ဖက်ဒရယ်ဝါဒ ပျော့ပျောင်းမှု - မောင်ခိုင်အောင်

ယနေ့ ကမ္ဘာမြေတွင် မငြိမ်းချမ်းသော ဒေသများ ရှိနေဆဲဖြစ်သည်။ စစ်ပွဲကြီးများ မရှိဆိုနိုင်သော်လည်း ပဋိ ပက္ခများ၊ လက်နက်ကိုင် အကြမ်းဖက် အုံကြွမှုများ နေရာအနှံ့ရှိနေသည်။ ပဋိပက္ခများ အဆုံးမှာ ပြည် တွင်းရေးဖြစ်ပြီး အမျိုးသားရေး အုပ်စုများက သက်ဆိုင်ရာ နယ်မြေများတွင် ပိုမိုကောင်းမွန်သော ကိုယ် စားပြုမှု (သို့) ကြီးမားကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုနေကြခြင်းဖြစ်သည်။ ကမ္ဘာ့ ဖက်ဒ ရယ်နိုင်ငံတို့သည် များသောအားဖြင့် လူမျိုးစုနိုင်ငံများဖြစ်ပြီး အမျိုးသားရေးအုပ်စုတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ပိုမိုအသိအမှတ်ပြုရန် တောင်းဆိုကြသည်။ ဖက်ဒရယ်စနစ်သည် တင်းမာမှုများကို လျော့ကျစေပြီး နိုင်ငံ ၏ အမျိုးသားညီညွတ်ရေးကို အောင်မြင်စွာ ဆောင်ကျဉ်းနိုင်သော အုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်သော်လည်း အမျိုးသားရေး အုပ်စုတို့၏ တောင်းဆိုချက်များကို အမြဲတမ်း ဖြည့်ဆည်း မပေးနိုင်ချေ။ စစ်မှန်သော နိုင်ငံရေး ကွက်လပ်များကို ဖြည့်ဆည်းနိုင်ရန် ဖက်ဒရယ်ရှင်းသည် ပျော့ပျောင်းပြီး လိုက်လျောညီထွေရှိရန် လိုအပ် သည်။
ဖက်ဒရယ်နိုင်ငံတချို့တွင် အချိုးမညီသော ဖက်ဒရယ်စနစ် ကျင့်သုံးခဲ့သည်။ ပြည်နယ်တချို့တွင် ဥပဒေပြုမှု အာဏာနှင့် ပတ်သတ်ပြီး တိုးတက်မှု နိမ့်ကျနေ၊ အားနည်းနေလျှင် ဖက်ဒရယ်အစိုးရ၏ အာဏာကို ထိုဒေသ၌ တိုးမြှင့်ကျင့်သုံးခြင်း ဖြစ်သည်။ အိန္ဒိယ၏ နှစ်ပေါင်း (၆၀) အတွေ့အကြုံတွင် ဖြတ်သန်းခဲ့ရသည်။ အချိုးမညီ ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး မလေးရှားသည် ပုံစံတစ်မျိုဖြစ်သည်။ မလေးရှားသည် ဗဟို ချုပ်ကိုင်လွန်ကဲသော ဖက်ဒရယ်စနစ်ဖြစ်သော်လည်း ဆာဘားနှင့် ဆာရာဝပ်ပြည်နယ်တို့အား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုပေးထားသည်။ ထိုဒေသတို့၏ ထူးခြားသော လက္ခဏာများနှင့် သူတို့အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန်ဖြစ်သည်။
ဤသို့ အချိုးမညီမှုများသည် နိုင်ငံတစ်ခုစီ၏ အရှိတရားနှင့်အညီ ကွဲပြားခြားနားစွာ တည်ရှိနေပေသည်။ ရင်ဆိုင်နေသော (စိန်ခေါ်ခံနေရသော အချက်များအပေါ်တွင် အခြေခံကာ ချဉ်းကပ်ပြီး ဖက်ဒရယ်ရှင်းများကို ဖွဲ့စည်းခဲ့ကြသည်။ တိုင်းရင်းသား တစ်ခုစီ၏ ဖြစ်တည်မှုကို လေးစားလျက် နယ်နမိတ်များကို ပြန်လည် ရေး ဆွဲစေသော ချဉ်းကပ်မှုများလည်း ရှိသည်။ နိုင်ဂျီးရီးယားတွင် ၃ ပြည်နယ်မှ (၃၆)ခုထိ ဖြစ်ပါသည်။ ဆွစ်ဇာလန်တွင်လည်း ကန်တုံ (Canton)အသစ်များ ဖန်တီးပေးခဲ့သည်။ အိန္ဒိယတွင်လည်း ပြည်နယ် အသစ်များ ပေါ်ထွက်လာသည်။
တိုင်းရင်းသားအုပ်စုတို့၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရသော ကိစ္စသာမဟုတ်တော့ဘဲ လူနည်းစု တိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ပေးရသော ကိစ္စ ဖြစ်ပေသည်။
ဘော့စနီးယား ဟာဇီဂိုဗီးနားတွင် ဘော့စနစ်နှင့် ခရုတ်တို့ တစ်ခုချင်းစီတွင် အများစု နေထိုင်သော ကန်တုံ များရှိပြီး တချို့ကန်တုံများ ရောထွေးနေသည်။ ထို့အတွက် ဖက်ဒရယ်အစိုးရသည် ရုံးတစ်ရုံးဖွင့်လှစ်ထားပြီး ထိုရုံးသည် ဖက်ဒရယ်ပါလီမန်သို့ တာဝန်ခံရသည်။ ထိုရုံးသည် လူ့အခွင့်အရေးနှင့်လည်း နီးကပ်စွာ ဆက်နွယ်လုပ်ကိုင်ရသည်။ ဘယ်အရပ် ဘယ်ပြည်နယ်တွင် နေထိုင်သည်ဖြစ်စေ၊ လူနည်းစု တိုင်းရင်းသား အခွင့်အရေးများကို ခိုင်မာစေရန်အတွက် တာဝန်ရှိသည်။
ယနေ့ခေတ်ကာလတွင် အမျိုးသားရေး အုပ်စုများကို သဟဇာတဖြစ်အောင် ရောစပ်ပျော်ဝင်ပေးခြင်း အယူ အဆကို ငြင်းပယ်လာကြသည်။ အမျိုးသားရေးအုပ်စုတစ်ခု အဖြစ် တည်ရှိနေမှု အသိတရားသည် နိုင်ငံ တစ်ခုထဲတွင် ပေါင်းစည်းပါဝင်ခြင်းထက် ပိုမိုလေးနက်ကြောင်း သမိုင်းက သက်သေပြခဲ့ပြီး လွန်ခဲ့သော ရာစုက အမျိုးသားနိုင်ငံတည်ဆောက်ရန် ကြိုးပမ်းလှုပ်ရှားခဲ့ကြသည်။ ယခုအခါ လူမျိုးစုနိုင်ငံသို့ ဦးတည်ရွေ့ လျားသည်။
ထိုလူမျိုးစုနိုင်ငံများ၏ အစိုးရတို့သည် ဘာသာစကား၊ စာပေယဉ်ကျေးမှု သမိုင်းဆိုင်ရာ တောင်းဆိုချက်များ ကို ပိုမိုနားလည် အသိအမှတ်ပြုလာကြသည်။ အမျိုးသားရေး အုပ်စုများသို့ အာဏာများ သီးသန့် ခွဲဝေခြင်းသည် နိုင်ငံတည်ငြိမ်ရေးကို မခြိမ်းခြောက်ဘဲ ခိုင်မာသော လူမှုငြိမ်းချမ်းရေးကို ဦးတည်လာစေ သည်ဟု သိမြင်လာကြပေပြီ။ ပဋိပက္ခများနှင့် ညှိနှိုင်းဆွေးနွေးမှုများသည် လုံးဝပျောက်ကွယ် ပြီးသွား မည်တော့ မဟုတ်။ လစ်ဟာနေဆဲ အခြေအနေများအောက်တွင်ပင်လျှင် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံအရ အသိ အမှတ်ပြုထားသော မိတ်ဖက်များအနေဖြင့် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းသွားရပေမည်။
ဖက်ဒရယ်ဖွဲ့စည်းပုံများသည် ခွဲထွက်ရေး လှုပ်ရှားမှုများကို နိဂုံးတိုင်စေ၇န် အောင်မြင်နိုင်မည်မဟုတ်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ခွဲထွက်ရေးလှုပ်ရှားမှုများ၏ ဇာတ်ကောင်များသည် ရွေးကျောက်ပွဲများ အတွင်း နိုင်ငံရေးစင်မြင့်များတွင် မောင်းနှင်လှုပ်ရှားကြသည်။ ပေါ်တူကီနှင့် ကွီဘတ်(ကနေဒါ)တို့တွင် ခွဲ ထွက်ရေး ပြဿနာများအတွက် ရွေးကောက်ပွဲများ ဆန္ဒခံယူပွဲများ ကျင်းပခဲ့သည်။ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် စပိန်တို့တွင် အမျိုးသားရေး အုပ်စုများနှင့် အာဏာခွဲဝေရေး နည်းလမ်းများကို မကျင့်သုံးခဲ့လျှင် ထိုနိုင်ငံ တို့သည် ယခုကဲ့သို့ အနေအထားမျိုးနှင့် ရှိကောင်းမှ ရှိပေလိမ့်မည်။ အာဏာခွဲဝေခြင်း (သို့) ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုပေးခြင်းသည အမျိုးသားရေးအုပ်စုများကို ယုံကြည်မှု ပိုမိုခိုင်မာစေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ မိတ်ဖက်များဖြစ်သောအခါ ဤယုံကြည်မှုသည် ပို၍ ခိုင်မာလာသည်။ ထိုမှ ဆက်ကာ သူတို့၏ ဒေသလက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပြဿနာများတွင် ဥပဒေအရ အာမခံချက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာပါသည်။
စစ်မှန်သော ဒီမိုကရက်တစ်ပုံစံဖြင့် ကျင့်သုံးလျှင် ဖက်ဒရယ်စနစ်သည် ခွဲထွက်မည့် လမ်းကြောင်း စွန့်ခွာ ကာ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံချက်နှင့် နိုင်ငံရေးကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ပေ သည်။
ဖက်ဒရယ်စနစ်သည် အုပ်ချုပ်ရေးပုံစံ တစ်ခုထက် ပိုမိုနက်ရှိုင်းသည်။ ကျယ်ဝန်းသည်။ ဖက်ဒရယ်စနစ် သည် ဆွေးနွေး၊ ညှိနှိုင်းမှုများ ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ပဋိပက္ခပြောင်းရေး အနုပညာတစ်ရပ်ဖြစ် သည်။ စေ့စပ်ညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံပေါ်မှ ချဉ်းကပ်နည်းတစ်ခု ဖြစ်သည်။
မည်သည့်အရာမှ တစ်ကြိမ်တည်းနှင့် အပြီးအပိုင် တည်ဆောက်၍ မရ။ ပြဿနာများ၏ အဖြေကို ဖွဲ့စည်း အုပ်ချုပ်ပုံဆိုင်ရာ မိတ်ဖက်များအကြားတွင် ဆွေးနွေးညှိနှိုင်းသွားရမည်။ ဗဟိုအာဏာတစ်ခုဖြင့် ဖြေရှင်း၍ မရပေ။ ဤလိုက်လျောညီထွေ ပျော့ပျောင်းမှုသည် ဖက်ဒရယ်ဝါဒ၏ အကြီးမားဆုံး အကျိုးကျေးဇူးတစ်ခု ပင် ဖြစ်သည်။ စံပြမော်ဒယ်ဆိုသည်မှာ အဘယ်နည်း။ မိတ်ဖက်အားလုံးကို သဘောတူ ကျေနပ်စေရန် အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံသည် ပထမဆုံးအနေနှင့် ပျော့ပျောင်းပြီး ပါဝင်အောင် အုပ်စုအားလုံးမှ ဒေသ အားလုံး၏ သီးခြားလက္ခဏာများကို ထင်ဟပ်ရပေမည်။ ဖက်ဒရယ် ဖွဲ့စည်းပုံစနစ်သည် အကောင်းဆုံး ဖက်ဒရယ်ရှင်း၏ အောင်မြင်မှု သရဖူကို ဆောင်းခဲ့ပြီဟု မည်သည့်နိုင်ငံကမှ မခံယူပေ။ ကျွန်တော်တို့ ကြီးကြီးမားမား သင်ယူရပေဦးမည်။ အောင်မြင်မှုများထဲမှ သင်ယူမည်။ ဆုံးရှုံးမှုများထဲမှ သင်ယူရပေမည်။
ဖက်ဒရယ်စနစ်သည် ပူးတွဲ ပြဿနာများအပေါ် ပူးတွဲ ပေါ်လစီများ ချမှတ်သော ပူးတွဲဆုံးဖြတ်ချက် အခြေခံဖြစ် စဉ် တစ်ရပ်လည်း ဖြစ်နိုင်ပါသည်။
ဖက်ဒရယ်စနစ်ကို အစိုးရက အဆင့်ဆင့်ကို တိကျစွာ သတ်မှတ်ခွဲဝေထားသော ပုံစံဒီဇိုင်းတစ်ခုအဖြစ် မမြင် သင့်ပေ။ ပူးတွဲပြဿနာများအပေါ် ပူးတွဲပေါ်လစီများ ချမှတ်သော၊ ပူးတွဲဆုံးဖြတ်သော အခြေခံဖြစ်စဉ်တစ် ရပ်လည်း ဖြစ်နိုင်ပါသည်။ ဖက်ဒရယ်သည် ခွဲထွက်ရန် ဦးတည်သော ကွန်ဖက်ဒရေးရှင်းနှင့် တစ်ခုတည်း အဖြစ် စုစည်းရန် အားထုတ်သော တစ်ပြည်ထောင်စနစ်အကြားမှ မော်ဒယ်တစ်ခုသာ ဖြစ်ပါသည်။
မောင်ခိုင်အောင်
Ref : Federalism Flexibility & Limitation By CELine Auclair
ရခိုင့်ရေးရာဂျာနယ် အတွဲ(၁)၊ အမှတ် (၄) -