Tuesday, July 2, 2019

ကွန်ဖက်ဒရေးရှင်းသစ် (or) အကျိုးတူတွဲလုပ် ဖက်ဒရယ်စနစ်


ကွန်ဖက်ဒရေးရှင်းသစ် (သို ့) အကျိုးတူတွဲလုပ် ဖက်ဒရယ်စနစ်



'အနာဂတ် ရခိုင်ပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊အုပ်ချူ ပ်ခွင့် အာဏာ'



'New Confederation or Doing Together Federalism'

'Self-Determinative and Autonomous Power of Future Arakan'



'လူတစ်ယောက်နဲ ့တစ်ယောက် ပူးပေါင်းလုပ်ကိုင်ကြရာတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိမှ မင်္ဂလာရှိသော ပေါင်းဖက်မူဖြစ်ပါသည်။ထို သို ့မဟုတ်လျှင် 'အမင်္ဂလာ' ဖြစ်သွားပါလိမ့်မည်။'



အထက်ပါ စာစုကို စာဖတ်သူအနေဖြင့် အပြည့်အဝ သဘောတူလိမ့်မည်ဟု သဘောရပါသည်။

မြန်မာ့ယဉ်ကျေးမူ၊ မြန်မာစကားမှာ အလွန်တရာ တန်ဖိုးရှိ၊ ချစ်စရာကောင်းတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒါက 'မင်္ဂလာပါ။ တွေ ့ရတာ ဝမ်းသာပါတယ်ဗျာ' ဆိုတဲ့ စကားပါ။



ဆိုလိုသည်မှာ တစ်ယောက်နဲ ့တစ်ယောက်တွေ ့ ့ကြ၊ ပူးပေါင်း လုပ်ကိုင်ကြရာတွင် 'မင်္ဂလာရှိ၊ ဝမ်းသာစရာ ကောင်းပါမှ' မိမိတို ့အတွက်လည်းကောင်း၊ ပတ်ဝန်းကျင်

အတွက်လည်း ကောင်းပါလိမ့်မည်။

သို ့မဟုတ်လျှင် နှစ်ဦး၊ နှစ်ဖက်အတွက်ဆိုး၊ ပတ်ဝန်းကျင်အတွက်လည်း ဆိုးပါသည်။



သို ့ဆိုလျှင် 'လူမျိူ း၊ တစ်မျိူ းနှင့် တစ်မျိူ း ပူးပေါင်းလုပ်ကိုင်ကြရာတွင်လည်း၊ မင်္ဂလာရှိ၊ ဝမ်းသာစရာကောင်းပါမှ' နှစ်ဖက် စလုံးအတွက်အကျိူ းရှိ၊ ပတ်ဝန်းကျင်အတွက်လည်း ကောင်းပါသည်။ မေးခွန်းကတော့ ' ထိုသို ့ပူးပေါင်းလုပ်ကြရာတွင် ဘယ်လို နည်းနဲ ့ပူးပေါင်းလုပ်ဆောင်ကြမှာလဲ...' ဆိုတာပါပဲ။



လူမျိူ းများပေါင်းစည်းကြရာဝယ်

(When Ethnic Nationalities Co-operate)



ကမ်ဘာပေါ်ရှိ နိုင်ငံအများစုမှာ လူမျိူ းပေါင်းစုံနို်င်ငံများဖြစ်ပါသည်။ ဆိုလိုသည်မှာ မတူသော လူမျိူ းများ ပေါင်းစုနေထိုင်သော နို်င်ငံတွေဖြစ်ပါသည်။ယင်းအနက် ပေါင်းစည်းမူ ပုံစံတစ်ခုမှာ ဖက်ဒရယ်စနစ်ဖြစ်ပါသည်။



ထိုသို ့ပေါင်းစည်းကြရာတွင်လည်း အနည်းဆုံးတော့ ပုံစံ(၃)မျိူ းရှိသည်။ Putting Together, Coming Together နဲ ့Holding Together တို ့ပဲဖြစ်ပါသည်။ သည်(၃) မျိူ းအနက် ပထမ ပုံစံမှာ ပြိုကွဲသွားပြီးဖြစ်သော ဆိုဗီယက်ပြည်ထောင်စုနှင့် ယူဂိုဆလာဗီးယား တို ့တွင်သာကျင့်သုံးခဲ့ကြပါသည်။ ခေတ်မရှိတော့ပါ။ထားတော့...။



လက်ရှိ ကမ်ဘာပေါ်ရှိ ဖက်ဒရယ် နိုင်ငံအများစု ကျင့်သုံးနေကြသည်မှာ Coming Together နှင့် Holding Together ပုံစံတွေသာ ဖြစ်ပါသည်။



Coming Together ပုံစံရဲ ့စံပြကတော့ အမေရိကန်ပြန်ထောင်စုပဲ ဖြစ်ပါသည်။ ၁၇၇၆ တွင် လွတ်လပ်ရေးရခဲ့သော အမေရိကန်ပြည်နယ်(၁၃) ခုမှာ တန်းတူညီတူအဆင့်တန်းဖြင့် ၁၇၈၇ တွင် သည်ပုံစံဖြင့် ဖယ်ဒရယ်ပြည်ထောင်စု တစ်ခုတည်ဆောက်ခဲ့ကြသည်။



ဒုတိယ Holding Together ရဲ ့စံပြကတော့ အိန္ဒိယပါပဲ။ ဗြိတိသျှတို ့ထံမှ လွတ်လပ်ရေးရပြီးနောက် အိန္ဒိယကို သည်လိုပုံစံမျိူ းဖြင့် စုစည်းခဲ့ကြပါသည်။



ရခိုင်ပြည်ရဲ ့ထူုးခြားချက်

(The Speciality of Arakan)



အထက်ဖေါ်ပြပါ ဖက်ဒရယ် စနစ်(၂) ခုမှာ သူ ့အရပ်နဲ ့သူ ့ဇတ်ဟု ဆိုရပါလိမ့်မည်။ ရခိုင်တွေရဲ ့သမိုင်းကြောင်း၊ ပထဝီအနေအထားနှင့်လည်း ထပ်တူကျလှ သည်မဟုတ်ပါ။ ပထမပုံစံဖြစ်သော အမေရိကန်ပြည်ထောင်စုမှာ ပဒေသရာဇ်သမိုင်းမရှိ၊ လူမျိူ းစုအပေါ် အခြေခံထားခြင်းမဟုတ်သော နယ်မြေတွေကို စုစည်းထားခြင်းဖြစ်ပါသည်။ ရခိုင်တွေလို ဒေသတစ်ခုတည်းမှာ သမိုင်းကြောာင်း၊ ပထဝီအရ ကိုယ့်ထီးကိုယ့်နန်းနဲ ့နေထိုင်ခဲ့ကြသည်မျိူ းလည်း မရှိပါ။



ဒုတိယပုံစံဖြစ်သော အိန္ဒိယမှာလည်း သမိုင်းကြောင်းအရ မြို ့ပြနိုင်ငံငယ်များအဖြစ်သာ ပြန် ့ကျဲ နေထိုင်ခဲကြသော ဒေသများအား လွတ်လပ်ရေးရပြီးနောက် ဗဟို အင်အားဖြင့် စုစည်းထားခြင်းဖြစ်ပြီး၊ ထိုဒေသများမှာ ရခိုင်တွေလို တစ်စုတစ်စည်းတည်း နှစ်ပေါင်းထောင်ချီ ကိုယ်ပိုင် ယဉ်ကျေးမူ၊ ဘာသာစကားအရ ဖွံဖြိုးသည်မျိူ းလည်း မရှိခဲ့ပါ။ တစ်ခါတစ်ခါတော့ အင်အားကောင်းလွန်သော ဘုရင်မျိူ းပေါ်လာတော့မှသာ ကြီးမားသော နယ်မြေချဲ ့နိုင်ခဲ့ကြသည်။ ဆိုလိုသည်မှာ ထို(၂)နိုင်ငံစလုံး၏ နိုင်ငံဖြစ်တည်မူမှာ ရခိုင်တွေရဲ ့တည်ရှိမူနဲ ့ကွာခြားမူရှိကြသည် ဆိုတာပါပဲ။



ကွန်ဖက်ဒရေးရှင်းဆိုကတော့ 'အချူပ်အချာ အာဏာပိုင်လွတ်လပ်သော နို်င်ငံများ၏ ပေါင်းစည်းမူ' ဖြစ်ပါသည်'။ အချူပ်အချာအာဏာလည်းပိုင်ရမည်၊ လွတ်လပ်ရေးလည်း ရှိရပါမည်။ သည်လိုမျိူ းအဆင့်တူ နို်င်ငံတွေ ပေါင်းစည်းတော့မှ ကွန်ဖက်ဒရေးရှင်းဖြစ်ပါလိမ့်မည်။



ဘာကြောင့် ကွန်ဖက်ဒရေးရှင်းသစ်လဲ၊ ဘာကြောင့် Doing Together Federalism လဲ



အထက်ပါရှင်းလင်းချက်များကို တွေ ့လျှင် ဖက်ဒရယ်က ဘာလဲ၊ ကွန်ဖက်ဒရေးရှင်းက ဘာလဲ ဆိုတာကို သိရှိပြီးနှင့်ဖြစ်ပါသည်။ ဖက်ဒရယ်နှင့် ကွန်ဖက်ဒရေးရှင်းတို ့၏ အဓိက ကွာခြားမူမှာ ဖက်ဒရယ်စနစ်၌ နို်င်ငံတစ်ခု၏ ပါဝင်သော အဖွဲ ့ဝင်များမှာ သူ ့ရဲ ့ပြည်တွင်းလုပ်ပိုင်ခွင့်ကိုသာ အဓိက လုပ်ကိုင်ကြရပြီး၊ ပြည်ထောင်စု တစ်ခုလုံးနှင့်ဆိုင်သော အရာတွေကိုတော့ ဗဟိုကပဲ လုပ်ကြရခြင်းမျိူ းဖြစ်ပါသည်။အထူးသဖြင့် နိုင်ငံခြား ဆက်ဆံရေးနှင့် ကာကွယ်ရေး၊ ငွေကြေး၊ ဆက်သွယ်ရေး စသည်တို ့မှာ အဓိကကျပါသည်။



ကွန်ဖက်ဒရေးရှင်းမှာတော့ အဖွဲ ့ ဝင်တွေက ပေးအပ်ထားသော အာဏာအနည်းငယ်ကိုသာ ဗဟိုမှ ရရှိပြီး၊ ဗဟိုမှ အဖွဲ ့ဝင်များ၏ အတွင်းရေးကို ဝင်စွက်ဖက်ပိုင်ခွင့်မရှိ။ အကယ်၍ ထိုသို ့ ဆုံးဖြတ်ချက်မျိူ းချမှတ် ခဲ့လျှင်လည်း ငြင်းပယ်ပိုင်ခွင့် ရှိပါသည်။



နောက်ထက် အရေးအကြီးဆုံး အချက်ကတော့ ကွန်ဖက်ဒရေးရှင်း၌ အဖွဲ ့ဝင်များမှာ မိမိဆန္ဒအလျှောက် ခွဲထွက်ခွင့်ရှိပြီး၊ ဖက်ဒရယ်စနစ်တွင် ထိုသို ့အခွင့်အရေးမျိူ းမရှိပါ။



     ဒါကြောင့် သည်နေရာတွင် ကွန်ဖက်ဒရေးရှင်းသစ်

(သို ့)Doing Together Federalism ဆိုသည်မှာတော့ ခွဲထွက်ခွင့်မပါသော လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဟု အဓိပ္ပါယ် ဖွင့်လိုပါသည်။



အကြောင်းမှာ အဖွဲ ့ဝင်ပြည်နယ်များသည် ကွန်ဖက်ဒရေးရှင်းလို လွတ်လပ်သော အချူပ်အချာအာဏာပိုင်နိုင်ငံများလည်းမဟုတ်၊ နောက် ဖက်ဒရယ်မှာလို မိမိပြည်နယ်၏ ဒေသအခြေအနေနဲ ့ကိုက်ညီသော နိုင်ငံရေး၊ စီးပွါးရေး စနစ်မျိူ းကို ကန် ့သတ်ထားသည်မျိုးလည်း မရှိသော ပုံစံမျိူ းလည်းဖြစ်ပါသည်။



 နောက် နိုင်ငံခြားဆက်ဆံရေးတွင်လည်း လုံးဝ မလုပ်ရဟု ကန် ့သတ်ထားသည်မျိူ းလည်း မရှိသော ပုံစံမျိူ းလည်းဖြစ်ပါသည်။ အကယ်၍ နှစ်ဦး၊နှစ်ဖက် အကျိူ းရှိသော လုပ်ငန်းမျိူ းသာ ဖြစ်ပါက ဗဟိုမှလည်းပြည်နယ်များ၏ အတွင်း လုပ်ငန်းဆောင်တာများကို ဝင်ရောက်ဆောင်ရွက်နိုင်သည်။



 ရခိုင်ပြည် ဘာကြောင့် ကွန်ဖက်ဒရေးရှင်းသစ်(သို ့) ့Doing Together Federalism ရသင့်သလဲ



(Why Arakan Deserves New Confederation or Doing Together Federalism)



အထက်တွင် တစ်စိတ်တစ်ပိုင်း ဆိုခဲ့ပြီးသည့်အတို်င်း ရခိုင်တို ့သည် သီးခြားလွတ်လပ်သော ဘုရင့်နိုင်ငံများ အဖြစ် နှစ်ပေါင်း ၅၀၀၀ မျှနေထိုင်ခဲ့သည်။ ထို နှစ်ပေါင်း ၅၀၀၀ နှင့် ရခိုင်ထီးနန်းကျဆုံးခဲ့သည်မှ ယနေ ့အထိ နှစ်ပေါင်း ၂၀၀ကျော်နှင့် နှိုင်းယဉ်လိုက်လျှင် ရခိုင်တို ့၏ သီးခြားလွတ်လပ်စွာ တည်ရှိမူမှာ အဆပေါင်း ၅၀ မျှ ပိုများပါသေးသည်။



ဆိုလိုသည်မှာ ကမ်ဘာပေါ်ရှိ လူမျိူ းတိုင်းတွင် လွတ်လပ်ရေး ဆုံးရှုံးလိုက်၊ ပြန်ရလိုက်နှင့် ရှိတက်ကြပါသည်။ သို ့သော် ရခိုင် တွေ အနေဖြင့် လွတ်လပ်ရေးတောင်းဆို နေခြင်း၊ သီးခြားနို်င်ငံ ထူထောင်လိုခြင်းလည်း မဟုတ်ပါ။လွတ်လပ်မူတောင်းနေကြခြင်းဟုသာ နားလည်ပါသည်။



 သို ့သော် ထိုလွတ်လပ်မူမှာ ရခိုင်တစ်မျိူ းသားလုံးအကျိူ းစီပွါး၊ ဂုဏ်သိက္ခာနှင့် ထိုက်တန်သော လွတ်လပ်မူလည်း ဖြစ်ပါသည်။



ပြည်တွင်းရေးမှာ ဆိုလျှင် ရခိုင်တို ့၏ အကျိူ းစီးပွါးကို အခြေခံပါသည်။ ဥပမာ- ဆိုရှယ်ဒီမိုကရေစီ စနစ်သည် ရခိုင်လူထု၏ အကျိူ းစီပွါးနှင့် ကိုက်ညီလျှင် ရခိုင်ပြည် အစိုးရမှ လွတ်လပ်စွာ ကျင့်သုံးရပါလိမ့်မည်။ အကြောင်းမှာ ရခိုင်လူထုအား အဓိကတာဝန်ခံမူသည် ရခိုင်ပြည် အစိုးရထံတွင်သာ ရှိသောကြောင့် ဖြစ်ပါသည်။



အကယ်၍ ဗဟိုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပါက ရခိုင်တို ့အတွက်အကျိူ းရှိမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မည်။ဤသည်ကို ရခိုင်ပြည် အစိုးရကသာ ဆုံးဖြတ်ခွင့်အာဏာပိုင်မည်။အကြောင်းမှာ ရခိုင်လူထုကို ရခိုင်ပြည်အစိုးရမှ တိုက်ရိုက်တာဝန်ခံသောကြောင့်ဖြစ်ပါသည်။



ပြည်ပအရေးရာတွေမှာတော့ ရခိုင်တို ့၏ ဂုဏ် သိက္ခာနှင့် ဆိုင်သောအရေးအရာတွေကို ရခိုင်ပြည် အစိုးရအား ဆောင်ရွှက်ခွင်ပေးရပါလိမ့်မည်။



ဥပမာ- ရခိုင်ပြည် အစိုးရမှ Arakan Airline ထောင်ပြီး၊ ရခိုင်ပြည်မှ Miss Arakan International အနေဖြင့် နို်င်ငံတကာ ပြိုင်ပွဲများတွင် ဝင်ပြိုင်နိုင်သည်မျိူ း၊ Arakan Football Club သည် ASEAN, Europe စသည့် တို ့တွင် ဝင်းကစားနိုင်သည်မျိူ း၊ နောက် ရခိုင်ပြည် အစိုးရ အနေဖြင့် နို်င်ငံတကာသို ့ရောက်ရှိနေသော ရခိုင်လူမျိူ းများ၏ အကျိူ းအတွက် ကူညီထောက်ပံနိုင်ပြီး၊ လိုအပ်လျှင် ထိုနိုင်ငံအစိုးရနှင့် တိုက်ရိုက် ပူးပေါင်းဆောင်ရွှက်နိုင်သည်မျိူ း...စသည်ဖြင့် ရခိုင်လူမျိူ းတို ့၏ ဂုဏ်သိက္ခာနှင့် ဆိုင်သော ပြည်ပကိစ္စအဝဝ တွင် လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိရပါလိမ့်မည်။



 နောက် လုံခြုံရေးတွင်လည်း Arakan Navy Force မှ ရခိုင်ကန်းရိုးတန်း လုံခြုံရေး၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒီယ သမုဒ္ဒရာ လုံခြုံရေး အတွက် ပူးပေါင်း စစ်ရေးလေ့ကျင့်မူ လုပ်နိုင်သည်မျိုးတို ့ဖြစ်ပါသည်။



သို ့သော် ပြည်ပရန် ရှိလာပါက ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းပြီး ကာကွယ်ရပါမည်။



နိဂုံးချူ ပ်အားဖြင့် ဆိုရလျှင် အနာဂတ် ရခိုင်ပြည်၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချူ ပ်ခွင့်အာဏာသည် ရခိုင်တို ့၏ အကျိူ းစီးပွါးနှင့် ဂုဏ်သိက္ခာ တို ့အတွက် ရခိုင် လူထုမှ ရွေးကောက်တင်မြှောက်ထားသော ရခိုင်ပြည် အစိုးရမှ လွတ်လပ်စွာဆောင်ရွက်နိုင်ရပါလိမ့်မည်။



ထို ့သို ့ဖြစ်ဖို ့ဆိုလျှင် ခွဲထွက်ခွင့်မရှိသော ကွန်ဖက်ဒရေးရှင်းသစ် (သို ့)အကျိူ းတူ တွဲလုပ် ဖက်ဒရယ် စနစ်မှာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။



                                     အယ်ဒီတာတစ်ဦး
#Credit: