Thursday, June 27, 2019

ရှေးခေတ် ရခိုင် ပြည် (သို့) ရတနာရွှေမြေ


" ရှေးခေတ် ရခိုင် ပြည် (သို့) ရတနာရွှေမြေ "

""""""""""""""""""""""""""""""""""""""""""'"'''

         ၁၆၂၈ခုနှစ်တွင် ပေါ်တူဂီလူမျိုးသြဂတ်စတင်

ဂိုဏ်းဝင် ဘရင်ဂျီ ဘုန်းကြီး ဆီဘတ်စလျှို မန်ရစ်

(Sebastoao Manrique)သည် အသက်လေးဆယ်

အတွင်း သြဂတ်စတင်ဂိုဏ်းခွဲရှိရာ ဘင်္ဂလားပြည်နယ်

(ယခုကလကတ္တားမြို့အနီးရှိ) ဟူးဂလိမြို့သို့ သာသ

နာပြုစေလွှတ်ခံရသည်။ယင်းမြို့မှ ၁၆၂၉ခုနှစ်စက်တင်

ဘာလတွင် ထိုစဉ်က ရခိုင်ပြည်နယ်နိမိတ်အတွင်းရှိ

ဒီယင်းဂါးမြို့ (လက်ရှိဘင်္ဂလားဒေ့ရှ်နယ်မြေ)သို့ပြောင်း

ရွှေ့တာဝန်ထမ်းဆောင်ရသည်။ဒီယင်းဂါးမြို့သည် ထို

အချိန်က ရခိုင်ဘုရင်၏ လက်အောက်ခံဘုရင်ခံချုပ်က

စီရင်အုပ်ချုပ်ရသော အနောက်မြောက်ဘက်နယ်စပ်

မြို့ဖြစ်သည်။ စစ််တကောင်းမြို့(လက်ရှိဘင်္ဂလားဒေ့ရှ်

နယ်)သည်လည်း ရခိုင်ဘုရင်၏ ကိုယ်စားဘုရင်ခံချုပ်

တစ်ပါးရုံးစိုက်ရာမြို့ဖြစ်သည်။

      ထိုစဉ်က ရခိုင်ပြည်ကို သီရိသုဓမ္မရာဇာမင်း အုပ်

ချုပ်၍မြောက်ဦးမြို့တော်တွင်ထီးနန်းစိုက်ထူသည်။မြန်

မာပြည်အင်းဝမြို့တော်၌ အနောက်ဘက်လွန်မင်းထီး

နန်းစိုးစံနေချိန်ဖြစ်သည်။ဘုန်တော်ကြီးမန်ရစ် ရောက်

ရှိလာသော ဒီယင်းဂါးမြို့ကို ရခိုင်ဘုရင်ကပေါ်တူဂီတို့

အား ဆိပ်ကမ်းမြို့အဖြစ် အသုံးချနိုင်ရန် ခေတ္တငှားရမ်း

ထားသောမြို့ဖြစ်သော်လည်း ပေါ်တူဂီတို့မှာအရောင်း

အဝယ်မကောင်းသဖြင့် ပင်လယ်ဓါးပြများဖြစ်ကုန်ကြ

လေသည်။သို့သော် ရခိုင်ဘုရင်ကသူတို့အားမသိကျွံ

ပြုလျှက် အနောက်ဘက်မှ မဂိုအင်ပါယာ(အန္ဒိယရှိ

မွတ်ဆလင်မင်းဆက်)ရန်ကို အကာအကွယ်ရစေဖို့

နှင့် နယ်စပ်ဒေသလုံခြုံရေးအတွက် လက်သပ်မွေး

ကာ အမှု့တော်ထမ်းရွက်စေသည်။

       ပေါ်တူဂီတို့သည် အန္ဒိယနယ်အနှံ့(မဂိုအင်ပါ

ယာအတွင်း)ဝင်ရောက်ကာ ဒေသခံများကိုဖမ်းဆီး

လျှက် ကျွန်ကုန်ကူးခြင်း လုယက်တိုက်ခိုက်ခြင်းစသော

ဒုစရိူက်မှု့များကိုပင် ရခိုင်ဘုရင်ကအားပေးအားမြှောက်

ပြုထားလေသည်။အဘယ့်ကြောင့်ဆိုသော် အရှေ့ဘက်

သို့တရွေ့ရွေ့နယ်ချဲ့နေသော မဂိုဘုရင်၏အင်အားကို

နေ့စဉ်နှင့်အမျှ စိုးရိမ်နေရသောကြောင့် အတားအဆီး

ဖြစ်စေတော့ဟူသောသဘောဖြင့် ယင်းသို့အားပေး

နေရခြင်းဖြစ်လေသည်။ဒီယင်းဂါးမြို့တွင် မန်းရစ်၏

သာသနာပြုလုပ်ငန်းများဆောင်ရွက်နေစဉ် အနီးဆုံး

မြို့ဖြစ်သော စစ်တကောင်းမြို့ဝန် ရခိုင်ဘုရင်၏ညီ

တစ်ဝမ်းကွဲတော်သူ ကွယ်လွန်သွားရာ ၎င်း၏နေရာ

တွင် အမတ်ကြီးတစ်ဦးအားမြို့ဝန်အဖြစ်ခန့်အပ်ခဲ့၏။

      ထိုမြို့ဝန်သည် ပေါ်တူဂီလူမျိုးများအား များစွာ

မလိုလားမနှစ်သက်ပေ။ထိုမြို့ဝန်က ဒီယင်းဂါးမြို့ရှိ

ပေါ်တူဂီီလူမျိုးးများသည် မဂိုဘုရင်နှင့်အဆက်အဆံ

ပြုလျှက်စစ်တကောင်းမြို့ကို ဝင်ရောက်သိမ်းပိုက်ရန်

ကြံစည်ကြိုးပမ်းနေကြောင်း ရခိုင်ဘုရင်အထင်မှား

စေရန်လိမ်လည်၍ စာရေးတိုင်ကြားသည်။ရခိုင်ဘု

ရင်သီရိသုဓမ္မလည်း ပေါ်တူဂီတွေကိုစုံစမ်းစစ်ဆေး

ခြင်းမပြုပဲ မြို့ဝန်လျှောက်တင််ချက်က်ို ယုံကြည််ကာ

ချက်ချင်းပင် တိိုက်လှေကြီီးငါးရာပါဝင်သောရေတပ်

ကို ဖွဲ့စည်းစေပြီးဒီယင်းဂါးမြို့သို့စစ်ချီရန်အတွက်

ရေတပ်ဗိုလ်ချုပ်ကိုဦးဆောင်စေကာမြောက်ဦးမြို့

တော်မှ ထွက်ခွာလာခဲ့သည်။သို့သော်ပင်လယ်ပြင်

၌ မိုးသက်လေပြင်းများကျရောက်နေသဖြင့် ဦးရစ်

တောင်အကောက်ခွန်စခန်း၌ ရာသီဥတုတည်ငြိမ်

လာသည်အထိ ကျောက်ချစောင့်ဆိုင်းနေကြသည်။

     ယင်းသတင်းကိုမြောက်ဦးရှိ ဘုရင့်အမြောက်

တပ်မှပေါ်တူဂီလူမျိုးများက ဒီယင်းဂါးမြို့ရှိ စစ်ဗိုလ်

တီတာအိုထံံ စာရေးအကြောင်းကြားခဲ့သည်။ယင်း

သတင်းကိုရလျှင်ရချင်း တီတာအိုက ဘုန်းတော်ကြီး

မန်းရစ်နှင့်တွေ့့ဆုံကာ စစ်တကောင်းမြို့ဝန်သစ်

(ဘုရင်ခံ)၏ လိိမ်လည်တင်လျှောက်ချက်များကို

မဟုတ်မှန်ကြောင်း ပေါ်တူဂီစစ်သားများလည်းဘု

ရင့်အမှု့တော်ကိုသစ္စာရှိစွာထိန်းသိမ်းစောင့်ရှောက်

နေကြောင်းကို ရခိုင်ဘုရင်အားကိုယ်တိုင်တွွေ့ဆုံ

လျှောက်တင်ရန်တိုင်ပင်ကာ မန်းရစ်နှင့်တီတာအို

တို့နှစ်ဦးလုံး ရခိုင်ရေတပ်ကြီးချီတက်မလာခင် ကုန်း

လမ်းခရီးမှ အမြန်ဆုံး ရခိုင်သို့သွားရောက်ရန်ပြင်

ဆင်ကြလေသည်။

       ဤသို့ဖြင့်ရခိုင်ဘုရင်အားဆက်သရန်လက်

ဆောင်ပဏ္႑ာများကိုသေတ္တာများဖြင့်ထည့်ပြီးဆင်နှစ်စီး

နှင့်အတူ မန်းရစ်နှင့်တီတာအိုတို့၏ အစေခံများကျွန်

များလမ်းပြများတို့ ရာသီဥတုပြင်းထန်ဆိုးဝါးနေချိန်

၌ပင် တောလမ်းခရီးအတိုင်း ဒီယင်းဂါးမြို့မှ ရခိုင်

ပြည်မြောက်ဦးမြို့အထိ ခက်ခဲပင်ပမ်းစွာအလျင်အ

မြန်ထွက်ခွာလာခဲ့ပါသည်။မိုင်တစ်ရာ့ငါးဆယ်ကျော်

ခန့်ဝေးကွာသောခရီးကို ရခိုင်ဘုရင့်လက်အောက်ခံ

စစ်တကောင်းမြို့ ပဲရုံမြို့(Peroem ပီရွမ်)စသည့်မြို့များ

ကိုဖြတ်ကျော်ကာ မိုးထဲလေထဲတွင်မြစ်ချောင်းများ

တောတောင်လျှိုမြောင်များကိုဖြတ်သန်းကာခရီးနှင်

ခဲ့ရာ ရခိုင်ဘုရင့်ရေတပ်စစ်ပြင်နေသည့် ဦးရစ်တောင်

စခန်းသို့ရောက်ရှိခဲ့လေသည်။

    ရခိုင်ပြည်သည် ဗုဒ္ဓဘာသာနိုင်ငံအဖြစ်အလွန်

ရှေးကျသောအခါကပင် ထွန်းကားခဲ့လေသည်။ထူး

ခြားမှတ်သားဖွယ်ကောင်းသည့်အချက်မှာ ဂေါတမ

မြတ်စွာဘုရားသခင်သက်တော်ထင်ရှားရှိစဉ်ကပင်

ဘုရားရှင်၏ကိုယ်စားအဖြစ်သွန်းလုပ်တော်မူခဲ့ပြီး

ဘုရားကိုယ်တော်တိုင်အသက်သွင်းပေးခဲ့သော

မဟာမုနိ ရုပ်ပွားတော်ကြိီး(မြန်မာတို့ကမဟာမြတ်

မုနိဟု ခေါ်ကြ၏)တစ်ဆူ တည်ရှိနေခြင်းပင်ဖြစ်သည်။

မဟာမုနိရုပ်ပွားတော်ကြီးမှာ ရခိုင်ပြည်ဓညဝတီနေ

ပြည်တော်ပထမမြို့တည် စန္ဒသူရိယဘုရင်လက်

ထက်တွင် မြတ်စွားဘုရားသခင်ကိုယ်တော်တိုင်

ကြွရောက်မူစဉ် ဘုရားရှင်၏ကိုယ်ပွားတော်အဖြစ်

သွန်းလုပ်ပူဇော်ကာ ဘုရားရှင်ကိုယ်တိုင်အသက်

သွင်းပေးခဲ့ကြောင်းယုံကြည်သည့်အားလျော်စွာ

ဗုဒ္ဓဘာသာဝင်တို့မှီခိုအားထားရာအဖြစ်သာမက

နိုင်ငံကိုလုံခြုံအောင်ကာကွယ်စောင့်ရှောက်ပေး

နေသည့် တိုင်းပြည်၏ အရေးအကြီးဆုံးရတနာ

တစ်ပါးအဖြစ်လည်း ကြည်ညိုစွာယူဆထားကြသည်။

ခရစ်သက္ကရာဇ် ၉၅၇တွင်ရခိုင်ပြည်သို့ မွန်ဂိုလွိုက်အ

နွယ်ဝင်လူမျိုးတစ်မျိုး ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ထိုလူမျိုးများကား အလွန်ရှေးကျသောမြန်မာလူမျိုးများ

ပင်ဖြစ်တော့သည်။အဘယ့်ကြောင့်ဆိုသော် ရခိုင်လူ

မျိုးတို့ယနေ့ပြောဆိုနေသော စကားသည် အလွန်ရှေး

ကျသော မြန်မာစကားအတိုင်းဖြစ်နေသောကြောင့်

တည်း။

       ခရစ်၁၁ရာစုအတွင်းတွင် ထေရဝါဒဗုဒ္ဓဘာသာ

သည်မြန်မာလူမ်ျိုးတိုအနှသ်သက်အယုံကြည်ဆုံးဘာ

သာအဖြစ် ပုဂံပြည်တွင်အကြီးအကျဟ်စည်ပင််ထွန်း

ကားခဲဲ့ရာ ခရစ်နှစ် ၁၀၆၀ ခန့်တွင်ပုဂံမှမြန်မာတို့ရခိုင်

ပြည်အထိိ တိုးချဲ့ပိုင်စိုးခဲ့ဖူးသည်။ပုဂံဘုရင်တို့သည်

မဟာမုနိရုပ်ပွားတော်ကြီးကို ကြည်ညိုလွန်းသဖြင့်

ပင့်ဆောင်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မရ

သဖြင့် မဟာမုနိဘုရားကြီးကိုဖူးမျှော်ပြီးပြန်ကြရလေ

သည်။ထိုအချိန်မှ မန်းရစ်တို့ရောက်ရှိချိန်အထိ နှစ်

ပေါင်းခြောက်ရာကျော်ကာလမှာ ရခိုင်ပြည်သည်ထေ

ရဝါဒဗုဒ္ဓဘာသာနိုင်ငံအဖြစ် မြန်မာဘုရင်တို့သြဇာ

အာဏာမှသီးခြားကင်းလွတ်စွာ ကိုယ့်မင်းကိုယ့်ချင်း

တိုင်းပြည်အဖြစ်တည်တံ့လာခဲ့ပေသည်။မြောက်ဦး

နန်းဆက်ကို ၁၄၃၀မှစတင်ခဲ့ပြီး၁၅၃၀ပြည့်နှစ်ရခိုင်

ဘုရင် မင်းဘင်လက်ထက်တွင် ဘင်္ဂလားပင်လယ်

အော်ကမ်းခြေတစ်လျှောက်အခြေတကျတည်ရှိခဲ့သည်။

     ထိုမင်းလက်ထက်မှာပင် ပေါ်တူဂီလူမျိုးတို့သည်

ဘုရင့်ကိုယ်ရံတော်သေနတ်ကိုင်တပ်သားများအဖြစ်

အမှု့ထမ်းခဲ့ကြပြီး နိုင်ငံတော်ကိုလည်းစစ်တကောင်း

မြို့အထိနယ်ပယ်ချဲ့ထွင်နိုင်ခဲ့သည်။သို့ဖြင့်မန်းရစ်တ်ို့

လူစုသည် ဦးရစ်တောင်ရှိ ရေတပ်ဗိုလ်ချုပ်ထံသို့အ

လျင်အမြန်တွေ့ဆုံခွင့်တောင်းကာ မိမိတို့လာရောက်

ခဲ့သောအကြောင်းရင်းကိုပွင့်လင်းစွာပြောပြလေသည်

ထိုအခါရေတပ်ဗိုလ်ချုပ်ကြီးက"ဘုန်းကြီးယခုပြောပြ

တာတွေကိုဘာမှယုံမှားစရာမရှိပါဘူး။ကျွုနု်ပ်ကိုယ်တိုင်

လည်းပေါ်တူဂီတွေသစ္စာဖောက်လိမ့်မယ်လို့နည်း

နည်းမှ သံသယမဖြစ်မိပါဘူး။အမှန်တော့ယခုရေ

တပ်ကိုပင်မုတ်သုန်အင်အားလျော့နည်းချိန်အထိ

စောင့်ဆိုင်းနေတာမဟုတ်ပါဘူးအသင်တို့ပင်ဒီလမ်း

ဒီခရီးကိုအခုလိုလာရောက်နိုင်သေးလျှင် ကျွန်ုပ်တို့

အဖို့ဘယ်လမ်းဘယ်ခရီးဘယ်လိုရာသီကမီတားဆီး

မထားနိုင်ဘူးဆိုတာရိပ်မိမှာပါဝအမှန်တော့ဒီသတင်း

ကို မသင်္ကာလို့ အချက်အလက်အခိုင်အလုံသိနိုင်စေ

ဖို့အချိန်ဆွဲစောင့်ဆိုင်းနေခဲ့တာပါ။အလားတူပင်ဘုန်း

ကြီးကိုရွှေနန်းတော်ကြီးကလည်းလက်ခံတွေ့ဆုံမှာ

မလွဲပါဘူး။ကျွန်ုပ်၏ယောက်ဖတော်ကိုစာရေးသား

ပေးပို့ကာ ခြေမြန်စေလွှတ်ပြီးဘုရင်မင်းမြတ်ထံအ

ဆက်အသွယ်ရအောင်ပြုလုပ်ပေးပါမည်။ဘုရင်မင်း

မြတ်လည်းယခုမြောက်ဦးရွှေမြို့တော်၌မရှိပါမဟာ

မုနိဘုရားကိုအဖူးမြော်သွားနေပါသည်။အဲ့ဒီကိုလိုက်

သွားလျှင်တွေ့နိုင်ပါလိမ့်မည်။သင်တို့နှင့်အတူကျွန်ုပ်

၏ဗိုလ်ကြီးကိုလည်း အကူအညီထည့်လိုက်ပါဦးမည်"

ဟုပြောလေသည်။

     သူတို့လူစုကိုဦးရစ်တောင်အနီး စပါးလယ်ကွင်း

ထဲရှိ ယာယီတဲစခန်းတွင်တည်းခိုစေသည်။ရေတပ်

စခန်းမှာကုလားတန်မြစ်ကမ်းပေါ်၌ရှိပြီး သငေ်္ဘာတပ်

ကြီးမှာ ပင်လယ်ကမ်းခြေ၌ ကျောက်ချထားလေသည်။

ယာယီစခန်းဖြစ်သော်လည်း စစ်တန်းလျားတို့မှာ ဝါး

တိုင် ထန်းလက်မိုး ဝါးထရံကာလျက် သပ်ရပ်သန့်ရှင်း

ကြပြီးအားလုံးအသစ်စက်စက်ဆောက်လုပ်ထားခြင်း

ဖြစ်ပြီး အကြီးဆုံးတဲတွင်ရေတပ်ဗိုလ်ချုပ်နေထိုင်သည်။

ပင်လယ်ကမ်းခြေမှ တောင်တန်းများအထိခြောက်မိုင်

ခန့်ကွာဝေးရာကျယ်ပြန့်သောမြေအပြင်တစ်လျှောက်

လုံးစပါးခင်းများဖြင့်စိမ်းစိုနေလေသည်။ရခိုင်ပြည်သည်

မေယုမြစ် ကုလားတန်မြစ် လည်မျိုမြစ်တို့မှနုန်းအနယ်

အနှစ်များကျ၍ ဖြစ်ပေါ်လာသောမြေနုကျွန်းပေါ်အရပ်

ဖြစ်သောကြောင့် မြေသြဇာထက်သန်ကောင်းမွန်လှ

သည်။မြစ်သုံးစင်းလုံးရခိုင်ရိုးမတောင်တန်းများမှမြစ်

ဖျားခံကာ ဘင်္ဂလာပင်လယ်ထဲသို့ကျောချင်းကပ်စီး

ဝင်ကြသည်။

       သို့ဖြစ်၍ ရခိုင်ပြည်လူဦးရေထက် ထွက်ရှိသော

ဆန်စပါးကများစွာပိုလျှံနေတော့သည်။ထို့ကြောင့်လယ်

ယာစိုက်ပျိုးရေးအလုပ်ကြမ်းလုပ်ကိုင်ရန် ပေါ်တူဂီတို့

က အန္ဒိယမှဖမ်းဆီးရလာသော သုံ့ပန့်များကိုရခိုင်တွင်

ရောင်းချသည်။အန္ဒိယနှင့်နယ်ချင်းစပ်နေသော်လည်း

ကုလားအငွေ့အသက်ကင်းလွတ်သောတိုင်းပြည်တစ်

ခုဖြစ််နေသည််မှာလည်း အံ့သြစရာကောင်းလှသည်။

မွန်ဂ်ိုလီယန်းအမျိုးအနွယ်မှဆင်းသက်လာပြီး ဘာသာ

စကားယဉ်ကျေးမှု့သီးခြားဟန်တည်ရှိသည်။ဤသို့ဖြင့်

နှစ်ရက်ကြာဦးရစ်တောင်စခန်းတွင်တည်းခိုခဲ့ပြီးနောက်

နေ့မနက်စောစောတွင် မန်းရစ်နှင့်အဖွဲ့သည်မဟာမုနိ

ရုပ်ပွားတော်ရှိရာ မြောက်ဦးမြို့အနောက်မြောက်ယွန်း

မိုင်လေးဆယ်ခန့်ကွာဝေးသော သင်္သကရိုက်ဘာသာ

ဖြင့် ဆီရိဂုတ္တ( ပါဠိ-သီရိဂုတ္တ)တောင်သို့ ရေကြောင်း

ဖြင့် ခရီးဆက်ခဲ့လေသည်။

      ရေကြောင်းခရီးတွင် မန်းရစ်နှင့်ကပ္ပတိန်တီဘာအို

၎င်းတို့အစေခံများနှင့်လက်ဆောင်ပဏ္႑ာအပါအဝင်

ဝန်စည်စလယ်အားလုံးကို ရခိုင်ရေတပ်ဗိုလ်ကြပ်မတ်

သောလှေတော်သုံးစင်းဖြင့်် သယ်ယူကာ ကုလားတန်

မြစ်ကိုဆန်တက်ခဲ့ပြီးနောက် သေမာနဒီ(သားရေချောင်း)

ချောင်းငယ်တစ်ခုသို့ကွေ့ဝင်ခဲ့ကြရလေသည်။ချောင်း

ကမ်းပါးနှစ်ဖက်မှသစ်ပင်ကြီးများမှာလွန်စွာမြင့်မားသန်

စွမ်းပေရကားတစ်ဖက်နှင့်တစ်ဖက်ထိယှှက်လုခမန်း

ချောင်းကို အုပ်မိုးထားသောစိမ်းလန်းသောတောအုပ်

ကြီးများတည်ရှိလေသည်။မျောက်များဥဒေါင်းငှက်များ

နှင့် တရွေ့ရွေ့သွားနေသောကြံ့သတ္တဝါကြီးများမှစ

၍ ဘာသာဘာဝပျော်ပါးနေသောကျေးးငှက်တိရိစၧာန်

မျိုးစုံလင်စွာတွေ့ရလေသည်။ဒုတိယနေ့တွင် လူနေ

အိမ်ခြေအသင့်အတင့်ရှိသောရွာငယ်များဟိုတစ်စု

သည်တစ်စုကို စပါးခင်းကြီးများအကြားတွေ့ရ၏။

သူတို့သည် ရွာတစ်ရွာတွင်ခေတ္တစခန်းချပြီးနံနက်စာ

စားသောက်ကြသည်။အစားအစာတို့မှာမမျှော်လင့်နိုင်

လောက်အောင်ဈေးပေါသဖြင့်တအံံ့တသြဖြစ်ကြကုန်

၏။ငွေဒင်္ဂါးတစ်ပြားပေးလျှင် ကြက်အကောင်သုံးဆယ်

ခန့်ရရှိပြီး တစ်ပဲနိပေးလျှင်ကြက်ဥဒါဇင်များစွာရနိုင်ပေ

သည်။

       ထိုနေ့မွန်းတိမ်းတွင် သေမာနဒီ(ရှေးကသရေ

မြစ်ဟုခေါ်၍ယခုအခါသားရေချောင်းဟုတွင်သည်)

မြစ်ကြောင်းအတိုင်းဆန်တက်ရာ မဟာမုနိဘုရား

ကြီးမရောက်မီ သုံးမိုင်ခန့်အလိုလောက်တွင် မြစ်

ကြောင်းကို ဘုရင့်လှေတပ်ကြီးပိတ်ဆို့နေသဖြင့်

ဆက်လက်ဆန်တက်ခြင်းမပြုန်ိုင်သောကြောင့်ရပ်

တန့်လိုက်ရသည်။ယင်းအခြေအနေကြောင့် အတူ

ပါလာသောရေတပ်ဗိုလ်က ဗိုလ်ချုပ်ကြီး၏ယောက်ဖ

ထံသို့အကြောင်းကြားရန်ကုန်းပေါ်တက်သွားလေ

သည်။နောက်နေ့မနက်တွင်ရေတပ်ဗိုလ်နှင့်အတူ

ဗိုလ်ချုပ်ကြီး၏ယောက်ဖအပါအဝင်အရာရှိကြီးများ

လိုက်ပါလာကြကာ မန်းရစ်နှင့်တွေ့ဆုံပြီး "ညကပင်

ဗိုလ်ချုပ်ကြီးရဲ့အစီရင်ခံစာကိုဘုရင်မင်းမြတ်ထံဆက်

သလိုက်ပြီဖြစ်ကြောင်း ဘုရင်ကလည်းစာကိုဖတ်ရှု့

တော်မူပြီး နောက်ထပ်အမိန့်မရမချင်း ရေတပ်ကို

ဒီယင်းဂါးသို့ချီတက်ခြင်းမပြုရန်အမိန့်ထုတ်ပြန်လိုက်

ကြောင်း"ပြောပြလေသည်။ထိုညတွင် ဘုရင့်ကိုယ်

ရံတော်တပ်မှ ဆာမူရိုင်းခေါ်ဂျပန်သူရဲကောင်းတပ်

တစ်တပ်ပါဝင်လေရာထိုတပ်မှ ဂျပန်စစ်ဗိုလ်တစ်

ယောက်ခေါင်းဆောင်သောဂျပန်စစ်သားများက မန်း

ရစ်ထံသို့လာရောက်ဂါရဝပြုကြသည်။

       ယင်းဂျပန်စစ်သားများမှာကက်သလစ်ဘာသာ

 ဝင်ခရစ်ယာန်များဖြစ်၏။ဂျက်ဆူအစ်သာသနာပြုစိန့်

ဖရန်စစ်ဇေဗီးယားသည် ဂျပန်ပြည်၌သာသနာပြုရာ

အလွန်အောင်မြင်ခဲ့သည်။၁၆၁၂ခုနှစ်တွင်ဂျပန်ပြည်

ကိုကြီးစိုးသော ရှိုးဂန်းအိယေယာစု ခေါ် မှုးမတ်များ

က ခရစ်ယာန်သာသနာပြုများကိုမသင်္ကာသဖြင့်အချို့

ကိုဖမ်းဆီးသတ်ဖြတ်ကာ ကျန်အချို့ကိုဂျပန်လူမျိုးခရစ်

ယာန်တိုင်းရင်းသားများနှင့်အတူ တိုင်းပြည်မှနှင်ထုတ်

ခဲ့လေရာ ဂျပန်ခရစ်ယာန်များတွင် သစ္စာရှိခြင်းရဲရင့်

ခြင်းနှင့်သူမတူအောင်စွမ်းသော ဓားသမားဆာမူရိုင်း

များပါဝင်ကြရာယင်းတို့ ရောက်ရှိရာအန္ဒိယအနီးတ

ဝိုက်တိုင်းပြည်ရှင်ဘုရင်တို့ထံဝင်ရောက်အမှု့ထမ်း

ကြ၏။ ယိုးဒယားပြည် ဟံသာဝတီ(ပဲခူး)နှင့်ရခိုင်ဘု

ရင်တို့၏ ကို်ယ်ရံတော်တပ်များတွင် ဂျပန်ဓါးလွတ်ကိုင်

ဆာမူရိုင်သူရဲကောင်းတပ်များ ရှိနေခဲ့ကြသည်။

      ယခုမန်းရစ်ထံလာရောက်တွေ့ဆုံသော ဂျပန်

ကိုယ်ရံတော်တပ်မှာ ရခိုင်ဘုရင်သီရိသုဓမ္မမင်း နှစ်

စဉ်ကြွရောက်မြဲ မဟာမုနိဘုရားဖူးလိုက်ပါလာကြရ

သော ကိုယ်ရံတော်တပ်ဖြစ်၏။၎င်းတို့တွင်ယူနီဖေါင်း

စစ်ဝတ်စုံအပြည့်ဝတ်လျှက် ခါးပတ်ကြိုးတွင်ဓါးရှည်နှစ်

လက်ချိတ်ကာ သူတို့၏တ်ိုက်လှေကို မန်းရစ်တို့လှေ

နှင့် ယှဉ်ဆိုက်ကပ်ပြီး အမြှောက်သေနတ်များပစ်

ဖောက်၍ အလေးပြုကြသည်။ထို့နောက်ဂျပန်စစ်ဗိုလ်

သည် မန်းရစ်တို့လှေပေါ်သို့တက်၍ ဘုန်းကြီးမန်းရစ်

ရှေ့တွင်ဒူးထောက်လျှက်မိမိအမည်မှာ လီယွန်ဒိုနို

ခေါ်ကြောင်း လီယွန်မှာခရစ်ယာန်အမည်ဖြစ်ပြီး ဒွန်န်ို

မှာလူကြီးလူကောင်းဟုအဓိပ္ပါယ်ရသောဂျပန်အမည်

ဖြစ်ကြောင်း သူတို့အမှု့ထမ်းကာလ ၇နှစ်တာအတွင်း

မည်သည့်ခရစ်ယာန်ဘုန်းကြီးမှ မရောက်လာခဲ့ဖူး

ကြောင်းသူတို့ဝတ်ပြုရန်ဘုရားရှိခိုးကျောင်းလည်း

မရှိကြောင်း ဘုရင်မင်းမြတ်ထံအတန်တန်လျှောက်ထား

ခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ယခုဘုန်းတော်

ကြီးမန်းရစ်ရောက်ရှိလာသဖြင့် အထူးကြည်ညိုကာ

ဝမ်းမြောက်မိကြောင်း ဖြစ်နိုင်လျှင်ဘုရင်မင်းမြတ်နှင့်

တွေ့ဆုံသောအခါ ဘုရားရှိခိုးကျောင်းဆောပ်လုပ်ခွင့်

တောင်းဆိုပေးပါရန်အကြောင်းတို့ကိုပြောကြားလေ

သည်။

        ဤသို့ဘုန်းတော်ကြီးမန်းရစ်နှင့်ဂျပန်စစ်ဗိုလ်တို့

တွေ့ဆုံနေစဉ် အစေခံအချို့ပြေးလာပြီး အိမ်တော်ဝန်

မင်းကြွလာကြောင်း ပြောကြားလေသည်။အမှန်ပင်

ဝန်မင်းသည် အခမ်းအနားဖြင့်ကြွလာသည်ကိုလူတိုင်း

အာရုံစိုက်နေကြလေ၏။ကြီးမားထွားကျိုင်းသောဆင်

ကြီးတစ်ကောင်ပေါ်ရှိ ရွှေချထားသောဖောင်းကား

ထဲတွင်ထိုင်လျှက် အနီးတွင်ရေတပ်ဗိုလ်ချုပ်၏ယောက်

လည်းကပ်လျက်ပါလာသည်။ထိုဆင်ကြီးကိုအစောင့်

တပ်သားလေးဆယ်ခန့် ဝန်းရံလိုက်ပါကြပြီး နောက်

တွင် ဆေးတံကိုင်သူ ကွမ်းအစ်ပိုက်သူ ဆေးလိပ်ညှိ

ရန် ရဲရဲနီသောမီးသွေးအိုးသယ်သူ အဖျော်ယမကာ

ကရားရွက်သူ ရေအင်တုံရွက်သူ လုလင်ခြောက်ဦး

နှင့် လူပျိုတော်သားအချို့ လိုက်ပါလာကြ၏။

     ဆင်ပေါ်မှ အိမ်တော်ဝန်ဆင်းသက်တော်မူ၍

လှေပေါ်သို့ကြွရောက်လာပြီး လှေဦးဖုံပေါ်သို့ဝင်

ထိုင်၍ "အကျွန်ုပ်တို့ ဘဝရှင်မင်းတရားကြီးက အ

ကျွန်ုပ်ကို သင်တို့အားကြိုဆိုရန်စေလွှတ်လိုက်ပါတယ်"

ဟုပြောကြားသည်။မန်ရစ်ကလည်းအရိုအသေပြု

လျှက် "ရွှေနန်းရှင်၏ မဟာဂရုဏာတရားကြီးမား

တော်မူလှပါတယ်"ဟုပြန်လည်ပြောဆိုသည်။နေပူ

ပြင်းလှသဖြင့် ဆင်တော်ကိုပြန်လွှတ်ကာ ရေကြောင်း

မှသွားရန် အိမ်တော်ဝန်ကပြောကြားသည်။မကြာမီ

လူနှစ်ဆယ့်လေးယောက်လှော်ခတ်ရသောအလွန်

လှပသည့်လှေတော်တစ်စင်း ယှဉ်၍ကပ်လာလေ

သည်။လှေဦးတွင် ပန်းခက်ပန်းရွက်များနှင့် ကခုန်

နေသောလူရုပ်ပုံများထွင်းထုထားပေသည်။လှေ

တော်သားများအလယ်တွင်ထိုင်ကြ၏။လှေပဲ့ပိုင်းမှာ

အစိမ်းနှင့်ရွှေရောင်ဆေးများသုတ်ထားသော အမိုး

တွင် နေကာအဖီများထုတ်ထား၍ ပြတင်းပေါက်တို့

ကို ကြက်သွေးနှင့်အဝါရောင်ခန်းဆီးများချိတ်ဆွဲထား

လေသည်။အိမ်တော်ဝန်နှင့်ဆွေးနွေးနေစဉ်ဂျပန်ဆာ

မူရိုင်းစစ်ဗိုလ်မှာကမ်းပါးတွင်ရိုသေစွာရပ်စောင့်နေ

ရှာသည်ကို မန်းရစ်တို့ ဝန်မင်းလှေတော်ပေါ်ကူး

ပြောင်းတက်ရောက်နေစဉ်မြင်လိုက်သဖြင့် အတူ

ခေါ်သွားရန်သင့်မည်ဟုတွေးကာ ဗိုလ်ချုပ်၏ယောက်

ဖအားကန့်ကွက်ရန်ရှိ မရှိမေးမြန်းသည် ဂျပန်စစ်ဗိုလ်

မှာ ရာထူးအဆင့်အတန်းနိမ့်ကျသဖြင့် သဘောမတူ

ချေ။သို့သော် အိမ်တော်ဝန်က ကြားသောအခါ လိုက််

ပါခွင့်ပြုသဖြင့် အစေခံတစ်ယောက်အားအခေါ်လွှတ်

လိုက်သည်။

        ဂျပန်ဗိုလ်လည်းလှေပေါ်သို့တက်လာပြီး ဘုရင့်

ထံဝင်ရောက်ခွင့်ကြုံသဖြင့် ဝမ်းမြောက်ကျေးဇူးတင်

ကာ ဝန်မင်းအား လက်နှစ်ဖက်ယှက်ကာဦးတင်အ

လေးပြုလိုက်လေသည်။သူတို့သည် ဤနည်းအားဖြင့်

သုံးမိုင်ခန့် ကွာဝေးသောခရီးကို မြစ်ကမ်းနှစ်ဘက်တွင်

ဆိုက်ကပ်ထားသော လှေတပ်ကြီးနှင့် ယာယီတဲနန်း

များနှင့် ဖောင်တော်များအကြားဆန်တက်ခဲ့လေသည်။

ယင်းသို့ လှော်ခတ်သွားရသည်မှာ အီတလီနိုင်ငံဗင်း

နစ်မြို့၏တူးမြောင်းများတွင် နှစ်စဉ်ကျင်းပသည့်ဂါလာ

ပွဲတော်နေ့တွင် သွားကြရသည်နှင့်တူလှပေသည်။

နောက်ဆုံးတွင်သူတို့သည် လူအများအပြားစောင့်

ကြည့်နေသော ဆိပ်ကမ်းသို့ဆိုက်ကပ်ခဲ့ကြပြီးနောက်

ဝန်မင်း၏ အစောင့်တပ်သားများက လူအုပ်ကြီးကို

ဖယ်ရှား၍ သွားလမ်းရှင်းပေးသည့်အတိုင်း ကုန်းပေါ်

သို့တက်ခဲ့ကြသည်။

       ဆိပ်ကမ်းပြင်ဘက်တွင် ဆင်တော်ဝေါတော်များ

အသင့်စောင့်ဆိုင်းနေကြသည်။သူတို့ကို အိမ်တော်ဝန်

က သူ၏နေအိမ်သို့ခေါ်ဆောင်သွားပြီးနေ့လယ်စာ

ကျွေးမွေးဧည့်ခံ၏ ဟင်းခွက်ပေါင်းတစ်ရာခန့်တွင်

စားနေကျအသားဟင်းလျာများအပြင် မြွေသားကင်

ကြွက်သားကြော်စသည့်ထူးဆန်းထွေပြားသောဟင်း

လျာများလည်းပါရှိသည်။ထို့နောက် မြို့ဝန်က ထိုနေ့

တွင် ဘုရင်မင်းမြတ်ဥပုသ်ဆောင်ဝင်နေသဖြင့်တွေ့

ခွင့်မရသေးကြောင်းပြော၏ လဆန်းရက်တွင်တွေ့ဆုံ

ခွင့်ပေးမည်ဖြစ်ကြောင်းပြောပြပြီး သူတို့တည်းခိုရန်

စီမံထားသောသံတဲသို့ခေါ်ဆောင်ခဲ့လေသည်။ထို

နေ့ကား ၁၆၃၀ ပြည့်နှစ်ဇူလိုင်လ ၂၆ရက်နေ့ဖြစ်လေ

သည်။

     

စာကိုး။ Maurice Collis ရေး The land of

              the great image အား ဦးလှဒင်

              မြန်မာပြန်ဆိုသော"ရတနာရွှေမြေ"

              စာအုပ်မှ ထုတ်နှုတ်ဖော်ပြပြီး သမိုင်း

              ဆိုင်ရာအချက်အလက်အချို့ကို ဦးကု

              လား၏ မဟာရာဇဝင်ကြီး(တတိယတွဲ)

              မှ ရယူပါသည်။
#credit post writer