Saturday, March 30, 2019

ရခိုင်ရိုးရာအက ယိမ်း (၃၂)မျိုး

ယခုခေတ် ရခိုင်လူငယ်များနန့် အလှမ်းဝီးလာသော
ရိုးရာယဉ်ကျေးမူထဲမှ ရခိုင်ရိုးရာအက ယိမ်း (၃၂)မျိုး
==================================
၁၉၆၆ ခုနှစ်မှ စ၍ ရခိုင်ရိုးရာများကိုပြန်လည်တစ်ဖန်
ထုတ်ဖော်ခွင့်ရှိလာခဲ့ပြီး (၁၉) နှစ်မြောက် ပြည်ထောင်စုနေ့မှစပြီး းရခိုင်ရိုးရာ ယိမ်းသီချင်းများနှင့် ကကွက်များကို ပြန်လည်တင်ဆက်ကပြခွင့်ရခဲ့ကြ၍
ယိမ်းသီချင်း နှင့် ယိမ်းအက (32)ပိုဒ်ကို ထုတ်ဖော်ကပြ ဖော်ထုတ်ခဲ့ကြသည် ။
ယင်းအက/သီချင်းများ အမည်မှာ ..........
(၁) သျှိုင်ဒိုင်ယိမ်း အက နှင့် သီချင်း
(၂)ဗုဒ္ဓပူဇေနိယယိမ်း အက နှင့် သီချင်း
(၃)အဇိန်ဇိတ်ကေယိမ်း အက နှင့် သီချင်း
(၄)ရထားပန်းယိုင်ဆွဲကတ်မေယိမ်း အက နှင့် သီချင်း
(၅)ဇမ်းယိမ်း အက နှင့် သီချင်း
(၆)ကင်းယိမ်း အက နှင့် သီချင်း
(၇)ရွှီပန်းတူငွှီပန်းပြောက်ယိမ်း အက နှင့် သီချင်း
(၈)အယသမင်္ဂီယိမ်း အက နှင့် သီချင်း
(၉)ယိုင်းယိမ်း အက နှင့် သီချင်း
(၁၀)မယိမ်တက်ယိမ်း အကနှင့် သီချင်း
(၁၁)ရိုးရာလှီပြိုင်ပွဲယိမ်း အကနှင့် သီချင်း
(၁၂)ထမင်းထောင်ပန်းထောင်ယိမ်း အက နှင့် သီချင်း
(၁၃)ပိုးဝါယိမ်း အက နှင့် သီချင်း
(၁၄)ရခိုင်ကျင်ယိမ်း အက နှင့် သီချင်း
(၁၅)ကျောက်ရိုးယိမ်း အက နှင့် သီချင်း
(၁၆)ဇိချင်ယိမ်း အကနှင့် သီချင်း
(၁၇)ဒိုးယိမ်း အကနှင့် သီချင်း
(၁၈)အခါတော်ယိမ်း အက နှင့် သီချင်း
(၁၉)အကျွန်ရို့အချေခါယိမ်း အက နှင့် သီချင်း
(၂၀)ရိုးရာထုံးဖွဲ့ယိမ်း အက နှင့် သီချင်း
(၂၁)ဆီမီးထောင်ပန်းထောင်ယိမ်း အက နှင့် သီချင်း
(၂၂)ရခိုင်လယ်သမားယိမ်း အက နှင့် သီချင်း
(၂၃)အမင်သားချေယိမ်း အက နှင့် သီချင်း
(၂၄)ရခိုင်တန်ဆောင်ယိမ်း အက နှင့် သီချင်း
(၂၅)ရိုးတောင်ရိပ်ကသာခြင်းသံယိမ်း အက နှင့် သီချင်း
(၂၆)စာဆိုအမွီထွန်းပြောင်လီယိမ်း အက နှင့် သီချင်း
(၂၇)နန်းတွင်းမိညိုယိမ်း အကနှင့် သီချင်း
(၂၈)ရိုးမရံစီရခိုင်မြီယိမ်း အက နှင့် သီချင်း
(၂၉)ရွေ့သီခြင်းသံသာယိမ်း အက နှင့် သီချင်း
(၃၀)စည်ကြီးဗြိန်းစောင်ယိမ်း အက နှင့် သီချင်း
(၃၁)ဆံတော်ဇီရှင်ဖူးဂတ်မေယိမ်း အကနှင့် သီချင်း
(၃၂)ပတ္တမြားဒေဝီစိုးမဲကျီယိမ်း အက နှင့် သီချင်း
ရှိကြောင်းလေ့လာတွေရှိသည်
ယခုချိန်မှာ နောက်ထပ် အသစ်ယိမ်းများပေါ်ပေါက်လာသလို ယင်းယိမ်းအကများမှ (6) ပုဒ်လောက်သာယနေ့ချိန်ချိန်ထိ  လူငယ်များနှင့် အဆက်မပြတ်ခဲ့သော်လည်း
ကျန်ရှိသော ရိုးရာယိမ်းများမှာ ယနေ့လူငယ်များ နှင့်
အလှမ်းဝေးကွာနေပြီးဖြစ်နေသည်မှာ ယဉ်ကျေးမူတစ်ခု
အနုတ်လက္ခာအသွင် ဝမ်းနည်းဖွယ်တွေ့မြင်နေရသည် ။
ယဉ်ကျေးမူတစ်ခု တိုးတက်ဖွံဖြိုးခြင်း ဆိုသည်မှာ
ခေတ်နန့်အညီ ဆန်းသစ်တီထွင်မူ အရေးကြီးသလို
ရှိပြီးသား ယဉ်ကျေးမူအမွေအနှစ်များကို
ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ ထုတ်ဖော်ပြသခြင်းလည်း
လွန်စွာ အရေးပါလှပေသည်
ခေတ်နဲ့အညီ ဆန်းသစ်သော ရိုးရာယိမ်းများ တီထွင် သီဆို
ကပြနေကြသလို
ရှိပြီးသားယိမ်းများကိုလည်း ပြန်လည်ဖော်ထုတ်ဖော် ၊ပြသ၊ ကပြ၊ ထိန်းသိမ်း ကြရမည်မှာ ရခိုင်ယဉ်ကျေးမူကိုချစ်မြတ်နိုးသူ ရခိုင်သူ ရခိုင်သား အားလုံးမှာ တာဝန်ရှိသည်။
ယင်းကြောင့်လေ့လာတွေ့ရှိသလောက် အကများအကြောင်း သမိုင်းကို ရခိုင်ယဉ်ကျေးမူကို ချစ်မြတ်နိုးသူတစ်ယောက်အနေ ဖြင့် ဖော်ထုတ်တင်ပြလိုက်ပါသည်

၁၉၈၇ ခုနှစ် ဖေ ဖဝါရီလထုတ် #ရိုးရာရခိုင်သီချင်းများ စာအုပ်မှ ယိမ်းများအကြောင်း/ပုံ များကို
ကူးယူဖော်ပြလိုက်ပါသည်။
#crd
#RathaAung