Tuesday, June 18, 2019

၉၉ လတ္တံ့



ရှေးရခိုင် ရာဇဝင်သိုက်ကျမ်းတွေလာ ရှေးပညာရှိများ ဟောကြားခဲ့သည့် အနာဂါတ်အဟောတို့သည် မှန်ကန်တိုက်ဆိုင် နေသည်ကို ယနေ့ခေတ်တွင် ဖြစ်ပျက် သိရှိခဲ့ရသည့်ကိစ္စတို့ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။



မြောက်ဦးခေတ်အတွင်း ရှေးဟောင်းစာပေ၊ ကျမ်းဂန် ထုံးတမ်းစဉ်လာများသာမက မင်းများနှင့် နိုင်ငံရေးရာတို့နှင့် ပတ်သက်သော ရှေးရှေးကရှိခဲ့သည့်၊ ပေါ်ထွန်းလာသည့် သိုက်ဓာတ်တဘောင် နိမိတ်များအား တိကျမှန်ကန်စွာ ပြန်ဆို၍ ဘုရင်က မေးမြန်းသည့်အခါ သို့မဟုတ် မသိ မေ့လျော့ လျစ်လျူရှုထားသည့်အခါ သတိတရား ရစေရန် ပညာကျော်များ၊ နက္ခတ်ဗေဒင် သိုက်တဘောင် တတ်ကျွမ်းသော ဟူးရားဖြူ ဟူးရားညို အစရှိသော အမတ်ပညာရှိကြီးများက ကြိုတင် ဟောကိန်းထုတ် လျှောက်လဲတင်ကြရသည်။



သိုက်တဘောင်များ

ဓညဝတီ ရခိုင်ပြည်ထောင် စစ်မက်အန္တရာယ်နှင့် ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ကာ ပျက်သုဉ်းမည့် အကြောင်း သိုက်ဓာတ်တဘောင် နိမိတ်ဖတ်ကြသည်များကို မြောက်ဦးမြို့တည် စောမွန်မင်း လောင်းကြက်ခေတ် အဆုံးစွန် နှစ်များကအစ မင်းဟရီ(ခေါ်) သိရိသုဓမ္မာရာဇာမင်း မြောက်ဦး ဒုတိယခေတ် ကုန်ဆုံးချိန်အတွင်း အများဆုံးနှင့် အတိကျ အပြတ်အသားဆုံး တွေ့ရသည်။



၉၉-လတ္တံ့ (ရခိုင်ကျောက်ရိုး မဟာရာဇဝင်မှ ကောက်နှုတ်ချက်)

သက္ကရာဇ်(၁၁၀၅)ခုနှစ်က နန်းတက်ခဲ့သော လောင်းကြက်စားငကုသလသည် မကောင်းသော အကြံအစည် အစီအမံ အပြုအမူများဖြင့် နန်းကို လုယူမင်းလုပ်ခဲ့သူဖြစ်ရကား နရပတိဘွဲ့ခံ၍ နန်းတက်လာသော် မိမိအား ပြန်လည် တော်လှန်ပုန်ကန်မည့် အန္တရာယ်ကို ကြောက်ရွံ့၍ ဆွေတော်မျိုးတော် ဖမ်းဆီးထားသော ဆွေတော်မျိုးတော် ရှေးမင်းညီမင်းသား မှူးကြီးမတ်ကြီးတို့ကို ညအချိန်တွင်တိတ်တဆိတ် သတ်ဖြတ်မှုကို ပြုသည်။ ထို့ကြောင့် နန်းတော်စွန့်ခွာ၍ ရှေးမှူးမတ်နှင့် မင်းဆွေမင်းညီတို့ ထွက်ပြေး ရှောင်တိမ်းရသည်။

နရပတိမင်းကြီး၏ ထိုသို့လုပ်ဆောင်ချက်တို့သည် ရခိုင်ပြည်ထောင်သည်ကို အကျပိုင်းရောက်အောင် တွန်းပို့လိုက်သလိုဖြစ်ကာ ရခိုင်ပြည်ထောင်ကို နေဝင်ချိန်စောစေခဲ့သည်။



နေပြည်တော်တွင် ရဟန်းပညာရှိ လူပညာရှိများ မရှိ ရှားပါးနေပြီ။ အားကိုးအားထား တိုင်ပင်စရာမရှိ ဖြစ်နေရကား တိမ်းရှောင်သွားကြသော ပညာရှိ မှူးမတ် တို့ကိုပြန်လည်ရှာဖွေရာ သိုက်တတ်ငလက်ရုံးကိုသာ တွေ့ပြီး ပြည်စိုးကြီးနှင့် မင်းတိုင်ပင်အမတ်ခန့်ကာ အမှုထမ်းစေသည်။ ထိုအချိန်တွင် ပညာရှိ သိုက်တတ်ငလက်ရုံးမှာ ၇၇နှစ်အရွယ်ရောက်နေပြီဖြစ်သည်။ ရခိုင်သိုက်ကျမ်းပါ အချက်အလက် များစွာကို အမတ်ကြီးငလက်ရုံးက တိကျမှန်ကန်စွာ ပြန်ဆိုဖော်ပြနိုင်ခဲ့ပေသည်။



ယခုဖော်ပြပါ ၉၉-လတ္တံ့ သည် နရပတိမင်းကြီးမေးမြန်းသည်ကို ရှေးပညာရှိ သူတော်ကောင်းမျိုးရိုး သိုက်တတ်ငလက်ရုံးမြောက်ဦးမြို့ နတ်သ္မီးအခန်းဆက်တွင် (၉၉) လတ္တံ့ကို ဖြေတော် မူခဲ့သည်ကို ပြန်လည် ဖော်ပြခြင်းဖြစ်သည်။ ထိုမေးဖြေခဲ့သော (၉၉) လတ္တံ့မှာ–



(၁) မင်းတို့မတရား ကျင့်ဖောက်ပြား၍ တိုင်းသားပြည်သူ ကျွတ်ကျွတ်ဆူလို့၊ အိုးကင်းရေကျ ဖြစ်လတ္တံ့။

(၂) မင်းတို့မတရား အစိုးစားလည်း များလတ္တံ့။

(၃) လက်နက်အားကိုး ထိုမင်းမျိုးတို့ အုပ်စိုးပိုင်ရာ တိုင်းပြည်မှာ သူခိုးဓါးပြ များလတ္တံ့။

(၄) သူ့မင်းငါ့မင်း အချင်းချင်းလည််း သတ်ဖြတ်ထိုခါ ဖြစ်လတ္တံ့။

(၅) ရက္ခပူရ ပြည်ဓညမှာ ရာဇာနတၳိ မင်းမရှိဘဲဖြစ်လတ္တံ့။

(၆) ရက္ခပူရ ပြည်ဓညမှာဝါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယာဘေးကြီး သင့်လတ္တံ့။

(ရ) ရခိုင်ပြည်သူ ကျွတ်ကျွတ်ဆူလို့ အားကိုးရာမဲ့ ဖြစ်လတ္တံ့။

(၈) ရခိုင်ပြည်သူ ကျွတ်ကျွတ်ဆူလို့ စိတ်ပူပင်သောက များလတ္တံ့။

(၉) နိုင်ငံရေးယောင်ယောင် လိမ်လှဲ့ဆောင် သူတောင်းစားလည်း များလတ္တံ့။

(၁၀) ဘုရားကိုကား နိမ့်ရာထား မျောက်ကားအထက် ရောက်လတ္တံ့၊ ရက္ခပူရပြည်ဓညမှာ ကဝိအဖော်ပညာကျော်တို့ ဗလာနတၳိချောတိတိလည်း ဖြစ်လတ္တံ့။

(၁၁) ပညာရှိပျောက် ရခိုင်ပြည်မှာ ဘေးကြီးရောက် များစွာလူဆိုး ဖြစ်လတ္တံ့။

(၁၂) သူမြတ်သားကိုမနာလို ဝန်တိုစိတ်ဆိုး များလတ္တံ့။

(၁၃) သူမြတ်ကိုကား နိမ့်ရာထားလို့ လူဆိုးစိတ် ရောက်လတ္တံ့။

(၁၄) လူကြီးကိုကား နိမ့်ရာထား မင်းကားချီးမြှောက် သူငယ်ရောက်ကာ အထောက်အပံ ပြုလတ္တံ့။

(၁၅) ဘုရားတရားစောင့်သူများ ရန်မျိုးကပ်ကြီး လွတ်လတ္တံ့။

(၁၆) ဘုရားတရား မစောင့်ငြား ရန်မျိုးကပ်ကြီး သင့်လတ္တံ့။

(၁၇) အမျိုးလေးပါး သိသူများ ဘယာဘေးကြီး လွတ်လတ္တံ့။

(၁၈) အမျိုးလေးပါး မသိငြားက ဘယာဘေးကြီး ရောက်လတ္တံ့။

(၁၉) မိခင်ဘခင် ဘုရားသရှင်ကို ကိုးကွယ်သောသူ ကျန်လတ္တံ့။

(၂၀) ရခိုင်ဂတုံး ဗမာသုံဉ်းလည်းဖြစ်လတ္တံ့။

(၂၁) ရခိုင်ဂတုံး ပြည်ရွာသုံဉ်းလည်း ဖြစ်လတ္တံ့။

(၂၂) ချင်းနှင့်ရခိုင် စားပွဲထိုင် ဗမာအောက်သား ပြေးလတ္တံ့။

(၂၃) မယူနတ်ကြီး စည်တော်တီး ကုလားဘေးကြီး သင့်လတ္တံ့။

(၂၄) ဘူးသီးတောင်နယ် ပြင်ခေါင်ကုလား စိုးလတ္တံ့။

(၂၅) ကုလားခေါင်းထက် အမာနက် အခါကိုးခါ ပွါးလတ္တံ့။

(၂၆) ကုလားကိုရှာကျောက်တော်မှာ ထိုခါတရုပ် တွေ့လတ္တံ့။

(၂၇) ဝိဇ္ဈကုတ်တောင် ပိတ္တာဖေါင် လူဘောင်ရောက်လည်း များလတ္တံ့။

(၂၈) မုသဝါဒါ ပြောဆိုကာ များစွာစားသောက် ပွါးလတ္တံ့။

(၂၉) မိဘကိုကား နိမ့်ရာထားလို့ သားကဆရာ ခံလတ္တံ့။

(၃၀) မိမယောက်ျား ထိုသူများတို့ ဒုက္ခဘေးကြီး တွေ့လတ္တံ့။

(၃၁) ရက္ခပူရ ပြည်ဓညမှာ မိမများစွာ လက်ကောက်ခြီချင်း ကျွတ်လတ္တံ့။

(၃၂) ထိုသို့မိမ က္ကုတၳိယ(ခပဇာ) ထ္မင်း ချက်လတ္တ့ံ။

(၃၃) ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာလည်း ဗလာနတၳိ ချောတိတိလည်း ဖြစ်လတ္တံ့။

(၃၄) ရက္ခပူရပြည်ဓညမှာ မဝ ဝမ်းစာ ဖြစ်လတ္တံ့။

(၃၅) မြို့သားလူနတ် လူသူမြတ်တို့ သားမယားစားဖို့ မျိုင်ချေထိုခါ ထိုးလတ္တ့ံ။

(၃၆) အကျၤ ီမဟုတ် ကုလားခြုပ်လည်း ဝတ်လတ္တ့ံ။

(၃၇) သငေ်္ဘာမဟုတ် တရကုတ်နှင့် စီးသူများစွာ ပွါးလတ္တံ့။

(၃၈) ယောကျ်ားမပီ လူဗလီလည်း များလတ္တ့ံ။

(၃၉) အကျၤ ီလက်ပေါ် လူလက်ပေါ်လည်း များလတ္တ့ံ။

(၄၀) မိမမတရား လင်မျှောင်ထားလည်း များလတ္တ့ံ။

(၄၁) အပျိုကညာ ရတနာတို့ အသရေမလုံ ရူပါရုံနှင့် သားမြတ်ပေါ်အောင် ပြလတ္တ့ံ။

(၄၂) မိမမတရား ကျင့်ဖေါက်ပြား၍ စီးပွါးကုန်သည် လုပ်လတ္တံ့။

(၄၃) ထိ်ုသည်မိမ ဖွါးသည်သားက သူခိုးဓါးမြ များလတ္တံ့။

(၄၄) ထိုသည်မိမ ဖွါးသည်သားက လူလိမ်လူညာ များလတ္တ့ံ။

(၄၅) တောင်ကအောက်ချင်း ပြားကိုဆင်း အောက်ချင်းဖေါ်ရွီ ရှာလတ္တ့ံ။

(၄၆) ကျေဇူးမသိ လူဒိဌိလည်း များလတ္တ့ံ။

(၄၇) ဘုရားပြကာ စီးပွါးရှာ အရှောင်စားလည်း များလတ္တ့ံ။

(၄၈) ဂတုံးရိပ်ခါ သင်္ကန်းဝါဆို ထိုပြည်ရဟန်း ပွါးလတ္တ့ံ။

(၄၉) ကျောင်းထိုင်သံဃာ သင်္ကန်းဝါ ဘဏ္႑ာစုလည်းများလတ္တံ့။

(၅၀) ပိဋကတ်သုံးဖုံ မလုံခြုံ ငြင်းခုံ ဖြစ်လတ္တံ့။

(၅၁) သိက္ခာမစုံ မလုံခြုံ သူတုံနိမ့်လည်း များလတ္တံ့။

(၅၂) စားပြီးအိပ်နေ ဘိက္ခဝေ ကျောင်းစရိုက်မရ ဒေါသထွက်လည်း များလတ္တံ့။

(၅၃) ဘုန်းကြီးမတရား ကျောင်းကြီးစားလည်း များလတ္တံ့။

(၅၄) ဘုန်းကြီးယောင်ယောင် ကျောင်းတဆောင်နှင့် မင်းခေါင်ဆရာလည်း များလတ္တံ့။

(၅၅) ဆေးအိုးတပြောင်ပြောင် ကွမ်းယာဆောင် ယပ်တောင်ကားကား များလတ္တ့ံ။

(၅၆) သင်္ကန်းမပီ ဧကသီနှင့် ဒုဿီရှင်များ ငွေကြေးစားလည်း များလတ္တ့ံ။

(၅၇) မင်းဝယ်ခယ အကျင့်ယွမ်း ရှင်ရဟန်းလည်း များလတ္တ့ံ။

(၅၈) သေရည်အရက် ကြက်ခြံဝက်နှင့် သောက်လတ္တ့ံ။

(၅၉) မိမများနှင့် စကားမြူးထူး ရဟန်းရူးတို့ များလတ္တ့ံ။

(၆၀) လူနှင့်မခြား ငွေကြေးစားလည်း များလတ္တ့ံ။

(၆၁) မင်းတွင်ခစား ပေါက်လွတ်ထား ရှင်စော်ကားလည်း များလတ္တ့ံ။

(၆၂) ကျောင်းအောက်တွင်တက် ပုခက်တွဲလွဲ များလတ္တ့ံ။

(၆၃) ရဟန်းချင်းချင်း တရားထိုခါ တွေ့လတ္တ့ံ။

(၆၄) အရေးကြီးရဟန်း တက္ကဒွန်းကို ပယ်လတ္တ့ံ။

(၆၅) ရက္ခပူရ ပြည်ဓညတွင် မြတ်စွာဗုဒ္ဓ ကိုယ်စားလှယ်လည်း တောင်သာယာက ရောင်ဝါထိုခါ ပြလတ္တ့ံ။

(၆၆) နတ်တို့ဖူးပြန် ကန်တော့သံကို ရခိုင်အမှန် ကြားလတ္တ့ံ။ 

(၆၇) ဝေသာလီတောင်တွင်း ခြေတော်ရင်းက စောင်းညှင်းတူရိယာ တီးလတ္တ့ံ။

(၆၈) ရက္ခပူရ ပြည်ဓညမှာ သာသနာရောင်တပြောင်ပြောင် နေလပမာ ထွန်းလတ္တ့ံ။

(၆၉) ဥတ္တရမဓုရ ပြည်ရက္ခတွင် အကျင့်ထူးဆန်း သီလပန်းနှင့် ရဟန်း-၉-ပါး ပေါ်လတ္တ့ံ။

(၇၀) သာသနာ့ဒါယကာ ပေါများစွာတို့ သဒ္ဒါရွှင်လန်း ဖြစ်လတ္တ့ံ။

(၇၁) ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာနှင့် ဆန်ရေစပါး ပွါးလတ္တ့ံ။

(၇၂) ရခိုင်ပြည်သူ ခပ်သိမ်းသူတို့ မေတ္တာတရား ပွါးလတ္တံ့။

(၇၃) ရက္ခပူရ ပြည်ဓညတွင် ဘာဝနာကမ္မဌာန်း စီးဖြန်းသောသူ များလတ္တ့ံ။

(၇၄) ငပြီဗဒုန်း မြို့ကိုဖုန်းကာ စစ်တွေမြို့ကြီး ပျက်လတ္တ့ံ။

(၇၅) မြစ်ဆိပ်ကမ်းနား နေသူများလည်း ဒုက္ခဘေးကြီး တွေ့လတ္တ့ံ။

(၇၆) ကုလားတန်ဖျား ရွာအများကို အပိုင်ကုလား သိမ်းလတ္တံ့။

(၇၇) သာသနာရောင်ဝါ ထွန်းသောခါ ဘူးသီးတောင်မှာ ပြင်ခေါင်ကုလားပြိုလတ္တ့ံ။

(၇၈) ဂစၦပနဒီ မြစ်ညာဆီက ရေမင်းထိုခါ ပေါက်လတ္တ့ံ။

(၇၉) ရက္ခပူရ ပြည်ဌါနတွင် ရှေ့နောက်မြော်မြင် ပညာရှင်တို့ များစွာထိုခါ ပေါလတ္တ့ံ။

(၈၀) ပညာရှိရောက်ခါ တိုင်းပြည်ရွာမှာ သာယာဝ ဖြိုးဖြစ်လတ္တ့ံ။

(၈၁) ငြိမ်းချမ်းတိုင်းပြည် ရှိတုန်လေ စစ်သည်များစွာ နာလတ္တ့ံ။

(၈၂) စစ်သည်နာပြီး စည်တော်တီး ဘုမ္မိနေရောက် တောက်လတ္တ့ံ။

(၈၃) ဘိုရမနတ်ကြီး စည်တော်တီး ပြည်ကြီးအောင်လံ ထူလတ္တံ့။

(၈၄) နတ်မောင်းတီးခါ မိစၦာတို့ မှတ်ချက်ထိုခါ ပျက်လတ္တ့ံ။

(၈၅) ဘောင်းဒွတ်နတ်ကြီး စည်တော်တီးက ပြည်ကြီးသာယာ ဖြစ်လတ္တ့ံ။

(၈၆) မျက်စိမျက်ဆံ ကုလားတန်က လွန်ပျံထိုခါဝဲလတ္တ့ံ။

(၈၇) တချို့မယုံ တချို့ယုံ ငြင်းခုံထိုခါ ဖြစ်လတ္တ့ံ။

(၈၈) ဝိဇ္ဖာယောင်ယောင် သီလကြောင်လည်း များလတ္တံ့။

(၈၉) ဘုန်းကြီးတန်းကြီး အသီးသီးတို့ ပူဆွေးဒုက္ခ ဆိုက်လတ္တ့ံ။

(၉၀) ရက္ခပူရ ပြည်ဌါနမှာ လိမ်လည်မတရား ထိုသူများလည်း ဒုက္ခဘေးကြီး သင့်လတ္တံ့။

(၉၁) ရခိုင်ဌါန ပြည်ဓညမှာ ဂုမ ်ဘန်တထောင် ထွက်လတ္တ့ံ။

(၉၂) ဂုမ ်ဘန်ထွက်ခါ လူမိစၦာတို့ ဘယာဘေးကြီး ဆိုက်လတ္တ့ံ။

(၉၃) အရှေ့ထောညက် အနောက်ပျက် မုချထိုခါဖြစ်လတ္တ့ံ။

(၉၄) အလယ်တရိုး ရခိုင်ပြည်မှာ ရွှေထီးမိုး ဂုဏ်တချို့လည်း တက်လတ္တံ့။

(၉၅) ရွှေငွေအသပြာ စုထားတာလဲ အိမ်တိုင်ရာရောက် ပွါးလတ္တ့ံ။

(၉၆) ရက္ခတိုင်းပြည် ချဲ့ထွင်လေ လူတွေအထွတ် မြတ်မဟာကို ထိုခါတရုတ်ပို့လတ္တံ့။

(၉၇) တရုတ်ဝင်တိုက် သက္ကရာဇ်ကို တွေ့သစ်သချၤာ(အတြိနဝ)မည်ရ သိစက် ပြချဝေါဟာ လေသာသငေ်္ဘာ ဖောင်နှင့် မျှော၍ သွင်းပြာအင်းဝ ဝင်လတ္တ့ံ။

(၉၈) အင်းပေါက်ဝဝင် မှိုင်းလျှင်ပျက်ပျက် ကသီမဟု ကမ်းမှလကျ်ာ နမကွဲရှိ သိရိချောင်းဖျား ဒဿရာဇာ သိမ်တော်ရင်းမှာ တကာကိုးကွယ် ထားလတ္တ့ံ။

(၉၉) တရုတ် ကုလား အချိန်စေ့သော် ရခိုင်ဘုရင်စကြာမင်းကို မေစန္ဒီဟု သမီးကညာတပါး ဆက်လတ္တံ့။




သူယျာဇေ



စာကိုး-

ဦးရွှေစံပြုစုသည့် ရခိုင်သမိုင်းအလင်းပြကျမ်း

အသျှင်က္ကန္ဒာစက္က-ဗေဒင်နှင့် သမိုင်းသုတေသီ- ၉၉-လတ္တံ့ (ရခိုင်ကျောက်ရိုး မဟာရာဇဝင်မှ ကောက်နှုတ်ချက်)


.