Friday, March 22, 2019

သားကြီးသံကိုးမောင်းဘားသို့အိတ်ဖွင့်ပီးစာ


သားကြီးသံကိုးမောင်းဘားသို့
===================
ဂျော်ဂျီ(ရခိုင်ပြည်)
(၁၂.၁၂.၂၀၁၂)နိ့၊ ဒေနိ့စော် မင်းအသက် ၇-နှစ်ပြည့်ရေနိ့ အေနိ့ကပင်စလို့ အယင်ခေါက်က မပြောခရေစကားတိ အဘာသျှေ ပြောရဖို့ဗျာလ်ဝေး ``ဘဝမာ ရခိုင်သားဖြိုက်ရစော် ဂုဏ်ယူလိုက်ပါသားကြီး´´ အဘာသျှေရို့လူမျိုးစော် ဟိုး••••••သမိုင်းတခေတ်မတိုင်ခင်ကပင် ကိုယ့်ဘာသာ ကိုယ့်စကား ကိုယ့်ယိုင်ကျေးမှူးနန့် ကိုယ့်ရီ ကိုယ့်မြွီမာ ခခမ်းနနား မမြင့်မမား နီခကတ်တေလူမျိုးဆိုစော် မင်းသိတန်သလောက် သိခပြီးဗျာလ် ယေဒါလေ့ မင်းနန့်တွိတိုင်း ငါပြောဖြိုက်တေပိုင် ``အဂုချိန်ဇာဖြိုက်နီလဲ´´ဆိုစော်က ပိုအရီးကြီးရေ သားကြီး မင်းစာမသင်ခင်ကပင် ပြောဖြိုက်တေ #သွီးမြစ်ဖြစ်လားရေ မြောက်မြို့ဟောင်းက ဆောင်းတစ်ညည့်´´ အကြောင်းကို မင်းအသက် အရွယ်မာ ဒေထက်ကြီးရေ နှလုံးသားနန့် ခံစားနိုင်ဖို့ရာ ဒေအကြောင်းကို ပြောဖြိုက်တိုင်း အရောင်တောက်လာရေ မင်းမျက်လုံးတိကို ငါယုံရေဝေး။
•••••ငါရို့အချေခါ စကားပြောလို့ ``အောက်သား´´ အသံအစိကေရောလို့ပါကေ ဘေးမာဟိစွာနန့်လက်ရွှဲ့သတ်တေ မင်း``ဖီးဖီး´´ ကိုမင်းမတွိဖူးလိုက် ရခိုင်စကားကို ရခိုင်သားတိ ပပိုက်နနစ်မပြောတတ်တေ ဒေခေတ်မာလူဖြိုက်လာရရေ သားကြီး။ မင်းစကားပြောတတ်ခါစ ``အန်ဒမာရီ´´နောက်ကို လက်ညိုးထိုးပနာ ``အိမ်မြှောင်ဒုံးဖားကြီး´´လို့ ပြောရေနိ့ကပင်စလို့ မင်းကို စိတ်ချလားယာဝေး #အဂုသင်နီရေစာ အသူ့စာလဲ မင်းသိလခဗျာလ်
#အဂုနီရေမြို့ အသူပိုင်လဲ မင်းသိလခဗျာလ်
``ယကေဇာလုပ်သင့်လဲဆိုစော် မင်းနားလည်လာဖို့ရာ´´။
••••အဖီးထွန်း အဖိုးသျှင်အုန်း ရို့ထားခရေ သမိုင်းပီး ဂုတ်ပိုးအိပ်ကို လွယ် အယင်ခေတ် ကကြီး၊ခငေနန့် အေဘီစီဒီ ခရီးရှည်ကို Cyber Land မာ ကုန်းကြောင်းနှင်လီသားကြီး။
ဆီးပညာလောကထဲက မင်းအဖိုး မင်းကို ဆီးလောကသားတစ်ယောက် ကကောင်းဖြိုက်စီချင်ရေ ယကေလေ့ မင်းက လီပျံပိုင့်လော့ရာဖြိုက်ချင်ရေ မဖြစ်နိုင်စော်မဟိ မဖြစ်သိစော်ရာ ဟိရေ ကြိုးစားသားကြီး လီပျံပိုင့်လော့ ဖြစ်တောင်မကသိလို့ ``ဘဲငါးရာ အာကသစခန်း၊ ငဗြီကျွန်နိုင်ငံတကာလီဆိပ်၊ရမ်းဗြဲလီကြောင်းတက္ကသိုလ်ဇုန်း´´ကိုလွန်ဗျာလ် ရခိုင်လီကြောင်း ကာကွယ်ရီးတပ်မဟာ``မာ´´စစ်သေနာပတိ ဖြိုက်အောင် ကြိုးစားလီဝေး။
#ဖဗြုတ်ကေ၊ ငပျင်းထွေဝတ္ထုနန့် ဒေအသက်ရွယ် ရောက်လာရေသားကြီး
#အစိမ်စိပ်ကေနန့် ပြိုင်းပေါက်ခရေသားကြီး
#ဒိုးအ်ရီ ဗီဇနန့်မှ အိပ်ရာဝင်ရေသားကြီး
#ဝင်းကိုခိုင် တေခြင်းနန့်မှ အငိုတိတ်တေသားကြီး
#မဟာမုနိကို ယက်ပြတ်လားဖို့တောင်းရေသားကြီး
#ဂီရိမုန်တိုင်းကို တွိဖူးလိုက်တေသားကြီး
#ရွင့်ပြာသတ်မျိုးတိ(•••••••)အားမနာစော်ကို နဖူးတွိ ဒူးတွိ မြင်ဖူးလိုက်တေသားကြီး
#ထမင်းညီးယာလားကို ဟန်နန့်ပန်နန့် ဆိုဖို့တတ်တေ သားကြီး
#ရစော်ကိုလွယ်ဗျာလ် ဗြိန်းစောင် တီးတတ်တေသားကြီး
#ကျောက်တော်တောင်က မျောက်တိ လက်မြှောက်ရရေသားကြီး
မင်းအဖိုးထက်ပညာသျှင်ဖြိုက်အောင်၊မင်းအဖထက်ပညာတတ်ဖြစ်အောင် ကြိုးစားပနာ ငါ့ထက် အမျိုး၊ဘာသာ၊သာသနာကို စောင့်ယှောက်နိုင်ရေ ရခိုင်သားကောင်းတယောက် ဖြိုက်ပါစီလို့ အဘာသျှေ ဆုတောင်းပီးလိုက်တေ။

  မင်းအဘာသျှေ
  ဂျော်ဂျီ(ရခိုင်ပြည်)
  (၁၂-၁၂-၂၀၁၂)
Credit: Sir