစည်၊ သင်းတွဲပြည်ကို၊ ဆက်ရှည်စိုးဘိ၊ နာမဟိသား၊ အဘိရာဇာ၊ သားသဲချာမူ၊ ကံရာဇာကြီး၊ ချီလာပြီးမှ၊ တိမ်နီမိုးဆောင်း၊ ကျောက်ပန်းတောင်း၌၊ မြို့ကောင်းတည်ခယ့်၊ ရန်မျိုးဖယ့်လျှက်၊ နှစ်ဆယ့်လေးနှစ်၊ စိုးသည်ဖြစ်မှ၊ တလှစ်ဖော်ထုတ်၊ သီရိဂုတ်၌၊ အဟုတ်မှန်စွာ၊ မြို့တည်ပါသော်၊ မြင့်ကြာမရ၊ လေးလမျှလျှင်၊ ခွါရတုံငြား၊ ပြောင်း၍လားသော်၊ သိကြားမာဃ၊ ညွှန်လာပြသား၊ ဓည၀တီ၊ မြို့ဌာနီကို၊ တလီတွက်စစ်၊ သက္ကရာဇ်ကောဇာ၊ ရူပကာတွင်၊ တည်လာပြုလှစ်၊ ထီးနန်းစိုက်၍၊ ဟိုးရိုက်ကျော်ထ၊ ပုတ္တိသတည်း။ ဥပရာဇ၊ အိမ်ရှိရသား၊ သီလရာဇာ၊ ဆက်ပြန်လာ၍၊ အဋ္ဌာပေတ၊ နှစ်ပေါင်းရ၏။ ဝါသုရရာဇာ၊ နန်းဘုံသာ၌၊ ဧကာရာမ၊ စိုးအုပ်သချင့်။ နန္ဒ၀ိဘူရ၊ စာလိသဖြင့်၊ ပုဏ္ဏသူရိယာ၊ ထိုမင်းမှာကား၊ ဓမ္မတရိ၊ ဖြစ်တုံဘိ၏။ သိရိနန္ဒာ၊ သင်္ချာနှစ်တိ၊ သိလိုဘိမူ၊ တရိ၀ီသာ၊ စန္ဒိမာကား၊ ဆက်လာပြန်ခယ့်၊ သုံးဆယ့်ခုနှစ်၊ စိုးသည်ဖြစ်၏။ သားချစ်မည်ဟိ၊ သီရိနန္ဒာ၊ နှစ်စာလီသ၊ စံစားရ၏။ မင်းလှဘုန်းသန်၊ သီဟရံကား၊ နိုင်ငံကျော်ချောက်၊ လေးဆယ့်ခြောက်တည်း။ ထွန်းတောက်နီတု၊ သီဟနုကား၊ စိုးပြုမှန်ထ၊ နှစ်ဆယ်ပြု၏။ ပရတရာဇ၊ စိုးရတုံလစ်၊ သုံးဆယ့်တစ်လျှင်၊ ဘုန်းသစ်ပွင့်ကြုံ၊ နီလဂုဏ်ကား၊ ရောင်ဟုန်ထွန်းပ၊ ပါဒသ၌၊ ဧကတိသုံ၊ သီရိဂုဏ်ကား၊ ရွှီဘုံစိုးရ၊ ဇောဗီသတည်း။ နှစ်ရအစု၊ ရွီတွက်ပြုသော်၊ စတုအဋ္ဌ၊ ဧကပြ၏။ ရာဇ၀င်ရေး၊ တဆယ့်လေးသည်၊ စည်းေ၀းဗိုလ်ထုများစွာတည်း။ ။

.



(၃၂) များစွာဗိုလ်ထု၊ စည်းေ၀းပြု၍၊ နှိုင်းတုမဲ့စွာ၊ သမံဇာမူ၊ ပဉ္စာတိသ၊ စိုးအုပ်ပ၏။ သု၀ဏ္ဏကုမ္မာ၊ မင်းမြတ်စွာကား၊ ဘုံသာဥကင်၊ ဆယ်နှစ်ရွှင်၏။ သက်တင်ဖြူမှာ၊ လေးဆယ်လာ၏။ တေဇာဘုန်းထူး၊ သက်တင်ဦးကား၊ ရွှင်မြူးစံပ၊ ဒွေးပေတတည်း။ ဇေတ၀န်မင်း၊ ဆတ္တိရင်းတည်း။ မယွင်းမှန်စွာ၊ မုဉ္စယာကား၊ ပေတာရာမ၊ ရွှင်စံပ၏။ ကုမ္မာရ၀ိသုဒ္ဓိ၊ မင်းဘုန်းဟိကား၊ ရှည်ဘိအာယု၊ သျှစ်ဆယ်ပြု၍၊ စွန်းမှုခုနှစ်၊ စိုးတုံရစ်၏။ သားချစ်သားစု၊ ပျိုရွယ်နုသည်၊ ဝါသုမ္ဂလ၊ မင်းမတ်လှမူ၊ ရွှင်ပနန်းထဲ၊ သုံးဆယ့်လေးတည်း။ ရွှီသဲယောင်းလှ၊ သုရိန္ဒကား၊ ဧကတိသာ၊ စိုးအုပ်ပါ၏။ ရာလမာယု၊ ပျော်မှုစံကာ၊ ဒွတ္တိသာတည်း။ နာလမာယု၊ အတ္တိပြု၏။ ပြိုင်တုကင်းကုန်၊ ၀ိရတဂုဏ်ကား၊ ရွှီဘုံနန်းစိုက်၊ နှစ်ဆယ့်နှစ်တည်း။ သားချစ်မျက်ရှု၊ ၀ိသုရာဇာ၊ အတ္တိသာတည်း။ သီရိရာဇာ၊ စောမင်းလျာကား၊ ပဉ္စတိသံ၊ နန်းဘုံစံ၏။ ကုလံဝံသ၊ နရိန္ဒရို့၊ စိုးထနန်းထက်၊ ဆယ့်လေးဆက်တည်း၊ တွက်ချလီခါ၊ နှစ်ဝါသာမူ၊ လေးရာကျော်လှစ်၊ ကိုးဆယ်ဖြစ် တထစ်မယွန်း၊ အစိုင်ထွန်းသည်၊ ရွှီနန်းသိင်္ဂါအောင်ချာတည်း။ ။

.



(၃၃) အောင်ချာသိင်္ဂ၊ စိုးစံပသည်၊ သူရိယစန္ဒာ၊ မင်းမြတ်စွာကား၊ မဟာမုနိ၊ ဆရံသိဖြင့်၊ ထွန်းညီးရောင်တော်၊ ရုပ်ရှင်တော်ကို၊ သုံးဘော်သနင်း၊ တရားမင်းအား၊ ၀ပ်စင်းပြုထ၊ တောင်းပန်ခ၍၊ ဓည၀တီ၊ မြို့ဌာနီတွင်၊ သိင်ဂီမောက်မောက်၊ ကျောင်းတော်ဆောက်ကာ၊ ၀မ်းမြောက်စိတ်ဖြူ၊ လှူတော်မူ၏။ ဘုန်းထူးမြတ်စွာ၊ သာသနာလည်း၊ ရောင်ဝါတောက်ထွန်း၊ နိညထွန်း၏။ ပွင့်လန်းသာယာ၊ ထိုရာဇာကား၊ စိုးငြားမှန်ပေ၊ နှစ်ငါးဆယ်နှင့်၊ စွန်း၀ယ်နှစ်နှစ်၊ အမှန်ဖြစ်၏။ သားချစ်ရာဇာ၊ ဥပရာမူ၊ သူရိယဓိပတိ၊ စောဘုန်းဟိကား၊ မှန်ဘိစိုးထ၊ တိပဉ္စတည်း။ သူရိယရူပ၊ ပန္နရဖြင့်၊ သူရိယာစန္ဒလ၊ ဒွေးဆတ္တနှင့်၊ သူရိယာစက္က၊ စိုးထမနှေး၊ လေးဆယ့်လေးတည်း။ သူရိယာနာထ၊ သိင်္ဂနန်းရံ၊ လေးဆယ်စံ၏။ ပုတ္တံသားလှ၊ နာမမည်ဟိ၊ သူရိယဝံသာ၊ ကိုးနှစ်ကြာ၍၊ သူရိယာ၀န္ဒ၊ ခြောက်နှစ်ပြ၏။ သူရိယကလျာ၊ ဘုန်းသမ်ဘာနှင့်၊ အဋ္ဌာရသ၊ စိုးပြီးမှလျှင်၊ သူရိယမုခ၊ ဆဗ္ဗီသတည်း။ သူရိယဇေတ၊ စိုးထတုံလှစ်၊ သုံးဆယ့်တစ်တည်း။ ဖြစ်သည်စိုင်လျှက်၊ ဆယ့်နှစ်ဆက်ရို့၊ နန်းထက်စိုးကာ၊ နှစ်ပေါင်းမှာမူ၊ သုံးရာကျော်လစ်၊ ကိုးဆယ်ဖြစ်၏။ ကြွင်းရစ်စွန်းလွန်၊ သျှစ်နှစ်မှန်သည်၊ ဧကန်မှတ်ကြသင့်စွာတည်း။ ။

.



(၃၄) သင့်စွာမှတ်ကြ၊ ထီးဖြူလှနှင့်၊ သူရိယပုညာ၊ သျှစ်နှစ်သာတည်း။ သူရိယာကုလ၊ တိ၀ီသဟု၊ သူရိယပဘာ၊ ပဉ္စမ္မာဖြင့်၊ သူရိယာစိတြ၊ ဆယ့်သျှစ်မျှလျှင်၊ သူရိယဇေဌ၊ ဒွေး၀ီသတည်း။ သူရိယာ၀ိမလ၊ သျှစ်နှစ်ပြ၏။ သူရိယယေနု၊ ဒွေးဒွေးပြု၏။ သူရိယကံသ၊ ဆယ့်ခြောက်ရ၏။ သူရိယသကျာ၊ သျှစ်နှစ်ကြာ၏။ သူရိယသီရိ၊ ၀ီသတိတည်း။ သူရိယကေသိ၊ ကိုးနှစ်ဟိ၏။ သူရိယကုမ္မ၊ တိဓမ္မတည်း။ သူရိယကေတု၊ စိုးပြုစံပ၊ ဒွေးပေတတည်း။ ရာဇဝံသာ၊ မင်းဆက်မှာကား၊ ရွီကာတွက်ကျုံး၊ တဆယ့်သုံးတည်း။ စုရုံးနှစ်မှာ၊ ပေါင်းနှောပါသော်၊ နှစ်ရာ့လေးဆယ်၊ လေးနှစ်ပေတည်း။ အနွယ်စိုင်ထ၊ သူရိယဟု၊ ခေါ်ကြသချည်း၊ ဆက်ကာတည်းလျှင်၊ ကမ္ပည်းသိထင်၊ မော်ကွန်းတင်သည်၊ ၀န်းကျင်သျှစ်ရပ်ဒီသာတည်း။ ။

.



(၃၅) ဒိသာသျှစ်ရပ်၊ ကြားနှမ့်စပ်သား၊ နတ်မျိုးနွယ်လာ၊ မဟာတဉ္စစန္ဒရား၊ မည်ထင်ရှားသား၊ ကျော်ကြားဘုန်းထူး၊ အောင်စည်ကျူး၍၊ ရောင်မြူးတောက်ထွန်း၊ ရွှီဘုံနန်းကို၊ စိုးမြန်းတနှစ်၊ ပြီးတုံရစ်မှ၊ ခုနှစ်အင်္ဂါ၊ ပြည့်စုံပါသား၊ မဟာဗလ၊ နဂရဟု၊ ဓည၀တီ၊ မြို့ဌာနီသည်၊ တလီကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းစိုက်သင့်၊ ကံသုံးဆင့်ကို၊ ရှည်မြင့်စိမ့်ငှာ၊ တည်လီပါလည်း၊ မကြာမတင်၊ တနှစ်တွင်၀ယ်၊ ပျက်ကျင်ပေမှ၊ ထိုမြို့ကသည်၊ ခွာထပြောင်းဘိ၊ ေ၀သာလိဟု၊ တွင်သိနှိုင်းဆ၊ မြို့သာလှကို၊ ရွီတွက်သင်္ချာ၊ နှစ်ကောဇာမူ၊ တရာ့ငါးဆယ်၊ နှစ်နှစ်၀ယ်တွင်၊ ဘုန်းကြွယ်မင်းမွန်၊ တည်လာပြန်၍၊ တဖန်စိုးရစ်၊ နှစ်ဆယ့်နှစ်တည်း။ တက်သစ်နီလ၊ ကောင်းခြင်းပသည်၊ သူရိယစန္ဒရား၊ မင်းဖျားကမူ၊ ဆန်းပြားအံံ့ဖွယ်၊ နန်းဘုံလယ်၌၊ စံပေဧကန်၊ နှစ်ဆယ်မှန်၏။ နိုင်ငံကျယ်ပြော၊ ဇမ္မူကြော၀ယ်၊ မောလစန္ဒရား၊ လက်ရုံးအားနှင့်၊ စံစားအုပ်စိုး၊ တဆယ့်ကိုးတည်း။ ပြည့်ဖြိုးပည၊ ကုသလကြောင့်၊ ပေါလစန္ဒရား၊ ခေါင်ထွတ်ဖျားကား၊ ၀န်းလျှားခြံရံ၊ တင့်စိုးစံပ၊ ဆဗ္ဗီသတည်း။ ကာလစန္ဒရား၊ ကိုးနှစ်စား၏။ မခြားဝံသ၊ စိုင်ဖြစ်ကြသည့်၊ ထူလစန္ဒရား၊ ကျော်နှမ့်ကြားသား၊ မင်းဖျားပရမေ၊ စောဘုန်းကြွယ်လည်း၊ ခြွီရွေရံကာ၊ နန်းဘုံသာ၌၊ နဝါအတ္တိ၊ စံစားဘိ၏။ သီရိစန္ဒရား၊ ဥကင်ဖျား၀ယ်၊ ကြယ်များရံကာ၊ လပမာသို့၊ ချမ်းသာစံရ၊ ဒွတ္တိသတည်း။ သိင်္ဂစန္ဒရား၊ မင်းဖျားထွတ်ခေါင်၊ နန်းတောင်ညာထက်၊ သောဠဿတည်း။ စူဠစန္ဒရား၊ ထိုမင်းဖျားကား၊ စိုးငြားအုပ်ကာ၊ ခြောက်နှစ်ကြာ၏။ စိုင်လာမပျက်၊ အဆက်ဆက်လျှင်၊ သောင်းကျက်ကျော်ကြား၊ စန္ဒရားရို့၊ သိကြားပီးဆက်၊ လှံလက်နက်ဖြင့်၊ အုပ်ကြက်လွှမ်းမိုး၊ ထိန်ဟိန့်ကြိုးသည်၊ လူမျိုးရိုခညွတ်လာတည်း။ ။



(၃၆) ညွတ်လာရိုခ၊ ဘုန်းတေဇကြောင့်၊ န၀ရတနာ၊ ပြည့်စုံပါသား၊ ပြည်သာပူရိ၊ ေ၀သာလိ၌၊ ဆန္ဒြရူပ၊ တရိန္ဒဟု၊ ရွီထအစစ်၊ သက္ကရာဇ်သည်၊ ရောက်လစ်မှန်စွာ၊ နှစ်ကောဇာတွင်၊ စိုင်ကာခြားပြု၊ မိလက္ခဟု၊ ခေါ်မူသိတုံ၊ အမြတုံမူ၊ နန်းဘုံသတ္တ၊ စံပြီးမှတည်း၊ သားငလှပ်ပျူ၊ မြောက်ဦးထူ၍၊ သိမ်းယူစိုးရစ်၊ တဆယ့်နှစ်မှ၊ တလှစ်ထိုနောင်၊ သပိတ်တောင်ကို၊ တည်ထောင်ပြန်ဖြစ်၊ တဆယ့်သျှစ်တည်း။ သက္ကရာဇ်မှာ၊ တွက်ရွီပါသော်၊ သုံးရာငါးဆယ်၊ ခြောက်ခု၀ယ်၌၊ စင်စစ်ထင်ရှား၊ စန္ဒရား၏၊ သားရင်းမှန်ပင်၊ သက်မည်တွင်သား၊ ငမင်းငတုံး၊ တေဇာဘုန်းနှင့်၊ လက်ရုံးမြန်းကြက်၊ စမ္ပ၀က်ကို၊ တည်လျှက်စိုးလာ၊ ဇောဗီသာတည်း။ ရွီကာပေါင်းထ၊ နှစ်အရကား၊ ဧကဆဋ္ဌာ၊ မင်းစိုင်မှာမူ၊ အောင်ချာနဂိုရ်၊ သုံးဆက်ဆိုသည်၊ ဗဟိုရွှီစည်ရစ်မွန်းတည်း။ ။





(၃၇) ရစ်မွှန်းရွှီစည်၊ ဗဟိုလယ်၌၊ ငါးမည်အင်္ဂါ၊ ပြည့်စုံပါ၍၊ ပဉ္စာခေါ်ထ၊ မြို့သိင်္ဂကို၊ သက္ကရာဇ်မှာ၊ ခတ်အတ္တာနှင့်၊ တိသာရောက်လျှင်၊ ခေတ္တသင်သည်၊ မှန်ပင်ဆယ်နှစ်၊ စိုးသည်ဖြစ်မှ၊ ညီချစ်အရင်း၊ စန္ဒသင်းသည်၊ ပွင့်လင်းဘုံသာ၊ နန်းအောင်ချာ၀ယ်၊ ဧကာဒသ၊ စံရွှင်ပ၏။ ထိုမှတမူ၊ မင်းရင်ဖြူကား၊ ခွန်ယူသိမ်းမိုး၊ ဆယ်နှစ်စိုး၏။ နွယ်ရိုးမှန်ထ၊ နာဂသူရိယ၊ သုံးနှစ်ပြ၏။ သူရိယရာဇာ၊ နှစ်နှစ်သာတည်း။ ဆက်ကာထိုမှ၊ ပုဏ္ဏကလည်း၊ စိုးထကြည်ဖြူ၊ လေးနှစ်ဟူ၏။ မင်းဖြူကြီးလျှင်၊ နှစ်နှစ်ရွှင်မှ၊ စည်သဘင်အမတ်၊ တနှစ်မှတ်လော့။ မင်းမြတ်တမူ၊ မင်းနန်းသူလျှင်၊ ရိပ်ဖြူဖြန့်ကာ၊ ငါးနှစ်ကြာ၏။ မင်းလာတော်ကား၊ ခြောက်နှစ်စား၏။ မင်းကုလားနှင့်၊ မင်းဘီလူးရို့၊ နှစ်ဦးညီကာ၊ သုံးနှစ်လာ၏။ သင်္ခယာရေး၊ တဆယ့်လေးတည်း။ ပုတေ္တးမင်းသန်၊ သျှစ်နှစ်စံ၏။ တဖန်မင်းပတိ၊ တရိသုံးနှစ်၊ စိုးစံဖြစ်၏။ စင်စစ်မှန်စွာ၊ နှစ်ပေါင်းမှာကား၊ ပဉ္စာအဋ္ဌ၊ သိကုန်ကြလော့။ ဝံသစိုင်လာ၊ မင်းဆက်မှာမူ၊ ပန္နရသာ၊ ဖြစ်ကုန်ပါသည်၊ သိင်္ဂါစံဘုံရွှီနန်းတည်း။ ။

.

(၃၈) ရွှီနန်းစံဘုံ၊ စိုးအုပ်တုံ၍၊ ပြည့်စုံအင်္ဂါ၊ မင်းလက်ယာမူ၊ ပဉ္စအဋ္ဌ၊ စတုကဟု၊ သက္ကရာဇ်ကောဇာ၊ ရောက်သောခါ၌၊ တည်လာအဆက်၊ မြို့လောင်းကြက်ကို၊ ဖြူရွက်ဖြန့်မိုး၊ သုံးနှစ်စိုး၏။ ကောင်းကျိုးမဟိ၊ ဖြစ်တုံဘိ၍၊ အဋ္ဌိအဋ္ဌာ၊ စတုရာဟု၊ ကောဇာရောက်ချိန်၊ ပရိန်မြို့သစ်၊ တည်ထောင်လှစ်၏။ သုံးနှစ်စံကာ၊ လွန်ပြီးခါမှ၊ သီဟဗမင်း၊ တနှစ်လျှင်းတည်း။ တွင်ခြင်းကျော်ဟီး၊ ရာဇာကြီးလျှင်၊ စံပြီးဒွယာ၊ သည်နောက်မှာကား၊ သာကီ၀င်ကြီး၊ တရိခါတွင်၊ သုံးနှစ်လျှင်တည်း။ သာကီ၀င်ငယ်၊ ဘုံနန်းလယ်တွင်၊ တဆယ်သျှစ်နှစ်၊ စည်းစိမ်ဖြစ်၏။ တထစ်မှတ်ကြ၊ ဂေါရိလနှင့်၊ ကောလိယမူ၊ ၀ီသဟူ၏။ တမူစိုးလာ၊ ဒဿရာဇာကား၊ ဒွါသစိုးစံ၊ လွန်ခယ့်ပြန်သော်၊ အနန္တသီရိ၊ စိုးဘိနှစ်နှစ်၊ တလှစ်တွက်ပြု၊ နှစ်ပေါင်းစုကား၊ စတုဆတိ၊ ဖြစ်တုံဘိ၏။ မှတ်သိတုံထ၊ နွယ်ဝံသမူ၊ အဋ္ဌမှန်စွာ၊ သျှစ်ဆက်လာသည်၊ အောင်သာမြို့မကြငှန်းတည်း။ ။

.



(၃၉) ကြငှန်းအောင်ချာ၊ ခြိတ်မြို့သာကို၊ ကောဇာနှစ်ရေ၊ ဖော်ပြပေအံ့၊ နောဒွေပဉ္စာ၊ ရောက်သောခါ၌၊ တေဇာတက်ဖျား၊ မင်းဘုန်းစားသည်၊ တည်ထားပြီးမှ၊ မြို့နန်းချ၍၊ စိုးထအုပ်လစ်၊ ခုနှစ်နှစ်တွင်၊ စွန့်လစ်ခန္ဓာ၊ လွန်ပြီးသော်က၊ ပဉ္စကာလ၊ သံ၀စၦမူ၊ ဓမ္မဖြစ်ထ၊ သိကုန်ကြလော့။ ဂန္ဓရူပေါ်၊ သုံးနှစ်ကျော်မူ၊ မြို့တော်ကျိန်းခန်း၊ မကောင်းထွန်း၍၊ ထီးနန်းကနက်၊ အသစ်ဆက်လျှက်၊ စမ္ပ၀က်မှာ၊ တည်တုံလာသော်၊ မြင့်ကြာမမြောက်၊ ခြောက်လရောက်တွင်၊ ခြိမ်းခြောက်ပြုလတ်၊ ဒေါသမှတ်၍၊ အမတ်စလင်ဗိုလ်၊ လူ၀န်တိုလျှင်၊ ငြိုငြင်ထဲမှတ်၊ ပုန်ကန်လတ်၍၊ အကျပ်ပျက်ကို၊ ခြောက်လဆို၏။ နှစ်ကိုပေါင်းက၊ တေရသလျှင်၊ ရာဇ၀င်မှာ၊ လေးဆယ်သာတည့်၊ စိုင်လာဖြစ်ကြ၊ ဆိုမြွက်ဟသည်၊ ဗြဟ္မာထိပ်ခေါင်ဦးစွန်းတည်း။ ။

.



(၄၀) ဦးစွန်းဗြဟ္မာ၊ ဘုန်းညွန့်ဖြာသား၊ တေဇာထွန်းလင်း၊ မဉ္စူသင်းသည်၊ ကောင်းခြင်းသာစွာ၊ မြို့ပဉ္စာကို၊ ငါးရာကျော်လစ်၊ လေးဆယ့်နှစ်ဟု၊ သက္ကရာဇ်မှာ၊ တည်တုံပါ၍၊ ဧကာဧက၊ စံပြီးမှလျှင်၊ သားလှရေမွန်၊ ငပုဂ္ဂံရို့၊ စိုးစံအညီ၊ နှစ်နှစ်စီတည်း။ သည်ပြီးရက္ခိုင်၊ ငကြုံဆိုင်ရို့၊ နန်းထိုင်သုံးနှစ်၊ အညီဖြစ်၏။ တလှစ်ငဆူ၊ လေးနှစ်ဟူ၏။ သိမ်းယူခွန်ဖျင်း၊ ငစွေသင်းနှင့်၊ ခေါ်ခြင်းမည်သီး၊ မင်းခေါင်ကြီးဟု၊ တွင်ပြီးတသွယ်၊ မင်းခေါင်ငယ်နှင့်၊ ဆက်နွယ်စိုင်လာ၊ ကမ်ဘာလောင်ကြီး၊ မည်သီးတဖြာ၊ ကမ်ဘာလောင်ငယ်၊ ငါးဆက်၀ယ်ကား၊ စံပယ်အညီ၊ တနှစ်စီတည်း။ တလီတွင်သီး၊ လက်ယာကြီးမူ၊ စိုးပြီးအုပ်ကာ၊ သျှစ်နှစ်ကြာ၏။ လက်ယာ၀င်ငယ်၊ စိုးသည်ဆယ့်တစ်၊ တလှစ်မယွင်း၊ သနပင်းကား၊ စိုးခြင်းအကယ်၊ သုံးနှစ်ပေတည်း၊ ငနယ်သိမ်မူ၊ ဒွေးချိန်မှတ်ထုံး၊ ငနှလုံးကား၊ သုံးနှစ်စား၏။ မှတ်သားတဖြာ၊ နှစ်ပေါင်းမှာကား၊ သတ်ပဉ္စတာ၊ သောဠဿာစစ်၊ မင်းမျိုးဖြစ်သည်၊ အသစ်မြို့ရွာကျိန်း၀ပ်တည်း။ ။

.



(၄၁) ကျိန်းခန်းအသစ်၊ ရှာဖွေလစ်၍၊ မင်းစစ်မှန်စွာ၊ အလောမာသည်၊ ပဉ္စာတွင်ထ၊ မြို့ပူရကို၊ တေဇတက်ဖြိုး၊ နှစ်နှစ်စိုးမှ၊ ရန်မျိုးမပွက်၊ မြို့လောင်းကြက်ကို၊ ရွီတွက်သက္ကရာဇ်၊ ခြောက်ရာနှစ်တွင်၊ အသစ်တည်ထ၊ ထီးနန်းချလျှက်၊ စိုးထခြောက်နှစ်၊ လွန်ပြီးရစ်မှ၊ သားချစ်ရွှီတူ၊ ရာဇသူနှင့်၊ ရွီယူနှစ်ဦး၊ မင်းစောလူးမူ၊ ရွှင်မြူးပဉ္စာ၊ ဥစ္စနာသည်၊ နဝါဧကံ၊ ကိုးနှစ်မှန်၏။ စောမွန်အဋ္ဌ၊ မင်းနန်းကျမူ၊ နာမတထူး၊ မင်းဘီလူးရို့၊ မကျူးအညီ၊ လေးနှစ်စီတည်း။ ဘုန်းရွှီနန်းရပ်၊ အပျက်ကျပ်သည်၊ မတ်စည်သဘင်၊ သုံးနှစ်ပင်တည်း။ ခေါ်တွင်အံ့ချီး၊ တန်ခိုးကြီးသား၊ မင်းထီးရာဇာ၊ မြင့်ရှည်ကြာသည်၊ တရာခြောက်နှစ်၊ နန်းစံဖြစ်၏။ သားချစ်ဥစ္စနာ၊ နှစ်နှစ်သာတည်း။ ဆက်ကာသီ၀ရာဇ်၊ သုံးနှစ်ဖြစ်၏။ တလှစ်သိဉ္စည်း၊ လေးနှစ်မြဲ၏။ ကျော်သဲရာဇသူ၊ တနှစ်ဟူသား။ နွယ်မူခြားကျင်၊ စည်သဘင်ကား၊ နန်းခွင်တက်ပိုင်၊ နှစ်နှစ်ဆိုင်လျှက်၊ မြင့်စိုင်ငါးလ၊ ချော၍ကျသော်၊ မင်းလှဘုန်းတူ၊ ရာဇသူလည်း၊ ထီးဖြူဆောင်းမိုး၊ လေးနှစ်စိုး၏။ နန်းရိုးဆက်ယူ၊ သိင်္ဂသူသည်၊ ရိပ်ဖြူသုံးတန်၊ မင်းစောမွန်ကား၊ အမှန်ဒွယာ၊ နှစ်ပေါင်းမှာမူ၊ တရာ့ခြောက်ဆယ်၊ ကိုးနှစ်ပေတည်း၊ အနွယ်မျိုးစပ်၊ စိုင်မလပ်ဘဲ၊ အကျပ်အပျက်၊ ဆယ့်သျှစ်ဆက်တွင်၊ ရက္ခအောင်မြီ၊ ပျက်ကိန်းမွှီသည်၊ အနီမလှတိမ်းယွန်းတည်း။ ။

.



(၄၂) တိမ်းယွန်းမလှ၊ ဖြစ်လီရမူ၊ သာစွမို့မို့၊ လောင်းကြက်မြို့ကို၊ မချို့ရန်ပွား၊ တိုင်းကားနိုင်ငံ၊ ပြည်ပုဂ္ဂံက၊ နန်းစံစိုးပေ၊ မြန်မင်းဆွေလျှင်၊ ဗိုလ်ခြေများစွာ၊ ချီ၍လာလျှက်၊ ဘယ်ညာ၀န်းလစ်၊ တိုက်လှန်ဖြစ်မှ၊ သက္ကရာဇ်အဋ္ဌ၊ ဆသတ္တတွင်၊ မည်သာတွင်ငြား၊ မြင်စိုင်းစားနှင့်၊ စောင့်စားနီမူ၊ တနှစ်ဟူ၏။ အယူရိုင်းစိုင်း၊ တလိုင်းမောင်ခွင်၊ တနှစ်ပင်တည်း။ ရှိခွင်အောက်သား၊ ဖောင်းကစားမှာ၊ သုံးနှစ်သာတည်း။ ကျော်စွာစောင့်ထား၊ နှစ်နှစ်စား၏။ နောင်ကားငခွေး၊ ကလေးကျေးတောင်ညို၊ တလဆို၏။ နှစ်ကိုပေါင်းထ၊ ရွီတွက်ဆသော်၊ ၀ီသာပြည့်ယုဂ်၊ ငါးလဆုတ်၏။ အယုတ်မုက္ချ၊ ဖြစ်ကုမ်ကြ၏။ ဆူပွချောက်ချောက်၊ ဤခြောက်ယောက်ပေ၊ အောက်သားတလိုင်း၊ အယူရိုင်းရို့၊ ပြိုင်ခိုင်းတိုက်ခါ၊ ဟိသောခါ၌၊ ရာဇာစောမွန်၊ ရောက်လာပြန်သော်၊ တဖန်လောင်းကြက်၊ တည်လာဆက်သည်၊ နီထွက်လနှယ်တောက်ထွန်းတည်း။ ။

.



(၄၃) ထွန်းတောက်လနှယ်၊ ရန်မျိုးပယ်၍၊ ဘုန်းကြွယ်ညွန့်သန်၊ မင်းစောမွန်ကား၊ အမှန်မပျက်၊ မြို့လောင်းကြက်ကို၊ ကနက်စိုက်ဆောက်၊ စိုးအုပ်မြောက်သော်၊ ထွန်းတောက်နန်းမ၊ ဥကင်သကို၊ မိုထပ်နှစ်နှစ်၊ စိုးသည်ဖြစ်မှ၊ တလှစ်ယင်းက၊ သိကြားပြသား၊ မိုး၀ရောင်ရှုး၊ သော်တာမြူးသို့၊ မြောက်ဦးမည်သာ၊ မြို့အောင်ချာကို၊ တည်လာပြုလစ်၊ စိုးစံဖြစ်သည်၊ သက္ကရာဇ်မှာ၊ ဒွေးဖြစ်နဝါ၊ သတ္တသာတည်း။ စံကာလေးနှစ်၊ စိုးသည်ဖြစ်မှ၊ စင်စစ်မှန်ညီ၊ မင်းခရီကား၊ သိင်ဂီရွှီနန်း၊ စိုးစံမြန်းသည်၊ မယွန်းနှစ်မှာ၊ ပဉ္စာ၀ီသ၊ ဖြစ်ကြရချင့်။ တေဇဘုန်းတူ၊ ဘစောဖြူကား၊ ရွီယူတွက်ကျုံး၊ နှစ်ဆယ့်သုံးတည်း။ လက်ရုံးဖြန့်ကာ၊ မင်းဒေါလျာမူ၊ စိုးလာဆယ်နှစ်၊ အမှန်ဖြစ်၏။ ကျစ်လစ်ရွယ်ပျို၊ ဘစောညိုကား၊ ပြည်ကိုစိုးချုပ်၊ နှစ်နှစ်ဟုတ်၏။ မယုဂ်ဘုန်းခေါင်၊ မင်းရန်အောင်မူ၊ စိုးဆောင်နီထ၊ ခြောက်လမျှတည်း။ စလင်္ကာသူ၊ သတ္တဟူ၏။ ထိန့်ဆူကျော်ငြာ၊ မင်းရာဇာမူ၊ ဓမ္မ၀ီသ၊ မှတ်ကုန်ကြလော့။ ဂဇာပတိ၊ နှစ်နှစ်ဟိ၏။ ဘုန်းတိမပို၊ မင်းစောအိုမှာ၊ ခြောက်လသာတည်း။ သဇာတမင်း၊ ခြောက်နှစ်လျှင်းနှင့်၊ ရွီခြင်းအမှန်၊ မင်းဆက်စံဖြစ်၊ တဆယ့်တစ်တည်း။ နှစ်ကိုတွက်ဆ၊ ရွီပေကသော်၊ ဧကသတ္တာ၊ ဖြစ်လီပါသည်၊ စိုင်လာမင်းဆက်အနွယ်တည်း။ ။

.



(၄၄) အနွယ်မင်းဆက်၊ စိုင်မပျက်လျှင်၊ ရွှီစက်ဖြန့်ကာ၊ နန်းအောင်ချာ၀ယ်၊ ရာဇာမင်းပင်၊ ထွန်းလင်းကျင်သော်၊ ခေါ်တွင်မည်သာ၊ နှစ်ကောဇာမူ၊ ရာမာန၀၊ ဘသျူးစသာ၊ သိင်္ဂါရောင်၀င်း၊ စောမင်းစံမြဲ၊ ဒွေးဒွေးမှတ်ပါ၊ မင်းတိက္ခာလျှင်၊ ဓမ္မာဟူပြီး၊ မင်းစောကြီးမူ၊ တလူထီးနန်း၊ သုံးနှစ်မြန်း၏။ ထွန်းတောက်ရောင်ဝါ၊ မင်းစကြာမူ၊ သတ္တာလည်ကောင်း။ မင်းဖလောင်းကား၊ မစောင်းမလှစ်၊ ဆယ့်နှစ်နှစ်တည်း။ သားချစ်မှန်စွာ၊ မင်းရာဇာမူ၊ နဝါဒသ၊ စိုးစံပ၏။ တေဇကျော်သောင်း၊ မင်းခမောင်းကား၊ ထီးဆောင်းဖြန့်လှစ်၊ ဆယ့်နှစ်နှစ်တည်း။ တရစ်မှတ်လီ၊ ဟရီရာဇ၊ သောဠဿနှင့်၊ စိုးထဘုန်းရွှီ၊ မင်းစနီကား၊ သပြီအောင်ချာ၊ နန်းဘုံသာ၀ယ်၊ အဋ္ဌာ၀ီသ၊ ရက်ဒိနနှင့်၊ ဝံသစိုင်လာ၊ ကိုးဆက်သာတည်း။ သံ၀စၦရ၊ နှစ်အရမူ၊ သတ္တသတ္တာ၊ မှတ်ကြပါလော့၊ ဆိုရာတခန်းတသွယ်တည်း။ ။

.



(၄၅) တသွယ်တခန်း၊ ဆိုပြညွှန်းအံ့၊ ရွှီနန်းဘုံသာ၊ မြို့သိင်္ဂါ၌၊ ကောဇာထောင်ပြည့်၊ ရောက်တုံလှည့်မူ၊ မည်ဘွဲ့ကုသ၊ နရပတိကြီး၊ ရွှီထီးဆောင်းမိုး၊ သုံးနှစ်စိုး၏။ သတိုးဓမ္မ၊ သတ္တသာတည်း။ ဆက်ကာစိုးပြု၊ စန္ဒသုကား၊ အတုမဲ့စွာ၊ ဗာ၀ီသာနှင့်။ ဥက္ကာဗလ၊ သားပုတ္တမူ၊ နာမတွင်ဘိ၊ သီရိသူရိယ၊ ဧကတ္တတည်း။ ၀ရဓမ္မရာဇာ၊ သတ္တကြာမှ၊ ဗိုလ်ပါစုံညီ၊ နန်းချလီ၏။ တချီရုံးစု၊ မဏိသုကို၊ မင်းပြုတင်ကြ၊ တခဏတည်း။ ၀ရဓမ္မာ၊ မင်းကိုသာလျှင်၊ ထပ်ကာမယွင်း၊ ထီးနန်းနှင်းမူ၊ ချက်ချင်းမကြာ၊ နန်းဘုံသာက၊ ချပြီးမှတည့်၊ တေဇထွန်းရှု၊ မဏိသုကို၊ လု၍တဖန်၊ နန်းတင်ပြန်၏။ အမှန်မှတ်သိ၊ တနှစ်ဟိမူ၊ မဏိသုအား၊ နန်းချထားမှ၊ ၀ရဓမ္မာ၊ မင်းရာဇာသည်၊ ဘုံချာနန်းယံ၊ စိုးအုပ်စံ၏။ နိုင်ငံပြည်သူ၊ မကြိုက်မူက၊ မင်း၀ရကို၊ နန်းမှချပြု၊ မဏိသုအား၊ နန်းတင်ထားပြီး၊ ဘွဲ့ဆောင်နာမ၊ သူရိယကို၊ တင်ကြထိုခါ၊ သုံးနှစ်သာတည်း။ ချကာနန်းမှ၊ မင်း၀ရကို၊ တင်ကြတဖန်၊ သုံးနှစ်မှန်၏။ တဖန်ထိုမှ၊ သူရိယသည်၊ ဒွယမှန်စွာ၊ စိုးတုံပါ၏။ ငတုံးမှာကား၊ နော်ရထာစောဟု၊ ခံပြီးသောမူ၊ ထီးဖြူနန်းထက်၊ ဆယ့်ငါးရက်တည်း။ ဖြန့်ကြက်စိုးအုပ်၊ မာရုပ္ပီယ၊ တနှစ်ပြ၏။ ကာလမန္ဓာတ်၊ တနှစ်မှတ်လော့။ မချွတ်ဗိုလ်လူ၊ မင်းစောဖြူကို၊ ဘွဲ့မူနရာဓိပတိ၊ တင်ဘိသုံးနှစ်၊ မကြာရစ်ခင်၊ အားအင်လည်းပြု၊ ထီးနန်းလု၍၊ စန္ဒသုဓမ္မာ၊ မင်းကိုသာလျှင်၊ တင်ပါနန်းထက်၊ ဆယ့်လေးရက်တည်း။ တချက်မကြာ၊ နရာဒိပ္ပ၊ ထိုမင်းလှအား၊ ပင့်ငြားတင်ကြ၊ နှစ်ဒွယနှင့်။ ထိုကတခါ၊ ကျော်သိင်္ဂါလျှင်၊ စန္ဒာ၀ိမလ၊ ဘွဲ့နာမဖြင့်၊ စိုးထခြောက်နှစ်၊ အမှန်ဖြစ်၏။ တလှစ်သတိုးလှ၊ စန္ဒသူရိယာ၊ လေးနှစ်သာချင့်။ ဓမ္မာသတ္တ၊ နှစ်၀ဿနှင့်၊ စွန်းပအကယ်၊ တဆယ်လေးရက်၊ ရွီတွက်သင်္ချာ၊ ချိန်အခါတည်း၊ အာဏာစက္က၊ တည်မကျဘဲ၊ လောကထွတ်တင်၊ ပြည်သခင်ဟု၊ အသျှင်ရာဇ၊ မင်းကိုမျှလျှင်၊ နန်းချနန်းတင်၊ ပြုလတ်ကျင်သည်၊ များဖျင်သူပုန်ထို၀ယ်တည်း။ ။

..



(၄၆) ထို၀ယ်သူပုန်၊ ပြည်ကိုချုံ၍၊ မွှီတုံလှုပ်လျှား၊ ပြုသည်များကို၊ ယောက်ျားမှန်ထ၊ ဘုန်းတေဇနှင့်၊ တန္တဗိုလ်မင်း၊ အကုန်ခွင်းမှ၊ တွင်ခြင်းနာမ၊ ၀ိဇယနှင့်၊ စိုးထအုပ်လစ်၊ သက္ကရာဇ်သည်၊ ဒွေးသတ်အာဇံ၊ နန်းစံနှစ်ကား၊ အက်နှင့်၀ီသ၊ သူရိယမူ၊ သိင်္ဂဘုံမှာ၊ သုံးနှစ်သာတည်း။ နရာဓိပတိ၊ တနှစ်ဟိက၊ နရပ၀ရ၊ နှစ်နှစ်ပြ၏။ ၀ိဇယမင်း၊ သျှစ်နှစ်တွင်း၀ယ်၊ ခေါ်ခြင်းနွယ်ပြား၊ ဘာသာခြားသည်၊ ကုလားကုကျာ၊ ပုန်ကန်လာ၍၊ ကာလသူရတန်း၊ အမည်ဆန်းဖြင့်၊ သိမ်းမြန်းယူကာ၊ သုံးရက်သာတွင်၊ ယှောင်ခွာပယ်ပစ်၊ မဒရာဇ်ကား၊ ငါးနှစ်စိုးမှ၊ နရအဘယ၊ န၀ဧကု၊ သီရိသုမူ၊ မင်းပြုသုံးလ၊ ပရမကား၊ စံစားတိရိ၊ ဖြစ်ပြီးမှလျှင်၊ အဘယရာဇာ၊ ကိုးနှစ်လာ၏။ စန္ဓသုမန၊ လေးနှစ်ပြ၏။ ၀ိမလသည်၊ ရက်လေးဆယ်တည်း။ စမ္ပယ်ထွန်းပ၊ သတိဿကား၊ နောင်မှဓမ္မရာဇ်၊ ငါးနှစ်ဖြစ်ကာ၊ မဟာသမတ၊ နာမသဘော၊ ဘွဲ့သညောမူ၊ အဂေ္ဂါပုည၊ ခေါ်ကြတမူ၊ နှစ်နှစ်ဟူ၏။ ဆက်ယူစံလျှက်၊ အပျက်အကျပ်၊ ပေါင်းယှဉ်အပ်ကာ၊ မျိုးစပ်နွယ်ခြား၊ မင်းအများကို၊ တွက်ငြားလီသော်၊ တကျိတ်ကျော်၍၊ စွန်းပေါ်ငါးယောက်၊ ဖြစ်တုံမြောက်ပြီး၊ နောက်ဆုံးနှစ်မှတ်၊ စတုသတ်တွင်၊ ပြည်မြတ်ရခိုင်၊ ထီးနန်းယိုင်သည်၊ ပယ်လှိုင်ဆိုရေးအံ့ဖွယ်တည်း။ ။

.



(၄၇) အံ့ဖွယ်ဆိုလိမ့်၊ ဟိတုံသိမ့်၏။ ကောင်းချိမ့်ဗိုလ်ပုံ၊ များဥဿုံရို့၊ ရွှီဘုံနဂရ၊ ပျက်ကိန်းကျ၍၊ သက္ကရာဇ်မှာ၊ ဆပေတာနှင့်၊ ဧကာဧက၊ ထိုကာလ၌၊ အင်း၀ခေါ်ထ၊ ပြည်ဌာနက၊ ဒေါသရန်ပွား၊ ပြူအောက်သားရို့၊ ခိုက်ပွားရန်ရှာ၊ တိုက်ဖျက်လာ၍၊ ဗိုလ်ပါအားထု၊ ပြည်ကိုလုကာ၊ မင်းပြုအစ၊ ပထမမူ၊ နန္ဒပကျန်၊ လေးနှစ်မှန်၏။ တိုက်၀န်မလွဲ၊ နှစ်နှစ်မြဲချင့်။ မင်းရဲသီဟသု၊ တနှစ်ပြု၍၊ အာယုဆန်ထ၊ သည်နောက်မှမူ၊ အာကာကျော်ထင်၊ နှစ်နှစ်ပင်တည်း။ လှည့်ကျင်လီက၊ မောင်ကျော်လှကို၊ မင်းလှရာဇာ၊ ခေါ်မည်သာနှင့်၊ ဆက်ကာစောင့်ပြီး၊ နှစ်ရေဒွီးမှ၊ မင်းကြီးကျော်ထင်၊ သျှစ်နှစ်လျှင်တည်း။ နီကျင်မြင့်ကြာ၊ နော်ရထာမူ၊ ထပ်ကာအုပ်မိုး၊ ခြောက်နှစ်စိုးမှ၊ ကြာရိုးမင်းလုပ်၊ နှစ်နှစ်ဟုတ်၏။ တရုတ်၀န်ခေါ်၊ မောင်စံပျော်ကို၊ ထိုရော်တွင်ပြီး၊ မင်းကြီးကျော်စွာ၊ သုံးနှစ်သာနှင့်။ ရက္ခပူရ၊ ရွှီပြည်မတွင်၊ ဌာနကွဲပြား၊ အမျိုးခြားသည့်၊ အောက်သားကိုးဆက်၊ စိုင်မပျက်ဘဲ၊ ရောယှက်ပေါင်းကာ၊ နှစ်သင်္ချာမူ၊ စတ္တာလီသ၊ ဖြစ်လီရ၍၊ နီထတုံငြား၊ ပြည်သူများကို၊ အောက်သားရို့က၊ နှိပ်စက်ကြလျှက်၊ ဒေါသပြုကာ၊ အမှုရှာသည်၊ နောင်လာမတာမတွယ်တည်း။ ။

.



(31/5/99) နိတွင် အကြမ်းတည်းဖြတ်သုတ်သင်ပြီးစီးသည်။ ဆရာတော် အသျှင်ပညာစာရပါးကရသော လက်ရွီးမူဖြစ်သည်။

အပိုဒ် (၄၇) မှ နောက်ထပ် ရာဇ၀င်လင်္ကာအပိုဒ်များစွာ ကျန်ပါသိမ့်သည်။ ဆက်လက်၍ ပုံနှိပ်ကြပါကုန်။

စာစီစာရိုက်(ရခိုင်ပေါင်းကူး သာလှဦး)

.

Sunday, June 23, 2019

တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ(ရခိုင်)

တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ(ရခိုင်)
https://drive.google.com/file/d/180VCObNRl-FboBH6mbsexaXfjmpBiv80/view

ရခိုင်-ဗမာခြောက်လစစ်ပွဲ (ပထမအကျော့)


ရခိုင်-ဗမာခြောက်လစစ်ပွဲ (ပထမအကျော့)
<======================>
အောက်သားတိက ရခိုင်ကိုတစ်ဖက်သတ်စစ်ကြေညာစွာရေ အေနိဆိုကေ ခြောက်လပြည့်ရာ။

ခြောက်လအတွင်းမှာ ရခိုင်လူမျိုးတိရသမျိုးစုံကို ခံစားဖူးကတ်ပြီးဗျာယ်။ ခံရရေလူတိအဖို့ အခံရသကို မိန့်လီဖို့မဟုတ်ရေပိုင်တဝခံစားဖူးပြီးဗျာယ်။ ငါပြီးကေ မင်းအလှည့်ဆိုစွာကိုတော့မမိန့်လီကေ့။

၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်နိကနီ ၂၀၁၉ ဇွန်လ ၂၁ ရက်နိဆိုကေ ခြောက်လကြာရေ။ယင်းသူရို့ စစ်ကြေငြာရေခြောက်လ နန့် ဆယ်ရက်မှာ အေနိစွာခြောက်လ ( ရက်ပေါင်း ၁၂၀) ပြည့်ရေနိဖြစ်တေ။ နောက်ထပ် ၁၀ ရက်ရာကျန်ဗျာယ်။(2018 Dec21- 2019 June 21)။ ဇွန် (၃၀) ရက်ဆိုကေ ပထမအကျော့ ပြီးဆုံးကြောင်း ဝဇီမှုတ်ရေနိ။

ကဇပ်ဖို့လား၊ နားဖို့လား??? မင်းရို့အပေါ်မှာရာမူတည်ရေ။ ကဇပ်ချင်ကေ ကဇပ်လို့ရရေ။နားချင်ကေ နားလို့ရရေ။ မင်းရို့မကဇပ်ချင်ကေလေ့ ငါရို့ကဇပ်ချင်ကေ မကဇပ်ရာလို့ တော့ ထွက်မပြီးလီကေ့။

ရခိုင်-ဗမာ ခြောက်လ စစ်ပွဲအတွင်းမှာ အနိုင်-အယှုံးတွက်ကေ အေစစ်ပွဲမှာရခိုင်တိနိုင်ရေ။ အေခြောက်လအတွင်းမှာ ရခိုင်တိနိုင်ရေနီရာတိဟိရေပိုင် အချို့နီရာတိမှာ အားနည်းချက်၊ လိုအပ်ချက်တိဟိနီဆဲ။ ယင်းအားနည်းချက်တိကိုပြင်ပနာ ဒုတိယအကျော့အတွက် ပြင်ဆင်ကတ်မယ်။ မပါချင်လူနီခလို့ရရေ။

နောက်ထပ်(၁၀) ရက်က တနားရာ။ AA အေအေအနီနန့်ပြောရကေ အေတိုက်ပွဲကို ယင်းသူရို့ဆက်တိုက်ချင်ရေဆိုကေလေ့ အဆင်သင့်ရာ။ နောက်ထ ခြောက်လ မက၊ ခြောက်နှစ်ပတ်စီ Ready ရာ။ ပါလတ်။ ဇွန်လအပြီးမှာ တစ်ဖက်သတ်စစ်ကိုမင်းရို့ဖက်ကမကြေငြာခကေလေ့, ရခိုင်-ဗမာ စစ်ပွဲ ဒုတိယအကျော့အတွက်,အေက ကြေငြာဖို့ အဆင်သင့်ရာ။

လှိုင်းမကြောက်လို့ လောင်းပေါက်နန့် ခရီးထွက်လာခစွာ အေနိအထိရောက်လာခဗျာယ်။ Through the Storm ကိုကျော်ဖြတ်ဖို့အားလုံးအသင့်ရာ။ရဲဘော်ရို့ ဆက်လို့ တိုက်ကတ်ဖို့နှန်းရာ၊ နောက်ထပ် ခြောက်လဆိုကေ ယင်းသူရို့ ခွီးပြီးဝက်ပြီး ပြီးရဖို့အချိန်ရာ။ ဗိုလ်ချုပ်၏ အမိန့်တခုကိုစောင့်နီကတ်ရေ စစ်သည်တော်တိရာ။

ကြိုပြောထားလိုက်မယ်။
ထပ်တိုက်ချင်ကေ ထပ်တိုက်လို့ရရေ။
ခြောက်လအတွင်း အနည်းဆုံးခြောက်မြို့နယ်။
နောက်ထပ် ခြောက်လအတွင်း ရခိုင်တပြည်လုံး( နဂရစ်အငူ/မော်တင်စွန်းအထိ) အောင်စိန်ဖြစ်နီစီရဖို့။

မှတ်ထား။
AA က ရည်မှန်းချက်လည်းကြီးရေ။အမှတ်လည်းကြီးရေ။
ပြောကေပြောရေအတိုင်းလုပ်ရေ။ လုပ်ရေအလုပ်တိုင်းအထမြောက်ရဖို့။

"အမျိုးသားရီးအပေါ်သစ္စာဖောက်ရေအလုပ်ကို ကာယကံ၊ဝဇီကံ၊ မနောကံ" နန့် ကျူးလွန်နီရေလူတိ၊ ကျူးလွန်ဖို့ပြင်နီရေလူတိကို,လိမ္မာကတ်လို့ရာ" တခွန်းတည်းမှာလိုက်မယ်။ အေတခါ အောက်သားတိကို တိုက်ဖို့အလှည့်ပီးလီဖို့မဟုတ်။ အေကနှက်ဖို့စွာရာ။

ရခိုင်မျိုးနွယ်စုတိ အချို့လည်းလိမ္မာဖို့လိုရေလို့ တိုးတိုးချေသူများမသိအောင်အသိပီးလိုက်ပါယင့်။ပရံလူတိသွီးထိုးစကားနန့် ပါစားပီးစွာတိအောက်မှာ အချင်းချင်းသွီးထွက်၊အသက်ထွက်မဖြစ်ဖို့နန့် လဘားမဝဖို့လိုရေ။ အေလောက်ဆိုကေ နားလည်ဖို့လို့ယူဆပါရေ။

နီးရာဓားကိုကြောက်ရရေဆင်ခြီ ဆိုကေ အေကကိုင်ထားစွာ 5.56 မဟုတ်၊ 7.62 ။ ယင်းသူရို့ထက် Size လည်းကြီးရေ။ ဉာဏ်လည်းကောင်းရေ။ သတ္တိလည်းပိုကောင်းရေ။

ယေဇု,အသစ်လာဖို့ညီချေ/ညီမချေတိအတွက် ကြိုမှာထားလိုက်မယ်။ ရန်သူထက်သတ္တိမကောင်းကေ အီးလို့ရာနီလိုက်။

၂၀၁၉ ကုန်ဖို့ ခြောက်လအတွင်းမှာ ငါ၏ ခန္ဓာနန့် အသက်ကို ငါ့တိုင်းပြည်၊ ငါလူမျိုးအတွက် အသက်သီသီ၊ ဇာလောက်ဝဝ အလုပ်လုပ်လားပါဖို့။ ယင်းပိုင်စိတ်ဓာတ်ဟိရေလူတိနန့်ရာ ရခိုင်လူမျိုးလွတ်မြောက်ရီးတိုက်ပွဲကို ဆက်တိုက်လားပါဖို့။

ခြောက်လရာ။

ငါ့ယုံကြည်ချက်က အေလွတ်မြောက်ရီးတိုက်ပွဲကနောက်ထခြောက်လရာ။

အေခြောက်လအတွင်း အသက်၊ ဘဝ၊ ခန္ဓာ၊ ခန္ဓာအစိတ်အပိုင်းတိ စွန့်လွှတ်အနစ်နာခံပီးဆပ်လားကတ်တေ အာရက္ခစစ်သည်တော်တိကို ဂါရဝပီး တန်ဖိုးထားရေပိုင် အောက်သားတိ၏ မတရားမှုတိအောက်မှာ တစ်ခုခုပီးဆပ်လိုက်ရရေအမျိုးတိအားလုံးကိုလည်း ဂုဏ်ပြုမှတ်တမ်းတင်ပနာ တချိန်ချိန် မှာ အတိုးချဂုဏ်ပြုလားပါဖို့။

အေအတိုင်း ဆက်လားကတ်ပါဖို့။ ယင်းလောက်ဆိုကေ နားလည်ဖို့ယုံကြည်ပါရေ။

ရခိုင်လူမျိုး Dr.ညိုထွန်းအောင်
၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၁) ရက်၊သောကြာနိ။

အနာဂတ်​ရခိုင်​ပြည်​ပညာရီး-အပိုင်း(၁)


အနာဂတ်​ရခိုင်​ပြည်​ပညာရီး-အပိုင်း(၁)
(စာ​တော့စ​ကေရှည်​​ရေ)
"အနာဂတ်​ရခိုင်​အ​ချေတိအတွက်​ပညာ​ရီးစနစ်​ သစ်​တစ်​ခုစွာ မဟိမဖြစ်​လိုအပ်​နီစွာတိထဲကတစ်​ခုဖြစ်​​တေ။ အနာဂတ်​ရခိုင်​ပြည်​ကိုအမွီဆက်​ခံဖို့
လက်​ဟိမျိုးဆက်​တိ၏ ပညာရီးအား​ကောင်းနီဖို့လို​ရေ။ ​ကောင်းမွန်​ပြီး​ခေတ်​မှီ​ရေအပြင်​ ရခိုင်​တိနန့်​သဟဇာတဖြစ်​​ရေပညာ​ရေးစနစ်​သစ်​တစ်​ခုကို ULA က အ​ကောင်​အထည်​​ဖော်​လိုဟိနီ​ရေ"လို့အရင်​ဆုံးမိတ်​ဆက်​​ပြောလိုပါ​ရေ။
ULA/AA စွာဆယ်​နှစ်​အတွင်း(၂၀၀၉- ၂၀၁၉)မှာ ရခိုင်​လူမျိုးတိအတွက်​ မဟိမဖြစ်​နန့်​ အရီးတကြီးဦးစားပီးနံပတ်​(၁)ဖြစ်​​တေ ရခိုင်​အမျိုးသားစစ်​တပ်​တစ်ခြု​ဖစ်​​တေ ရက္ခိုင့်​တပ်​​တော်​(Arakan Army-
AA)ကို အခြီစိုက်​-အခြီ​နောင်း-တိုးချဲ့-တိုက်​-​မောင်းထုတ်​ အစဟိသဖြင့်​ တစ်​ဆင့်​ပြီးတစ်​ဆင့်​တည်​​ဆောက်​လာစွာအင်​တန်​​ချေခရီး​ပေါက်​လာရာလို့​ပြောလို့ရ​ကေလည်း စိန်​​ခေါ်မှု၊အခက်​အခဲ၊အတားအဆီးကစက္ကန်​တိုင်းမှာဟိနီဆဲ။ ဖြတ်​​ကျော်​နီရဆဲဖြစ်​​တေ။
စစ်​ရီးနန့်​စစ်​အင်​အားကို တည်​​ဆောက်​ယင်းနန့်​ပင်​ ရခိုင်​ပြည်​အတွက်​လိုအပ်​နီ​ရေအခြားကဏ္ဍတိကလည်း ​ရောက်​လာလို့ဟိ​ရေလူတိ၊ ဝိုင်းရံလို့ပီးကတ်​​တေလူတိနန့်​ ရ​ကေရသ​လောက်​ သ​န္ဓေတည်​အစပြုလာစွာ
ဆယ်​နှစ်​အတွင်းမှာ​တော့ အခြားကဏ္ဍတိ မှာလည်း သူစွာနန့်​သူအလုပ်ုပီး​မြောက်​မှုတိက​တော့စ​ကေတ​ဗွေဟိ​ရေ။
အားမလိုအားမရမှုတိဟိ​ကေလည်း​နောက်​မဆုတ်​တမ်းစိတ်​ဓာတ်​၊ဇာခါ​လေ့မယှုံးမပီးစိတ်​ဓာတ်​နန့်​ဆက်​လုပ်​၊ဆက်​​လျှောက်​နီကတ်​ဆဲ။ထိုသူပါ
လာ​ကေ​တော့ ​အေခရီးပို​ရောက်​ဖို့ဆို​ရေ"​မျှော်​ကိုးစိတ်​ဓာတ်​"တိကို အာသာဖြီ​ပျောက်​ယင်း စစ်​တိုက်​ရင်းပညာရီးခရီးလမ်း​အတွက်​ အချိန်​စ​ကေပိုပီးနီ​ရေ။ အချိန်​မ​လောက်​​ရေခါ,တစ်​ရက်​(၂၄) နာရီကို(၃၆)နာရီဖြစ်​​အောင်​ ကိုယ့်​နာရီကိုလည်​ပတ်​ထား​ရေ။
အချို့ကဏ္ဍတိက​တော့ အခိုင့်​အချုပ်​အချာ၊ရခိုင်​သားလက်​ထဲအပြည့်​အ
ဝ​ရောက်​မှလုပ်​ဖို့ဖြစ်​​တေအတွက်​ ယင်းကဏ္ဍတိကို​တော့ List to Do စာမျက်​နှာထဲထုံးတို့ပနာ လိုအပ်​​တေကြိုတင်​ပြင်​ဆင်​မှုနဲ့ အလိုက်​သင့်​ပြင်​ထား​ရေ။
လက်​ထဲကိုအချုပ်​အချာအာဏာ​အပြည့်အဝေ​ရာက်​​ရေနိမှလုပ်​မယ်​​ဆို​ကေ​တော့ အချိန်​တိ​နောက်​ကျပနာ သူများ​နောက်​မှာဟိနီလီဖို့။ယေဇု လုပ်​စရာဟိစွာတိကို တုံ့ဆိုင်း​ဝေ​တွေမနီဘဲ ဆက်​လုပ်​နီဖို့လို​ရေ။ လက်​လျားလက်​လျားအားနီကတ်​​တေလူတိမရှိဖို့လို​ရေ။ လူတိုင်းအမျိုးသား
တော်​လှန်​ရီးထဲကလိုအပ်​နီ​ရေကွက်​လပ်​တိုင်းအတွက်​အလုပ်​တစ်​ခုခုကိုလုပ်​နီ​ရေ ဆို​ရေပုံစံမျိုးဖြစ်​နီဖို့လို​ရေ။
ထပ်​ထဲကို​ရောက်​လာ​ရေ ရဲ​ဘော်​တိကို အား​ရေအချိန်​မှာ ​မေးမြန်းမှုတိ
(Research) လုပ်​ပနာ မှတ်​တမ်းလုပ်​ထားစွာတိထဲက ပညာရီးနန့်
ပတ်​သတ်​ပနာလုပ်​ထားစွာတိဟိ​ရေ။ အနှစ်​ချုပ်​လိုက်​​ကေ ရခိုင်​ပညာရီး
စွာ နိမ့်​ကျ​ရေဆိုစွာထက်​ပို​ရေအနီအထားနန့်​စိုးရိမ်​မှတ်​ကို​ကျော်​နီဗျာလ်
အေစစ်​တပ်​က လွန်​ခ​ရေသုံးနှစ်​​လောက်​ကပင်​။ ​နောက်​ပိုင်​နှစ်​တိမှာ။
မလုပ်​ဖြစ်​​ကေလည်း လုပ်​စရာမလို၊အလိုလိုသိနီ​ရေပုံစံမျိုးရာ။
ယေဇု ​အေနှစ်​ကစလို့ ပညာ​ရီး အခန်းကဏ္ဍကို အရင်​ထက်​အလုပ်​လုပ်
ဖို့နန့်​လ၂၀၂၀ အလွန်​ ရခိုင်​ပြည်​ပညာရီးအတွက်​ ဟိ​ရေလူတိနန့်​ လုပ်​လို့ရစွာတိကိုလုပ်​နီဗျာလ်​။အေနှစ်​ဆယ်​တန်း​အောင်​ပညာရီးအဆင့်​တိုး
လာ​ရေလို့မြင်​​ကေလည်း ကိန်းကဏန်းပိုင်​ဆိုင်​ရာ၊ရာခိုင်​နှုန်းတိုးတက်​မှု့
လို့မြင်​ရ​ကေလည်းအနှစ်​သာရပိုင်းမှာတိုးတက်​​ရေလို့မမြင်​။
ကြိုးစားအားထုတ်​ကပ်​​တေလူပုဂ္ဂိုလ်​ဆရာကြီးတိကိုတန်​ဖိုးထားအရိုသီ
Credit ပီးပါ​ရေ။ ပညာရီး၏အနှစ်​သာရနန့်​ လီးနက်​မှုတိတိုးတက်​လာ​အောင်​​တော့ ပညာရီးနယ်ပယ်​ကဆက်​စပ်​ပတ်​သတ်​နီ​ရေလူတိ အာရုံစိုက်​​ဖောက်​ထွက်​ရုံးကန်​ရဖို့အနီအထားသိမ့်​။ စိန်​​ခေါ်နီတုန်း။
ပညာရီးစနစ်​ကို ​အေ​အောက်​သားအစိုးရက,စနစ်​တကျသင်​သတ်​ထားပနာ အညွန့်​ကျိုးလူလုံးမလှ​အောင်​လုပ်​ထား​ရေလို့ ​ကောက်​ချက်​ချစွပ်​စွဲလို
ရေ။ တပြိုင်​နက်​တည်းမှာ ​အေပညာရီးနိမ့်​ကျမှုအတွက်​ရခိုင်​လူငယ်
တစ်​​ယောက်​ချင်းစီမှာလည်းတာဝန်​ဟိ​ရေပိုင်​ ယင်းလူငယ်​တိဟိ​ရေပတ်​ဝန်းကျင်​ကလူတိမှာလည်းတာဝန်​ဟိပါ​ရေ။ ပညာ​ရေးနိမ့်​ကျရ​ရေအ​ကြောင်းတရားထဲကအ​ကြောင်းတရားထဲမှာပါနီ်​​ရေလူတိအားလုံးမှာလည်း
အသီးသီး တာဝန်​ဟိကတ်​ပါ​ရေ။
မယ်​သယ်​သူ​ကြောင့်​၊မယ်​ဝါသူ​ကြောင့်​ လက်​ညှိုးထိုးအပြစ်​ရှာတတ်​​တေ
ဓလိ​အောက်​ကရုန်းထွက်​ပနာ ပြဿနာကိုအ​ဖြေရှာတတ်​​တေအလိအကျင့်​နန့်​ တည်​တည်​ကြိမ်​ကြိမ်​နန့်​​ဖြေရှင်းတတ်​​တေအလိကို လိကျင့်​ယင်း အားနည်းချက်​တိကို ဝိုင်းလို့​​ဖြေရှင်းလားကတ်​ဖို့လိုပါ​ရေ။ ရခိုင်​ပြည်​ပညာရီးနိမ့်​ကျ​ရေဆိုစွာကိုအရသာခံဖိလ်​နီစွာ ရုန်းထွက်​ပနာ"ပညာရီးနယ်​ပယ်​​တော်​လှန်​ရီး"ကိုစတင်​ကတ်​ပါမယ်​။
တော်​လှန်​ရီးဆိုစွာက လက်​နက်​ကိုင်​တိုက်​ပွဲဝင်​မှ​တော်​လှန်​ရီးမဟုတ်​ပါ။
အ​ပြောင်းအ​လဲတသ်​ခုအတွက်​ အနစ်​နာခံပီးခြင်းစွာလည်း​တော်​လှန်​ရီး
တစ်​မျိုးပနာ။ပြုပြင်​​ပြောင်းလဲတိုးတက်​​အောင်​လုပ်​စွာ​လည်း​တော်​လှန်​ရီးပါ။ ​ယေဇု, ရခိုင်​ပြည်​ပညာ​ရီးအတွက်​ ​တော်​လှန်​ရီးလုပ်​ကတ်​မယ်​။
ရခိုင်​ပြည်​ပညာရီး (ငါးနှစ်​စီမံကိန်း)၂၀၂၀- ၂၀၂၅ မှာ ကိုယ်​တိုင်းကိုယ်​ကျပါဝင်​​လို​ရေလူတိ၊ ဟိ​ကေ​ပြောပါ၊ ​လော​လောဆယ်​အခွင့်​မသာ
ကေလည်း ကိုယ်​ဖြစ်​ချင်​​ရေပညာရီး၊ ​အောက်​သားလက်​​အောက်​မှာ သင်​ဖို့အခွင့်​အသာ​ရေပညာရီးနန့်​ပတ်​သတ်​​ရေအိုင်​ဒီယာတိ၊ အကြံဉာဏ်​တိဟိ​ရေ E- Mail ကပို့ပီးပါ။ လက်​ဟိသင်​ကြားရီးစနစ်​ကို အစာမ
ကြီ​ရေတိုင်​သားတိနန့်​လည်း ငါရို့လက်​ထဲမှာအခွင့်​အရီးရ​ကေသင်​ချင်​​ရေပညာရီးစနစ်​၊သင်​ရိုးညွန်းတမ်းတိဟိ​ကေလည်းလက်​တို့ပီးကတ်​ပါ။
မပို့ခင်​မှာ ပို့ဖို့လူ၏ E-mail ကို Message Box 📦 ကအရင်​ပို့ပီးစီလိုပါ​ရေ။ ပြီး​ကေ ကိုယ်​ဇာသူ​လဲဆိုစွာ ​ပြောဖို့လိုပါ​ရေ။ ​ယေပြီးခါ
ဆက်​လုပ်​ကတ်​ပါဖို့နန်းရာ။
အချုပ်​အချာအာဏာဟိ​ရေ ULA/AA ၏လွတ်​​မြောက်​နယ်​တိမှာ အစပျိုးကြည့်​ပါမယ်​။ ပညာရီးမျိုးစိကျဲကည့်​ပါမယ်​။
ရခိုင့်​အနာဂတ်​ခိုင်​မာဖို့၊ ရခိုင်​လူမျိုးတည်​တံ့ဖို့၊ ရက္ချုင့်​တပ်​​တော်​၏ ​ရေရှည်​အတွက်​လက်​ဟိရခိုင်​ပြည်​ပညာရီးက အဓိကကျ​ရေအခန်းကဏ္ဍတိထဲက တစ်​ခုအနီနန့်​ဟိနီပါ​ရေ
အောက်​သားတိကို အားလုံး​မောင်းထုတ်​နိုင်​ခ​ကေ​တောင်​ ဉာဏ်​ရည်​ဉာဏ်​သွီး၊ အရည်​အသွီးမြင့်​ လူငယ်​မျိုးဆက်​သစ်​တိဟိနီမှရရာ ရခိုင်​အနာဂတ်​ အာမခံချက်​ရနိုင်​ဖို့ဖြစ်​​တေ။
ပညာရီးနယ်​ပယ်​ဆို​ရေရပ်​ဝန်းမှာဟိနီကတ်​​တေ ဆရာ၊ဆရာမ၊ ပညာ
ရှင်​တိ အပါအဝင်​ ​ကျောင်းသား၊​ကျောင်းသူတိ အားလုံး,ရခိုင်​ပြည်​ပညာရီးကို ​အေထက်​မြင့်​​ရေအဆင့်​အတန်းတစ်​ခု​ရောက်​​အောင်​အားလုံးကြိုးစားကတ်​ပါမယ်​။ လူတိုင်းတာဝန်​တစ်​ခုအနီနန့်​ တာဝန်​သိစိတ်​နန့်​အလုပ်​လုပ်​နိုင်​ခ​ကေ ​အေပညာရီးနွံထဲကရုန်းထွက်​လွတ်​​မြောက်​နိုင်​လီပါဖို့။
ကျ​နော်​ရို့လည်း ကြိုးစားနီပါ​ရေ။

ရခိုင်​လူမျိုး Dr. ညိုထွန်း​အောင်
၂၀၁၉ ခုနှစ်​၊ ဇွန်​လ(၁၄) ရက်​၊ ​သောကြာနိ့။

Friday, June 21, 2019

ရခိုသမိုင်းကွင်းဆက်များကို ဆက်စပ်ကြည့်ခြင်း-အောင်သူရကျော် (ရက္ခိုင်)

ရခိုသမိုင်းကွင်းဆက်များကို ဆက်စပ်ကြည့်ခြင်း-အောင်သူရကျော် (ရက္ခိုင်)




လိုချင်ကေ အထက်ကပုံကို Click လုပ်ပနာ Download လုပ်ယူနိုင်ပါရေ။
#credit: The Light of Arakan

The Buddhist Art of Ancient Arakan By U SAN THA AUNG

The Buddhist Art of Ancient Arakan By U SAN THA AUNG

The Arakan State is situated on the boundary of Bangladesh and Burma. It is a constituent unit of the Socialist Republic of the Union of Burma. It is separated from Burma proper by a range of barrier against inter-communication between the people living on either side of it. Though descended from the same stock, worshipping the same faith and speaking the same language as the Burmese, the Arakanese have witnessed the flowering of a distinct culture, and have preserved a distinct dialect.

In olden days, Arakan was a thriving, independent ancient border state beyond ancient India. Situated east of Vanga and Sematata. Indologists, writing about the history and culture of ancient India, never mentioned this area where high standards of living, culture and art flourished. The present work is an attempt to fill the missing link between ancient India and Burma proper by presenting a few aspects of the rich cultural heritage of Arakan.
Images in stone and bronze, representing the Buddhist Art of Ancient Arakan (before 1000 A.D) are presented in this book.

A Fat Monk image, miniature stupas, a tablet of auspicious symbols, dedicatory inscriptions fallen out of old ruined stupas and caityas, a relief sculptures found on the platforms of the Mahamuni Shrine are all sculptured out of, or inscribed on stones.
The miniature cetis (caityas), bells, lamps and numerous Buddha images, crowned and uncrowned, are all made of bronze. These bronze artifacts provide evidence of all made of bronze. These bronze artifacts provide evidence of a flourishing school of bronze castings. The time of casting ranged from the 5th century A.D. to the 10th century A.D.

I have presented many varieties of bronze Buddha images, both crowned and uncrowned, of Arakan having different gestures. I have also explained these gestures one by one. Any one who is interested in Buddhist iconography, I hope, will be able to find in the images I have presented, new types and variations till now unknown to them, and also remarkable affinities with those that they are more or less familiar with. In both cases, I fervently hope that, a really interested mind will have much to take delight in.


လိုချင်ရေဆန္ဒဟိကေ အထက်ကပုံကို Click လုပ်ပနာ Download လုပ်ယူနိုင်ပါရေ။

http://thelightofarakan.blogspot.com/?m=1
မှကူးယူပါသည်။